Third Eye For Third Door မှ ကြိုဆိုလိုက်ပါတယ်။
1,217 Pageviews
1,217 Pageviews နေ့စဉ် သတင်းအချက်အလက်များ၊ ဗဟုသုတများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်ဖတ်ရန်နှိပ်ပါ။1,217 Pageviews
1,217 Pageviews နေ့စဉ် သတင်းအချက်အလက်များ၊ ဗဟုသုတများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်ဖတ်ရန်နှိပ်ပါ။693 Pageviews
693 Pageviews ရွက်ဖျင်တဲထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်နေရင်း ရုတ်တရက်လန့်နိုးလာတယ်။ ဘာသံမှကြားလို့မဟုတ်ဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာတောထဲမှာ သတိနဲ့လူသားစားကျားတွေကိုရင်ဆိုင်နှိမ်နင်းခဲ့တဲ့ အတွေ့အကြုံအရ အန္တရာယ်ဟာ လက်တစ်ကမ်းအကွာမှာရောက်နေတယ်ဆိုတာကို သိလိုက်တယ်။ အိပ်ရာဘေးမှာကျည်ထည့်ပြီးအဆင်သင့်မောင်းထိုးထားတဲ့ရိုက်ဖယ်သေနတ်ဆီလက်ကအလိုလိုရောက်သွားချိန်မှာပဲ ရွက်ဖျင်တဲအဝကနေ “မလှုပ်နဲ့” ဆိုပြီးအမိန့်ပေးတဲ့အသံကိုကြားလိုက်ရတယ်။ ကျနော့်ရွက်ဖျင်တဲအဝမှာ အရိပ်တစ်ခုကမားမားမတ်မတ်ရပ်နေပါတယ်။ လက်ထဲမှာ ၁၂ ဗို့သေနတ်ကကျနော့်ဆီကိုချိန်ထားပါတယ်။ ဗိုလ်ဂေါ်ပြားရောက်နေပါပကော။ ကောဗရီမြစ်နားက ချိုင်နားမြစ်ကမ်းဘေးရှိ ၁၂ ဧကရှိတဲ့ကျနော့်ရဲ့စိုက်ခင်းကိုအလည်သွားချိန်မှာ ကျနော့်ရဲ့စိုက်ခင်းစောင့်’ရမ်ဂ’က ခြံထဲမှာရွက်ဖျင်တဲမထိုးပဲ သူနဲ့လာအိပ်ဖို့ခေါ်ပါတယ်။ ဆင်ဆိုးရှိတယ်ဆာဟစ် (Sahib ဆိုတာသခင်/အကြီးအကဲလို့ ကိုလိုနီခေတ်ကလေးစားသမှုနဲ့ခေါ်တာပါ) တစ်ယောက်တည်း Tent ထိုးအိပ်ရင်အန္တရာယ်များတယ်။ ဆင်ဆိုးရှိကြောင်းမကြားမိသလို ဒီအချိန်ဟာဒီချိုင်နားမြစ်ထဲမှာရေတစ်စက်မှမရှိတဲ့နွေရာသီဖြစ်ပြီး ဆင်တွေကကောဗရီမြစ်ဖက်မှာပဲရှိတဲ့အချိန်ပါ။ နောက်ဆုံးတော့ရမ်ဂက အသံခပ်အုပ်အုပ်နဲ့ Mumptyvayan ဗိုလ်ဂေါ်ပြားဒီနားမှာရှိနေတယ် ဆာဟစ်လို့ပြောပါတယ်။ ဟာ … အဆင်ပြေတာပေါ့။ မန်မတီဗရမ်း Mumptyvayan ဗိုလ်ဂေါ်ပြားကိုငါတွေ့ချင်တယ်လို့သွားပြောလိုက်ကွာ။ အမလေး … ဆာဟစ်သခင်ရယ် ကျနော်ကတောပုန်းဓားပြဗိုလ်နဲ့ ဘယ်လိုလို့ပတ်သက်မှာလဲလို့ သူ့ကိုယ်သူအရိုးသားဆုံးလူတစ်ယောက်ပုံနဲ့ ရမ်ဂကပြန်ဖြေပါတယ်။ တကယ်တော့ရမ်ဂကလည်းခေသူမဟုတ်ပါ။ ထောင်ကျဖူးသူပါ။ အမှုကတော့သူ့ပထမမိန်းမကိုသတ်မှုပါ။ အဲ့ဒီအမှုမှာသူသတ်တယ်ဆိုတာ ရဲကသဲလွန်စဖော်လိုက်နိုင်ပြီး ကံကောင်းလို့ကြိုးပေးမခံရတာပါ။ ဒုတိယမိန်းမမှာတော့ သူနဲ့ပြဿနာတက်ချိန်မှာ လက်စမပေါ်ပဲသူရှင်းလိုက်နိုင်ပါတယ်။ ရဲကသူ့မိန်းမရဲ့ဦးလေးကိုခေါ်စစ်လေရဲ့။ ဒီလိုပဲ တောမှာကတော့ ဘယ်သူမှမျက်မြင်သက်သေမရှိတော့ မိန်းမနှစ်ယောက်စလုံးကို သူသတ်တယ်လို့ပဲသံသယရှိကြပြီး ဘယ်သူမှတပ်အပ်မပြောနိုင်ဘူးမလား? အဲ … ရမ်ဂကတတိယမိန်းမကိုတော့မသတ်ဘူးခင်ဗျ။ စတုတ္ထမိန်းမထပ်ယူပြီး သူတို့အချင်းချင်းနောင်ဂျိန်သတ်ခိုင်းလိုက်တယ်။ သူက နံပါတ် ၅ နဲ့အလုပ်ရှုပ်နေလေရဲ့။ရမ်ဂက အဲ့လိုအကောင်။ တောရွာတွေမှာကဆင်းရဲတော့ ရမ်ဂလိုအလုပ်ကလေးအကိုင်လေးနဲ့အကောင်အတွက် မိန်းမပေါပါတယ်။ ကျနော်တို့ကသာ မိန်းမတစ်ယောက်နဲ့လုံးလည်ချာလည်လိုက်နေတာ ရမ်ဂအတွက်ကတော့ မိန်းမထပ်ရှာတာ ခေါက်ဆွဲစားချင်လို့ instant noodle ယမ်ယမ်ခေါက်ဆွဲထုပ်ဖောက်ပြီးပြုတ်ရသလောက်မကြာပါ။ ထားပါတော့ … စောနကအကြောင်းပြန်ဆက်ရရင် မန်မတီဗရမ်းဆိုတာ ဗိုလ်ဂေါ်ပြားလို့အဓိပ္ပာယ်ရပါတယ်။ ဗိုလ်ဂေါ်ပြားမှာနားထင်အထိကော့ထောင်နေနဲ့မုတ်ဆိတ်မွေးနှစ်ဖက်ရှိပြီး နဖူးပြောင်တာကြောင့် ဂေါ်ပြားရုပ်ပေါက်နေလို့ပါ။ 🇮🇳 အိန္ဒိယအစိုးရရဲတပ်ဖွဲ့ရဲ့ဝရမ်းပြေးစာရင်းထဲမှာဒီလိုရေးပါတယ်။ နာမည်အရင်းSelvaraj အသက် ၃၆ နှစ်၊ အရပ် ၅ ပေ ၇ လက်မ၊ ညာမျက်လုံးထောင့်ကနေနားရွက်အထိ ထင်ရှားတဲ့အမာရွတ်ရှိလို့ မှတ်တမ်းတင်ထားပါတယ်။ ဒါပေမယ့် အိန္ဒိယရဲမှတ်တမ်းမှာမပါတာက ဗိုလ်ဂေါ်ပြားဟာမရှိဆင်းရဲသားတွေရဲ့ချစ်ခင်လေးစားခံရတဲ့ အိန္ဒိယတောင်ပိုင်းကရော်ဘင်ဟုတစ်ယောက်ဆိုတဲ့အချက်ပါပဲ။ ဗိုလ်ဂေါ်ပြားဟာချမ်းသာပြီးလောဘကြီးတဲ့လူကုံထံတွေကိုသာရွေးဓားပြတိုက်ပြီးမရှိဆင်းရဲသားတွေကိုဝေငှပေးနေသူပါ။ အိန္ဒိယမြောက်ပိုင်းမှာရော်ဘင်ဟုအဖြစ် ဗိုလ်ဂေါ်ပြားထက်နာမည်ကြီးတာကတောပုန်းကြီးမန်ဆင်းပါ။ (တောပုန်းကြီးမန်ဆင်း Man Singh အကြောင်းကိုတော့ ၁၉၇၅ ခုနှစ်မှာ Sholay ရှိုးလေးဆိုပြီးရုပ်ရှင်ပြန်ရိုက်ထားကာ မင်းသားကြီးအမိတာဘဂျမ်းက Jai အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဟိုခေတ်ကရုပ်ရှင်ရုံပြည့်ရုံမကရုံလျှံခဲ့တဲ့ မြန်မာတွေအကြိုက်ဇာတ်ကားတစ်ကားပါ။) အခုဗိုလ်ဂေါ်ပြားအကြောင်းဆက်ရရင် သူ့အကြောင်းခဏခဏကြားတာရယ် ကျနော်ကလည်းဒီနယ်မှာတကိုယ်တည်းသွားလာနေသူဆိုတော့ သူနဲ့တွေ့ဖူးချင်ပါတယ်။ တစ်ခါကဆည်ဆောက်ရန်တိုင်းတာဖို့ မျက်နှာဖြူအင်ဂျင်င်နီယာတစ်ယောက်နဲ့သူ့ကိုယ်ရံတော်အစောင့်တစ်ယောက်ရောက်လာပါတယ်။ ကျနော်ကသစ်တောတွေကိုရှင်းပြီးဆည်ဆောက်တာမကြိုက်တာနဲ့ သွားတွေ့ပါတယ်။ အဲ့ဒီလိုသွားတွေ့ချိန်မှာ မျက်နှာဖြူအင်ဂျင်နီယာရဲ့လက်နက်ကိုင်အစောင့်နဲ့တွေ့တော့ဗိုလ်ဂေါ်ပြားအကြောင်းစကားစပ်မိပြီး ကျနော်ကဗိုလ်ဂေါ်ပြားကိုမြင်ဖူးချင်ကြောင်းပြောပြမိပါသေးတယ်။ မျက်နှာဖြူအင်ဂျင်နီယာက သူလည်းစိတ်ဝင်စားပြီးတွေ့ဖူးချင်ကြောင်းကျနော်တို့ကိုရယ်ရယ်မောမောဝင်ပြောပါတယ်။ အမလေး … ဆာဟစ်သခင်ကြီးတို့ရယ် ကျနော်ကသူနဲ့တွေ့မှာကြောက်လွန်းလို့။ အန္တရာယ်များပါဘိသနဲ့တွေ့ဖို့မကြိုးစားပါနဲ့လို့ အစောင့်ကပျာပျာသလဲပြောဆိုပါတယ်။ ကျနော်ကတော့ဒေသခံတွေသူရဲကောင်းလို့ပြောနေတဲ့ ရော်ဘင်ဟုတစ်ယောက်ကိုကိုယ်တွေ့မိတ်ဖြစ်ဆွေဖြစ်တွေ့ဖူးချင်တာပါ။ ဟော … ကျနော်တွေ့ဖူးချင်တဲ့ ဗိုလ်ဂေါ်ပြားဟာ ကျနော့်ရွက်ဖျင်တဲဝမှာရောက်နေပါပြီ။ လသာတဲ့ညမို့ ဗိုလ်ဂေါ်ပြားကိုရွက်ဖျင်တဲဝမှာသေသေချာချာမြင်ရပါတယ်။ ကာကီရှပ်အင်္ကျီနဲ့ ခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွေးကားကားကြီးနဲ့ ကျည်ဆံခါးပတ်ကြီးကိုပခုံးသိုင်းပြီးလွယ်ထားပါတယ်။ နောက်ပခုံးတစ်ဖက်မှာမှန်ဘီလူးတစ်ခုကို လယ်သာသားရေအိတ်နဲ့ထည့်ပြီးဆွဲထားပါတယ်။ ခါးမှာဓားမြှောင်တစ်လက်နဲ့ သူ့လက်ထဲက ၁၂ ဗို့သေနတ်ကကြေးရောင်သေနတ်ပြောင်းကို လရောင်ထဲမှာလက်ကနဲတွေ့လိုက်ရပါတယ်။ “White man မျက်နှာဖြူ …. အသက်မသေချင်ရင် လက်ကိုအပေါ်မြောက်ထား၊ ရှိတဲ့ငွေအကုန်ထုတ်၊ ပြီးရင်ကြမ်းပြင်ပေါ်မှာမှောက်နေ၊ လုံးဝမော့မကြည့်နဲ့ သေသွားမယ်။” ကျနော်ကသူ့ကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်ရင်း “ငါမင်းကိုသူရဲကောင်းတစ်ယောက်အနေနဲ့ကြားထားပြီး မိတ်ဆွေတစ်ယောက်အနေနဲ့တွေ့ချင်ခဲ့တာ။ အခုတော့မင်းကရဲတွေပြောသလို သူခိုးဓားပြပါပဲလားကွ!” သူကရှူးရှူးရှဲရှဲတစ်ချက်ဖြစ်သွားက သေနတ်ကိုမြှောက်ကာ မောင်းတင်လိုက်ပါတယ်။ “မင်းငါ့ကိုပစ်သတ်ရင်ပြဿနာအရမ်းကြီးသွားမယ်။ မျက်နှာဖြူတစ်ယောက်ကို မန်မတီဗရမ်းက ဓားပြတိုက်ပစ်သတ်သွားတယ်ဆိုရင် သတင်းစာတွေထဲမှာဟိုးလေးတကျော်ဖြစ်သွားပြီး တတိုင်းပြည်လုံးသိသွားလိမ့်မယ်။ အဲ့ဒါဆိုရင် မိုးမီးလောင်ပြီ။ သတင်းစာတွေကပိုပိုသာသာဖွတာနဲ့ မင်းကိုအသေရရအရှင်ရရ ရဲကဆုကြေးတိုးထုတ်တော့မယ်။ သတင်းစာကမရေးဘူးပဲထား မျက်နှာဖြူတစ်ယောက်ကိုသတ်မှုဖြစ်လို့ ရဲမင်းကြီးကလူသတ်ကောင်ကိုမဖမ်းဆီးနိုင်ရင် အရှက်အကြီးအကျယ်ကွဲပြီ။ အဲ့ဒီတော့မင်းကိုတွေ့ရာသင်္ချိုင်းဓားမဆိုင်းလိုက်တော့မယ်။ ဆုကြေးတွေတနင့်တပိုးထုတ်တော့မယ်။ မင်းကိုအခုချစ်ခင်ပါတယ်ဆိုတဲ့ မင်းအနားကလူတွေက “သိန်း ၃၀၀ ပေးရင် မောင်ကျော်ဘယ်မှာလဲဖော်မယ့်” ငွေနောက်လိုက်မယ့်အောက်တန်းစားအကောင်တွေချည်းပဲ။ ရဲကမဖမ်းဘူးပဲထားပါအုံး။ ငါ့လိုဒေသခံတွေနဲ့အတူလက်ပွန်းတတီးတသားထဲနေပြီးလူသားစားကျားရန်ကနေ သူတို့ကိုကာကွယ်နှိမ်နင်းပေးနေတဲ့သူတစ်ယောက်ကိုဓားပြတိုက်ပြီးသတ်ရင်မင်းကိုသူတို့ဘယ်လိုမြင်မှာလဲ? သူရဲကောင်းအဖြစ်လေးစားအုံးမှာလား?“ ဒီတစ်ချီမှာတော့ ဗိုလ်ဂေါ်ပြားအရှိုက်ထိသွားပါတယ်။ သေနတ်ဒင်ကိုမြေကြီးပေါ်ချထောင်လိုက်ရင်း လေသံပြောင်းသွားကာ … “ဆာဟစ်ဟာ ကျနော်ကြားဖူးသလို တကယ်သတ္တိကောင်းတဲ့သူပဲ။ အသက်ချမ်းသာပေးဖို့မတောင်ပန်၊ သေနတ်နဲ့ချိန်တာကိုနည်းနည်းမှမကြောက်တဲ့ ကျနော်ပထမဦးဆုံးမြင်ဖူးတဲ့သူပဲ။ ကျနော်ကိုမဖမ်းဖို့နဲ့ ရဲကိုသတင်းမပေးဖို့ လူကြီးလူကောင်းပီသစွာကတိပေးမလား?” “ငါကတိပေးပါတယ် မန်မတီဗရမ်း” ဆိုပီးထကာကျနော်သူနဲ့လရောင်အောက်မှာတင်းတင်းကျပ်ကျပ်လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ မနက် ၂ နာရီတိတိဆိုတာကိုသတိထားမိလိုက်ပါတယ်။ လရောင်အောက်မှာ မန်မတီဗရမ်း ဗိုလ်ဂေါ်ပြားနဲ့ကျနော်ဟာ စကားစမည်ပြောဆိုကာတစ်ယောက်အကြောင်းတစ်ယောက်မေးရင်း နှစ်ပေါင်းများစွာကရင်းနှီးခဲ့တဲ့မိတ်ဆွေရင်းတွေလိုဖြစ်သွားပါတယ်။ မန်မတီဗရမ်း ဗိုလ်ဂေါ်ပြားရဲ့နာမည်ရင်းဟာ Selvaraj ဖြစ်ပါတယ်။ ပြဿနာက သူ့အဖေနဲ့အိမ်နီးချင်းတစ်ယောက်ရဲ့ရန်မီးကစတာပါ။ ဗိုလ်ဂေါ်ပြားဟာခပ်ငယ်ငယ်ပဲရှိသေးပြီး ဒီပြဿနာထဲမှာဝင်မပါပဲ လယ်ယာလုပ်ငန်းကိုပဲစိတ်ဝင်တစားလုပ်တဲ့ ရိုးရိုးသားသားလယ်သမားတစ်ယောက်ပါ။ တနေ့ညမှာတော့ ရန်စရှိတဲ့အိမ်နီးနားချင်းက ဆွေမျိုးအချို့နဲ့ဂိုဏ်းဖွဲ့ပြီး သူ့အဖေအိမ်အပြန်မှာစောင့်ရိုက်ကာသတ်ဖြတ်လိုက်ပါတယ်။ […]
ဆက်ဖတ်ရန်နှိပ်ပါ။561 Pageviews
561 Pageviews အသက် ၄၆ နှစ်ရှိ ခရီးသွားရာဇဝင်မရှိတဲ့ ဆရာဝန်ဟာ အိန္ဒိယရဲ့ပထမဆုံးအိုမာခရွန်စတွေ့တဲ့ နှစ်ယောက်ထဲကတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီဆရာဝန်နဲ့ထိတွေ့ခဲ့တဲ့ primary contacts တိုက်ရိုက်ထိတွေ့သူ (၃) ယောက်နဲ့secondary contacts တဆင့်ခံထိတွေ့သူ (၂) ယောက်ဟာလည်း ကိုဗစ် positive လို့ဆိုပါတယ်။ အိုမာခရွန်ဟုတ်မဟုတ်မပြောသေးပါ။ မလေးရှားကျန်းမာရေးဝန်ကြီးကလည်း နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းကဝင်လာတဲ့ကျောင်းသူမှာ အိုမာခရွန်တွေ့ကြောင်းပြောပါတယ်။ သဘောက အိုမာခရွန်ဟာနေရာတိုင်းမှာပြန့်နေနိုင်ပါတယ်။ သတိဆိုတာပိုတယ်လို့မရှိပါ။ အထက်ကဆရာဝန်ဟာ အိုမာခရွန်ကို Bengaluru မြို့က ဟော်တည်မှာနိုဝင်ဘာ ၂၀ရက်နေ့က ကွန်ဖရန့်တက်စဉ်မှာကူးစက်လာပုံရတယ်လို့ ယူဆထားပါတယ်။ အခုလိုခရီးသွားရာဇဝင်မရှိတဲ့သူမှာတွေ့တာကြောင့် အိုမာခရွန်ဟာနေရာတိုင်းပြန့်နှံ့နေနိုင်တာကြောင့် Mask တပ်ဖို့၊ ကာကွယ်ဆေးထိုးဖို့ သတိပေးထားပါတယ်။ Richard Myo Thant 3-December -2021
ဆက်ဖတ်ရန်နှိပ်ပါ။571 Pageviews
571 Pageviews မလေးရှားရဲ့ပထမဦးဆုံးအိုမာခရွန်ဗီဇကွဲလူနာအဖြစ် တောင်အာဖရိကကနေ စင်ကာပူကတဆင့်လာခဲ့တဲ့ကျောင်းသူမှာတွေ့ရတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးက ဒီနေ့ဒီဇင်ဘာ ၃ ရက်နေ့မှာပြောကြားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အဲ့ဒီ၁၉ နှစ်အရွယ်ကျောင်းသူဟာ အီပိုမှာကျောင်းတက်နေတာဖြစ်ပြီး မလေးရှားကိုနိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက စင်ကာပူနေရောက်ရှိခဲ့တာပါ။ နောက်နေ့နိုဝင်ဘာလ ၂၀ ရက်နေ့မှာ RT-PCR Test လုပ်တော့ Positive ဖြစ်နေတာတွေ့ရပါတယ်တဲ့။ သူမဟာ KLIA လေယာဉ်ကွင်းကနေ အီပိုကိုဘက်စ်စကားနဲ့သွားပါသတဲ့။သူမနဲ့အတူဘတ်စ်အတူစီးခဲ့တဲ့အခြား ၅ ယောက်ကို PCR Test လုပ်တာ Negative တဲ့။ အဲ့ဒီကျောင်းသူဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ကွာရန်တင်းထွက်ခဲ့ပါသတဲ့။ တကယ်တော့ WHO က အိုမာခရွန်ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ VOC အဖြစ်ကြေညာခဲ့တာပါ။ သဘောကတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မတိုင်ခင်ကတည်းက အိုမာခရွန်ပြန့်နေနိုင်ပြီး WHO ကမကြေညာခင်အထိလည်း ဘယ်နှစ်ယောက်မြန်မာပြည်ကိုဝင်ခဲ့သလဲမသိရပါ။ ဆက်လက်စောင့်ကြည့်ပြီးအစီရင်ခံပါမယ်ခင်ဗျား။ Richard Myo Thant 3-December -2021
ဆက်ဖတ်ရန်နှိပ်ပါ။657 Pageviews
657 Pageviews တနေ့ကအဖိုးအန်တိုနီယိုဘိုလီဗာနဲ့စကားပြောဖြစ်ပါတယ်။ အဖိုးအန်တိုနီယိုဟာလက်တင်အမေရိကတော်လှန်ရေးအတွင်း ချီကွေဗားရားနောက်ကနေလိုက်ပြီး တော်လှန်ရေးလုပ်ခဲ့ဖူးသူပါ။ အဖိုးဟာ 🇲🇽မက္ကဆီကန်တော်လှန်ရေးခေါင်းဆောင် Emiliano Zapata အယ်မလီယာနိုဇာပါတာရဲ့အဆိုအမိန့်တွေကို ကျနော့်ကိုပြောပြခဲ့သူပါ။ “If there is no justice for people, let there be no peace for government. “ “ပြည်သူလူထုကိုတရားမျှတမှုမပေးတဲ့ ဘယ်အစိုးရမျိုးမဆို ငြိမ်းချမ်းရေးဘယ်တော့မှမရဘူး” တဲ့ကွ။ O avō အဖိုးမတွေ့တာကြာပြီလို့ နှုတ်ဆက်တော့ သူ့ကမင်းတို့မြန်မာပြည်အခြေအနေဘယ်လိုလဲလို့ မေးပါတယ်။ တကယ်တော့အဖိုးအန်တိုနီယိုဘိုလီဗာနဲ့ ကျနော်စသိခဲ့တာ ၂၀၁၅ ကတည်းကပါ။ သူ့မြေး ဆိုင်မွန်ဘိုလီဗာဟာကျနော့်ကိုအတော်ခင်သူပါ။ Xiah ဆိုတဲ့အွန်လိုင်းဂိမ်းတစ်ခုဆော့ရင်း သူနဲ့ကျနော်နဲ့ မိုင်နိုတောတောင်ပေါ်မှာ မိုင်နိုတောအင်ပါယာကိုသတ်ဖို့အတူထိုင်စောင့်ရင်း ဘဝအကြောင်းစကားတွေအများကြီးပြောဖူးပါတယ်။ တစ်ခါတလေမိုင်နိုတောအင်ပါယာကိုတစ်ယောက်တစ်လှည့်အပျော်သတ်ရင်း သူရယ်ကျနော်ရယ် အီဂျစ်ကဗွန်ရယ် တောင်ထိပ်က🔥မီးပုံဘေးမှာ အတူစကားထိုင်ပြောတတ်ကြပါတယ်။ ဆိုင်မွန်ဘိုလီဗာဆိုတာဘိုလီးဗီးယားတော်လှန်ရေးခေါင်းဆောင်ကြီးတစ်ယောက်ရဲ့နာမည်မို့ ရာဇဝင်မေးရင်းသူ့အဖိုးအန်တိုနီယိုဘိုလီဗာနဲ့ပါသိလာခဲ့တာပါ။ အခုလည်းအဖိုးအန်တိုနီယိုကို အဖိုးချီကွေဗားရားနောက်ကနေ လိုက်ပြီးတော်လှန်ရေးလုပ်ခဲ့တဲ့အတွေ့အကြုံတွေကိုပြန်ပြောပါဦးလို့ ကျနော်ကမေးပါတယ်။ “ဒီမှာ ရစ်ချတ် … အဲ့ဒါတွေထက် တော်လှန်ရေးအောင်မြင်ချင်ရင် မဖြစ်မနေရှောင်ရမယ့်အချက်တွေကို မင်းကိုပြောပြမယ်” လို့ သူက လေးနက်တည်ကြည်တဲ့မျက်နှာနဲ့ပြောပါတယ်။ မင်းကြားဖူးသလားမသိဘူး။ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ် ပိုင်းလော့ တစ်ယောက်ဟာ ပြင်သစ်ပြည်မှာလေယာဉ်ပျက်ကျပြီး ပြင်သစ်တော်လှန်ရေးတစ်ဖွဲ့ရဲ့ကယ်တင်ခြင်းခံရတယ်။ အဲ့ဒါနဲ့ညစာစားတော့ သူက 🍷ဝိုင်ကလေးသောက်ချင်တယ်။ ပြင်သစ်မှာဝိုင်ကောင်းကောင်းသောက်ရမယ်မှတ်ထားတာကိုး။ ဧည့်သည်မျက်နှာကိုကြည့်ပြီး ပါးနပ်တဲ့ပြင်သစ်တော်လှန်ရေးခေါင်းဆောင်က ဝိုင်ပုလင်းတွေထုတ်ခိုင်းလိုက်တယ်။ မိတ်ဆွေသောက်ပါ။ ကျနော်တို့ကိုကူညီလို့ ဧည့်ခံပါရစေတဲ့။ ခင်ဗျားတို့လည်းသောက်လေဆိုတော့ စိတ်မရှိပါနဲ့ ပြင်သစ်ပြည်မလွတ်မြောက်မချင်း အရက်သေစာမသောက်သုံးဖို့ ကျနော်အဓိဌာန်ပြုထားတယ်တဲ့။ ကျနော်ဟာခေါင်းဆောင်တစ်ယောက်အနေနဲ့ “အရက်သောက်ရင်ဆုံးဖြတ်ချက်အမှားတွေကိုချမိလိမ့်မယ်” တဲ့။ မဟာမိတ်ပိုင်းလော့ဟာတော်လှန်ရေးစခန်းကပြင်သစ်သူလေးအတော်ချောတာကိုသတိထားမိပြီး ပိုးပန်းသတဲ့။ ပြင်သစ်သူလေကပြန်ပြောတာရှင်းရှင်းလေးပဲ။ ကျမတို့ပြည်ကြီးဟာ နာဇီတွေရဲ့လက်အောက်မှာကျရောက်နေတဲ့ ကံအဆိုးဆုံးကာလရောက်နေပါတယ်တဲ့။ မြို့ပေါ်မှာလူမဆန်အောင်အနှိပ်စက်ခံနေရတဲ့ ကျမမမြင်ဖူးတဲ့ကျမရဲ့ရဲဘော်ရဲဘက်တွေရယ်၊ မတရားတဲ့ရန်သူကိုတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကိုမေ့ပျောက်ပြီး ကျမအချစ်ရူးမထနိုင်ပါဘူးတဲ့။ ကျမတို့နိုင်ငံမလွတ်မြောက်သေးသ၍ ဒါမျိုးကျမလက်ခံလို့မရပါဘူးတဲ့။ ကျမတို့ကိုရှင်တို့ကူညီနေတယ်ဆိုပေမယ့် ကျမတို့ကိုယ်ကျမအားကိုးဖို့လိုပါတယ်တဲ့။ ကျမကိုချစ်ရင်ရှင်ဝင်တိုက်ပေးပါတဲ့။ ပြတ်ကရော။ ငါတို့တော်လှန်ရေးလုပ်တော့ ချီရှိတုန်းကအဆင်ပြေတယ်။ နောက်တော့ခေါင်းဆောင်ကောင်းမရှိတော့တဲ့အချိန်မှာ ကဂျိုးဂချောင်တွေနဲ့လုံးလည်ချာလည်လိုက်တော့တာပဲလို့ သူကဆိုပါတယ်။ တို့ကကွာ တော်လှန်ရေးလုပ်ဖို့ စစ်တိုင်းနှစ်တိုင်းခွဲတယ်။ ဖြစ်ချင်တော့ အပေါ်ပိုင်းတိုင်းကိုဦးစီးတဲ့အကောင်က ဒါသမားကွဆိုပြီး သူကပါးစပ်မှာလက်မတေ့ပြီး မော့တဲ့ပုံလုပ်ပြပါတယ်။ သဘောကတော့ အရက်သမားလို့ပြောချင်တာပါ။ အောက်ဖက်တိုင်းကိုဦးစီးတဲ့ နောက်ခေါင်းဆောင်တစ်ကောင်က ဒါသမားကွဆိုပြီး နှာခေါင်းကိုလက်ညိုးနဲ့ထိုးပြပါတယ်။ သဘောကတော့တော်လှန်ရေးလုပ်ရမယ့်အချိန်မှာ တော်လှန်ရေးထက်နှာဘူးထဖို့တွေးနေတဲ့သူလို့ ပြောချင်တာပါ။ မင်းတို့နိုင်ငံမှာမင်းပြောဖူးတဲ့ခေါင်းဆောင်ကြီးတွေဟာ ဂျပန်ကိုတော်လှန်ခဲ့ချိန်မှာဘယ်လိုလဲလို့မေးပါတယ်။ ဟာ … ကျနော်တို့ခေါင်းဆောင်တွေက ခေါင်းဆောင်ပီသတယ်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းအရက်သောက်တယ်လို့ဘယ်တုန်းကမှမကြားဖူးဘူးဗျ။ အရက်ပုလင်းလိုက်ရှာရင်း ရဲအဖမ်းခံရတယ်လို့လည်းတစ်ခါမှမရှိခဲ့ဖူးဘူး။ ပြီးတော့ နှာထပြီးတော်လှန်ရေးကိုအာရုံမစိုက်ပဲ မော်ဒယ်ကောင်မလေးကိုအာရုံစိုက်နေတယ်ဆိုတာမျိုးလည်းလုံးဝမရှိဘူးလို့ကျနော်ကပြန်ပြောလိုက်ပါတယ်။ အေး … အဲ့ဒါပဲ။ အဲ့ဒါက အရေးအကြီးဆုံးပဲကွလို့ သူကစားပွဲကို “ဒုံး” ကနဲထုပြီးစကားပြောပါတယ်။ […]
ဆက်ဖတ်ရန်နှိပ်ပါ။612 Pageviews
612 Pageviews ကျနော်တို့နဲ့ဘေးချင်းကပ်🇮🇳အိန္ဒိယနိုင်ငံမှာအိုမာခရွန်ဗီဇကွဲကူးစက်သူနှစ်ယောက်တွေ့ရှိပြီဖြစ်ပါတယ်။ အနောက်ဘက်ကနေမြန်မာပြည်ထဲကို အချိန်မရွေးဝင်လာနိုင်တာမို့ သတိရှိဖို့လိုနေပြှလည်းဖြစ်ပါတယ်။ အိုမာခရွန်ဟာတဖြည်းဖြည်း ဒယ်တာကိုလွှမ်းမိုးသွားလိမ့်မယ်လို့မှန်းဆထားကြပါတယ်။ အိုမာခရွန်ကနေ ကူးစက်နိုင်ခြေဟာ (၃) ဆပိုများတယ်လို့ တောင်အာဖရိကကျန်းမာရေးဂရုတစ်ခုကဆိုပါတယ်။ တောင်အာဖရိကမှာ လွန်ခဲ့တဲ့ (၁၀) ရက်က နေ့စဉ်အသစ် (၃၁၂) ယောက်တွေ့ခဲ့ရာကမနေ့ကကြာသပတေးနေ့မှာ (၁၁,၅၃၅) ယောက်အထိအဆမတန်ခုန်တက်သွားခဲ့ပါတယ်။ Richard Myo Thant 3-December -2021
ဆက်ဖတ်ရန်နှိပ်ပါ။634 Pageviews
634 Pageviews စင်ကာပူနိုင်ငံကိုတောင်အာဖရိကမှ စင်ကာပူလေကြောင်းလိုင်းနဲ့ရောက်ရှိလာသူနှစ်ယောက်မှာ အိုမာခရွန်ဗီဇကွဲရှိနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာန MOH က မနေ့ကဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြောဆိုပါတယ်။ စင်ကာပူလေကြောင်းလိုင်း SQ479 နဲ့လိုက်လာသူ နှစ်ယောက်စလုံးဟာ ဒီဇင်ဘာလ၁ ရက်နေ့ရောက်ရောက်ခြင်းလေဆိပ်မှာသီးခြားခွဲထားတာဖြစ်ပြီး ကွန်မြူနတီနဲ့ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ နှစ်ယောက်စလုံးဟာ ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး အခုချောင်းနည်းနည်းဆိုးတာနဲ့ လည်ချောင်းယားတဲ့လက္ခဏာပဲတွေ့ရတယ်လို့ဆိုပါတယ်။ Case 271598 ဟာ အသက် ၄၁ နှစ်အရွယ်စင်ကာပူနိုင်ငံသားအမျိုးသမီးဖြစ်ပြီးတောင်အာဖရိကနိုင်ငံ ဂျိုအန်နာစဘတ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းက ဆေးစစ်ခဲ့စဉ်မှာ ကိုဗစ် Negative ပြခဲ့တယ်လို့ဆိုပါတယ်။ Case 271487 ဟာ အသက် ၄၄ နှစ်အရွယ်စင်ကာပူ PR ဖြစ်ကာ မိုဇမ်ဘစ်နိုင်ငံမှ စင်ကာပူကိုလာသူဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံ ဂျိုအန်နာစဘတ်မှာ နိုဝင်ဘာလ၂၉ ရက်နေ့တုန်းက ဆေးစစ်ခဲ့စဉ်မှာ သူလည်း ကိုဗစ် Negative ပြခဲ့တယ်လို့ဆိုပါတယ်။ သူတို့တွေကိုဝင်ဝင်ချင်းမှာ PCR Test လုပ်ခဲ့ကာ သီးခြားခွဲထားခဲ့ကြတာဖြစ်ပါတယ်။ သူတို့နဲ့တစ်လေယာဉ်ထဲမှာ အတူစီးနင်းလိုက်ပါလာခဲ့ကြတဲ့ သူတွေအားလုံးကိုcontact tracing ထိတွေ့မှုအဆက်အသွယ်အားလုံးပြန်လိုက်ထားတယ်လို့ဆိုပါတယ်။ သူတို့နဲ့အတူလာခဲ့တဲ့ လေယာဉ်ပိုင်းလော့နဲ့လေယာဉ်မယ်များအားလုံးကိုလည်း ကိုဗစ် Test လုပ်ကာသီးသန့်ခွဲခြားထားတယ်လို့ဆိုပါတယ်။
ဆက်ဖတ်ရန်နှိပ်ပါ။652 Pageviews
652 Pageviews အိမ်ဘေးကနေအပေါ်ထပ်ကိုတက်တဲ့ သစ်သားလှေခါးကနေအိမ်ကြီးရဲ့အပေါ်ထပ်ကို တစ်လှမ်းချင်းတက်လှမ်းလာချိန်မှာ ကျွိကျွီ ကျွိကျွီနဲ့ သစ်သားမြည်သံသဲ့သဲ့ကိုကျနော်ကြားလိုက်ရပါတယ်။ အဲ့ဒီတဒင်္ဂမှာပဲ ကျွီကနဲ နှဲစစမ်းသလိုအသံကိုကြားလိုက်ရပြီး တဆက်တည်း ပတ်ဗေထိုးပတ်ဆိုပြီးဗုံသံကပါနှဲသံနဲ့အတူတဆက်တည်းနားထဲမှာကြားယောင်လိုက်ပါတယ်။ ကျနော့်ရဲ့စိတ်အစဉ်ဟာ တချိန်ကဒီအိမ်ကြီးအပေါ်ထပ်နဲ့ အောက်ထပ်အပြည့်သွားလာလှုပ်ရှား ဇာတ်တိုက်နေကြတဲ့ ဆိုင်းဆရာတွေ၊ ဇာတ်သမားမိသားစုတွေကိုပါမြင်ယောင်လာပါတယ်။ အခုတော့ အဖွားအိုလေးတစ်ယောက်ဟာ ဟိုးအရင်ကပျော်စရာအချိန်တွေကိုပြန်တမ်းတရင်း ဒီအိမ်ကြီးအပေါ်ထပ်မှာ သူ့မြေးမလေးနဲ့ကျနော့်ကိုစောင့်မျှော်နေလေရဲ့။ ကျနော့်အမျိုးသမီး”မီးမီး” ဟာ ဒီထားဝယ်မြို့ရှိအိမ်ကြီးမှာ မွေးကထဲကနေ ဆယ်တန်းအောင်တဲ့အထိနေလာခဲ့တာဖြစ်ပါတယ်။ သူစင်ကာပူကိုစရောက်တဲ့နှစ်မှာ သူ့အဖိုးနဲ့အဖွားကိုသတိရလွမ်းဆွတ်တိုင်း သူ့အဖိုးတည်ထောင်ခဲ့တဲ့ ဇာတ်သဘင်အကြောင်းရယ်၊ သူ့ကိုသိပ်ချစ်တဲ့ မီးသတ်ဖိုးဖိုးတို့ပါတဲ့ ငယ်ဘဝတွေရယ်ကို မကြာခဏပြောပြတတ်ပါတယ်။ အဲ့ဒီတုန်းကကျနော်ဟာခဏခဏကြားရတာ နှစ်ခိရှာရုံမကဆယ်ခိရှာနေလည်း တစ်ခါမှ သူမပြောဖူးတဲ့ပုံနဲ့နားထောင်ပေးနေကျဖြစ်ပါတယ်။ သူ့အဖိုးဦးစိန်ကြဟာ တရုတ်ကြီးဖြစ်ပေမယ့် အနုပညာကိုအလွန်ချစ်မြတ်နိုးဝါသနာပါသူဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်း ငယ်ငယ်က မင်းသားလိုရုပ်အတော်ချောသူဖြစ်ပါတယ်။ “ဦးစိန်ကြ+ဒေါ်ရင်ပို” တို့ရဲ့ “ဆန်းသစ်ဇာတ်သဘင်” နယ်ထွက်တော့မယ်ဆိုရင် မထွက်ခင်မှာ ဇာတ်နောက်ဆုံးတိုက်တဲ့အနေနဲ့ သူတို့အိမ်ရှေ့မှာဇာတ်စင်ဆောက်ပြီးလာသမျှလူတွေကို ညလုံးပေါက်ဇာတ်ပွဲကပြလေ့ရှိပါတယ်။ အဲ့ဒီအချိန်ဆိုရင် မီးမီးတို့လမ်းထဲမှာ ညဈေးတန်းဖြစ်ပြီး လူတွေညနေဘက်မှာပွဲကြည့်ဖို့ကြိတ်ကြိတ်တိုးလာကြပါတယ်။ အထက်မှာကျနော်ပြောခဲ့တဲ့ နှဲစမ်းသံဟာ မီးမီးပြောပြောနေကျ အဲ့ဒီတုန်းကဖိုးဖိုးဦးသန်းဝင်းရဲ့နှဲစမ်းသံဖြစ်ပါလိမ့်မယ်။ ဖိုးဖိုးဦးသန်းဝင်းနဲ့ သူ့အမျိုးသမီးဖွားဖွားဟာ ကျနော့်အမျိုးသမီး မီးမီးလေးကိုအတော်ချစ်ကြပါသတဲ့။ ကျနော်ကမီးမီးပြန်ပြောတာနားထောင်ရင်း ဖိုးဖိုးဦးသန်းဝင်းကနှဲဆရာကြီးဆိုတော့ဖွားဖွားကမင်းသမီးလားလို့မေးလိုက်တော့ “မဟုတ်ဘူး၊ လူကြမ်းမိန်းမကြီးလုပ်တာတဲ့။” ဒါပေမယ့်ဖိုးဖိုးနဲ့ဖွားဖွားတို့ဟာ သဘောအရမ်းကောင်းပြီး အသက်ကြီးချိန်မှာ မီးမီးအဖိုးကလည်းဇာတ်အဖွဲ့ဖျက်သိမ်းလိုက်တာနဲ့ မှော်ဘီမှာအေးချမ်းစွာခြံလေးစိုက်ပြီးနေသွားကြသတဲ့။ ဪ … လူ့ဘဝကြီးမှာ သဘောမနောကောင်းပေမယ့်လည်း လိုအပ်ရင် လူကြမ်းအဖြစ်သရုပ်ဆောင်ရတတ်ပါလားလို့ ကျနော်တွေးမိပါတယ်။ ကျနော့် Facebook အကောင့်ထဲက ညီမအချို့ရယ်၊ အမအချို့ရယ်ဆိုလည်း လူကြမ်းလုပ်သင့်ရင်ထလုပ်ကြတတ်တာကို ကျနော်တွေ့ဖူးပါတယ်။ မီးမီးလေးဟာ ချစ်မွေးပါလာသလားမသိ၊ ငယ်ငယ်က လူအတော်အချစ်ခံရတာအမှန်ပဲဖြစ်ပါတယ်။ အိမ်မှာများဟင်းမကြိုက်လို့ရှိရင် ဇာတ်သမားတွေဘာစားသလဲသွားကြည့်ပြီး ဇာတ်သမားဟင်းဝေစုသွားခွဲစားရင်စားတတ်သေးတာ။ ဒေါ်ခင်တင့်တို့ဆိုမီးမီးလေးကိုတအားချစ်တာပေါ့။ သူတို့လက်ထဲမှာ ထိန်းလာတာမလား။ ကျနော်တို့ထားဝယ်ရောက်တော့ ဒေါ်ခင်တင့်ခမျာ တောလက်ဆောင်တွေသယ်ပြီး တကူးတကလာတွေ့ရှာပါတယ်။ သို့သော်သူ့မှာမြေးတွေရနေပြီမို့ မြေးတွေကိုစိတ်မချတာနဲ့ နေ့ဝက်ပဲနေပြီး သူ့မြေးတွေဆီပြန်ပြေးတော့တာပဲ။ ဖိုးဖိုးဦးသန်းဝင်းတို့လင်မယားနဲ့ဒေါ်ခင်တင့်တို့အပြင် ဇာတ်အဖွဲ့သားတွေကမီးမီးလေးကို ဝိုင်းချစ်ကြပါတယ်။ “ဦးရွှေအ”ဆိုရင် မရှိတဲ့ကြားက မုန့်ဖိုးခိုးပေးတတ်သေးတယ်တဲ့။ ဦးရွှေအလို့ခေါ်တာက စကားမပြောတတ်လို့ပါ။ လူက စကားလည်းမပြောတတ်တော့ဇာတ်ထဲမှာကားလိပ်ဆွဲနဲ့ လက်တိုလက်တောင်းလုပ်ရတယ်။ ဇာတ်အဖွဲ့ထဲမှာတော့သူကလုပ်ခအနည်းဆုံးပေါ့။ တနှစ်တနှစ် ဇာတ်ပွဲရာသီကုန်လို့အိမ်မပြန်ခင်မှာ ဇာတ်လုပ်အားခတွေရှင်းပေးလေ့ရှိတယ်။ အဲ့ဒီအချိန်လုပ်အားခရပြီဆိုရင် မီးမီးလေးကိုမုန့်ဖိုးခိုးပေးတာပဲ။ အခုအချိန်ဦးရွှေအကြီးဘယ်နောက်နေလဲမသိဘူးလို့မီးမီးကပြောတတ်တယ်။ ဘာမှအတုန့်အလှည့်မမျှော်လင့်တဲ့ ရိုးသားတဲ့ဦးရွှေအကြီးရဲ့ပကတိမေတ္တာပဲ။ ပြထားတဲ့ဝက်ဝံပုံနဲ့ဘာဆိုင်သလဲလို့မေးရင် ပြောပြမယ်ခဏစောင့်ပါ။ အခုအဲ့ဒီပုံထဲကသာလိကာလေးအကြောင်းကိုအရင်ပြောပြပါမယ်။ မီးမီးငယ်ငယ်က ဟိုလူကပေးဒီလူကပေးနဲ့အိမ်မှာ ကြက်တူရွေးအရောင်စုံ အကောင်၂၀ လောက်ရှိတယ်။ အဲ့ဒါလှောင်အိမ်နဲ့ထည့်ထားရဲ့သားနဲ့ အနီးအနားအိမ်တွေကကြောင်ဆိုးတွေက လှောင်အိမ်ကိုရအောင်ဖွင့်ပြီး ကြက်တူရွေးတွေကိုကိုက်သတ်တာကုန်ရော။ တနေ့တော့ မီးမီးဆီကို သာလိကာလေးတစ်ကောင်တောကရောက်လာတယ်။အရောင်အညိုရောင်လေးမို့ ညိုညိုလို့နာမည်ပေးသတဲ့။ မီးမီးကသူ့သာလိကာလေးကို အိမ်ထဲမှာကြောင်လာသတ်စားမှာကြောက်တယ်။ အဲ့ဒါနဲ့အိမ်အပြင်ခပ်မြင့်မြင့်မှာ သာလိကာလှောင်အိမ်ကိုဆွဲထားတာ […]
ဆက်ဖတ်ရန်နှိပ်ပါ။1,095 Pageviews
1,095 Pageviews ဂျေကန်နဲ့သူ့မိန်းမအမီနာတို့ဟာတနေ့နေ့လည်ခင်းမှာကော်ဖီစိုက်ခင်းတစ်ခုဘေးကနေဖြတ်လျှောက်လာနေတယ်။ ဂျေကန်ဟာ Sholaga ‘ရှိုလာဂ’လို့ခေါ်တဲ့အိန္ဒိယတောင်ပေါ်သားတိုင်းရင်းသားတစ်ယောက်ဖြစ်ပါတယ်။ အိန္ဒိယသားတို့ဓလေ့အတိုင်းဂျေကန်ကရှေ့ကလျှောက်ပြီး သူ့မိန်းမအမီနာကနောက်ကနေ ကော်ဖီစေ့ထုပ်ကြီးခေါင်းပေါ်ရွက်ကာ နောက်ကနေခြေတစ်လှမ်းခွာပြီးလိုက်လာတာဖြစ်တယ်။ ဂျေကန်တို့ဇနီးမောင်နှံဟာ ပုဏ္ဏကြီးတောင်ကြောဒေသက ကော်ဖီစိုက်ခင်းလုပ်သားတွေဖြစ်တယ်။ အမီနာဟာအသက် ၁၈ နှစ်ပဲရှိသေးပြီး ဂျေကန်ကသူ့မိန်းမကို မျက်စိအောက်ကအပျောက်မခံအောင်ချစ်တယ်။ အခုလည်းအတူတူသွားရင်း ရေခမ်းနေတဲ့စမ်းချောင်းလေးတစ်ခုကိုဖြတ်လျှောက်ကာ တဖက်ကမ်းစောင်းကိုဂျေကန်ကရှေ့ကနေတက်သွားတယ်။ အဲ့ဒီအချိန်မှာပဲ ကမ်းစောင်းတစ်လျှောက်ပေါက်နေတဲ့ မြက်ပင်လိုကြံပင်အစုတစ်ခုထဲကနေ ကျားကြီးတစ်ကောင်ဟာဝုန်းကနဲခုန်ထွက်လာပြီး ဂျေကန့်မိန်းမလေးပေါ်ကိုခုန်အုပ်လိုက်ပါလေရော။ မထင်မှတ်ပဲလန့်ပြီးနောက်လှည့်ကြည့်လိုက်ချိန်မှာ ဂျေကန်ဟာ သူ့မိန်းမလေးကိုအကြောက်လွန်ပြီး ကယ်ပါလို့ပြောနေတဲ့အကြည့်နဲ့ မြေကြီးပေါ်မှာတစ်စောင်းလဲနေတာကိုတွေ့လိုက်ရတယ်။ ကျားကအမီနာရဲ့နောက်မှာဝပ်လျှက်သားရှိနေပြီး လက်နှစ်ဖက်ကအမီနာရဲ့ပခုံးပေါ်အုပ်လျှက် အစွယ်တကားကားပါးစပ်ကြီးဖွင့်လျှက်သားအမီနာရဲ့ခေါင်းပေါ်ကိုရောက်နေတာကိုတွေ့ရတယ်။ ရုတ်တရက်အံ့ဩတုန်လှုပ်ပြီး ဂျေပန်ဟာကျောက်ရုပ်လိုတုတ်တုတ်မှမလှုပ်ပဲကြက်သေသေသွားတယ်။ ကျားကြီးဟာဗယ်ဘက်မျက်လုံးတစ်ဖက်လပ်နေပြီး ဗယ်ဘက်နားရွက်လည်းပြတ်နေကာ ခေါင်းမှာလည်းဒဏ်ရာအစင်းကြောင်းကြီးနဲ့အလွန်ရုပ်ဆိုးကာ အကျည်းတန်လှတယ်။ အဲ့ဒီအချိန်မှာပဲကျားကြီးဟာ မြေကြီးတုန်သွားအောင် ကြောက်မျက်ဖွယ်တစ်ချက်ဟိန်းလိုက်ပြီး အမီနာကိုညာဘက်ပခုံးကကိုက်ချီကာ ရေမရှိတဲ့စမ်းချောင်းထဲဖြတ်လျှောက်သွားပါတော့တယ်။ အမီနာလေးဟာကျားပါးစပ်ထဲမှာ ခေါင်းအောက်စိုက်အနေအထားနဲ့ ဗယ်ဘက်လက်တစ်ဖက်နဲ့ဆံစတွေဟာ မြေမှာတရုတ်တိုက်ရင်း ကျားပါးစပ်ထဲပါသွားရှာတယ်။ ခဏအကြာမှာတော့ ကျားကြီးဟာ သူ့ရဲ့သားကောင်ကိုချီပြီးခပ်လှမ်းလှမ်းကတောအုပ်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။ အမီနာလေးဟာ ရုတ်တရက်ကျားခုန်အုပ်လို့ မြေကြီးပေါ်ပစ်လဲကတည်းက ကျားချီသွားတဲ့အထိဘာသံမှထွက်မသွားရှာဘူး။ ရုတ်တရက်အံ့ဩသတိမေ့သွားတာလား ရုပ်ဆိုးလွန်းလှတဲ့ကျားအဆွဲခံရချိန်မှာအကြောက်လွန်ပြီးတစ်ခါတည်းအသက်ထွက်သွားသလားမသိရပါ။ ဒါဟာဂျေကန်အနေနဲ့ သူ့မိန်းမလေးကို နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းပါပဲ။ ရုတ်တရက်တိုက်ခိုက်ခံရခြင်း၊ ရုပ်ဆိုးလှတဲ့ကျားရဲ့သွင်ပြင်နဲ့ အနားကပ်ပြီးအကျယ်ကြီးဟိန်းလိုက်တဲ့အသံကြောင့် ဂျေကန်ဟာမြေစိုက်ကျောက်ရုပ်လို တုပ်တုပ်မှမလှုပ်ပဲ အံ့ဩတုန်လှုပ်နေမိတယ်။ အဲ့ဒီအဖြစ်အပျက်ဟာ ရမ္မပူရန်လူသားစားကျားပေါ်ပေါက်လာကာ လူကိုကိုက်သတ်ချီယူသွားတဲ့ ပထမဦးဆုံးဖြစ်စဉ်ပဲ။ နောက်တစ်လလောက်အကြာမှာ နွားကျောင်းသားလေးတစ်ယောက်ဟာ ရမ္မပူရန်ကနှစ်မိုင်အကွာမှာကျားဆွဲခံရပြန်ပါတယ်။ ဒီအဖြစ်အပျက်မှာတော့ တစ်ဝက်တစ်ပျက်ကျားစားတဲ့အလောင်းကို ခြံတစ်ခုထဲကနေပြန်ရပါတယ်။ နောက်သုံးပတ်အကြာမှာပဲ တတိယအကြိမ်လူကို ကျားဆွဲတဲ့အဖြစ်ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ ဒီနေရာမှာ လူသားစားကျားဟာ ဘာလို့လူကိုတစ်လလောက်စီခွာပြီးဆွဲသလဲ? ဆက်တိုက်လူလိုက်ရှာပြီးမဆွဲဘူးလားလို့ မေးစရာရှိပါတယ်။ လူသားစားကျားဟာ ပေါရိသာရလို […]
ဆက်ဖတ်ရန်နှိပ်ပါ။1,658 Pageviews
1,658 Pageviews 🇸🇬စင်ကာပူဝန်ကြီးချုပ်လီရှန်လုံးကကိုဗစ်ဗီဇကွဲအသစ် Omicron variant ကိုအသေအချာစောင့်ကြည့်နေကြောင်းနဲ့လိုအပ်ရင်ရှေ့တိုးမယ့်အခြေလှမ်းအစား အနည်းငယ်နောက်ပြန်ဆုတ်မှာဖြစ်ကြောင်းယနေ့နိုဝင်ဘာလ၂၈ရက်နေ့မှာပြောကြားလိုက်ပါတယ်။ သဘောက ဒီဗိုင်းရပ်စ်မျိုးဗီဇကွဲရဲ့အခြေအနေကိုကြည့်ပြီး အခုတံခါးဖွင့်ပေးနေတဲ့ခြေလှမ်းတွေကို “လိုအပ်ရင်ပြန်နောက်ဆုတ်မှာဖြစ်ပါတယ်” လို့ ကြိုအသိပေးထားတာပါ။ – ▪️အိုမာခရွန်ကိုဘာလို့စိုးရိမ်ကြတာလဲ❓ အိုမာခရွန် (B1.1.529) ဗီဇကွဲဟာ ကာကွယ်ဆေးကြောင့်ရထားတဲ့ ကိုယ်ခံအားကိုအတိုင်းအတာတစ်ခုအထိကျော်လွှားနိုင်မှာကို စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ – ▪️ဘာဖြစ်လို့အဲ့ဒီလိုပူပန်ရတာလဲ❓ အိုမာခရွန်ရဲ့ စပိုက်ပရိုတိန်းမှာ spike protein mutation သန္ဓေကွဲမှု (၃၂) နေရာတောင်ရှိလို့ဖြစ်ပါတယ်။ သဘောက Delta variant ဒယ်တာဗီဇကွဲထက် (၂) ဆလောက်သန္ဓေကွဲတဲ့နေရာ ဖြစ်နေတဲ့သဘောပါ။ ကာကွယ်ဆေးများဟာ အဲ့ဒီဗိုင်းရပ်စ်ကနေလူရဲ့ကိုယ်ခန္ဓာဆဲလ်တွေကိုလာချိတ်တဲ့ စပိုက်ပရိုတိန်းကို လေ့လာပြီးဒီဇိုင်းထုတ်ထားတာပါ။ ကာကွယ်ဆေးကနေ ကျနော်တို့လူရဲ့ကိုယ်ခံအားစနစ်ကို စပိုက်ပရိုတိန်းပုံစံကိုသင်ပေးပြီး အပြင်ကဝင်လာရင်တိုက်ခိုက်ကာကွယ်နိုင်ဖို့ ကြိုသင်ပေးထားတာပါ။ ပြဿနာက အိုမာခရွန်ရဲ့စပိုက်ပရိုတိန်းမှာ ပုံစံကွဲ (၃၂) နေရာတောင်ရှိနေတဲ့အတွက်ကျနော်တို့ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားစနစ်က မမှတ်မိမှာစိုးရိမ်ရပါတယ်။ ဒယ်တာတုန်းကအတော်ခံခဲ့ရတာမို့ ဒယ်တာထက် mutation များတဲ့ အိုမာခရွန်ကိုလန့်ကြတဲ့သဘောပါ။ – ▪️ဒါဆိုရင် အိုမာခရွန်ကိုအရမ်းစိုးရိမ်ရသလား❓ ကိုဗစ်စစခြင်း ကာကွယ်ဆေးမပေါ်ခင်ကလို အရမ်းကြီးစိုးရိမ်ရတာမျိုးမဟုတ်ပါ။ ကိုဗစ်ကာကွယ်ဆေးထုတ်နေတဲ့ အောက်ပါကုမ္ပဏီများက အိုမာခရွန်ကိုကာကွယ်နိုင်မယ့် ကာကွယ်ဆေးဗားရှင်းမြှင့်ဖို့ ဖော်မြူလာထုတ်ရန် ရက် (၁၀၀) အတွင်းရနိုင်တယ်လို့ဆိုနေကြပါတယ်။ 💉 ဖိုင်ဇာ Pfizer-BioNTech က ရက် (၁၀၀) အတွင်းထုတ်နိုင်တယ်လို့ ပြောထားပါတယ်။ 💉 မိုဒါးနား Moderna ရဲ့ CEO Stephane Bancel ကလည်း အိုမာခရွန်အတွက်ဗျူဟာချပြီးလုပ်နေပါပြီတဲ့။ 💉 Oxford အောက်စဖို့ကာကွယ်ဆေး AstraZeneca ကလည်း အိုမာခရွန်အတွက်ဖော်မြူလာအသစ်က ပြီးလုလုဖြစ်နေပြီတဲ့။ 💉 Novavax နိုဗာဗက်ကလည်း အိုမာခရွန်အတွက် testing စမ်းသပ်ခြင်းနဲ့ ဆေးအသစ်ထုတ်ခြင်း manufacturing ကို ရက်သတ္တပတ်အနည်းငယ်အတွင်းလုပ်မှာဖြစ်ပါတယ်တဲ့။ 💉 J&J ဂျွန်ဆန်အန်ဂျွန်ဆန်ကလည်း အသေအချာပြင်ဆင်စောင့်ကြည့်နေပါတယ်တဲ့။ – ▪️ဒါဆိုရင် ကျန်တဲ့ကာကွယ်ဆေးတွေကရော❓ အဲ့ဒီမှာ အစကတည်းကပွင့်ပွင့်လင်းလင်းမကြေညာပဲ ကွေးကွေစွေ့စွေ့လုပ်တတ်တဲ့ကာကွယ်ဆေးတွေဆီက သူတို့ဘာလုပ်နေသလဲ ကျနော်တို့ချက်ချင်းမသိရပါ။ (ကွေးကွေစွေ့စွေ့ကို မသိရင်တရုတ်ပြည်ကအသိတွေကိုမေးကြည့်ပါ။) ဒါကြောင့် ကမ္ဘာပေါ်မှာ “ပွင့်လင်းမြင်သာမှုကအသက်” လို့ခဏခဏပြောရတာဖြစ်ပါတယ်။ အသက်လို့ပြောရတာက လူ့အသက်ပေါင်းများစွာနဲ့ဆိုင်နေလို့ပါ။ အဲ့ဒီဒေတာပွင့်ပွင့်လင်းလင်းမထုတ်တဲ့ ကာကွယ်ဆေးထုတ်သူတွေကို အိုမာခရွန်ကိစ္စဘယ်လိုလုပ်မလဲလို့ ပြန်မေးရမှာဖြစ်ပါတယ်။ – ▪️အိုမာခရွန်ဗီဇကွဲက ဘယ်အထိရောက်နေပြီလဲ❓ ယနေ့အထိသိရသမျှ ရောက်ရှိနေပြီးနိုင်ငံတွေကတော့ ဟောင်ကောင်၊ ဩစတေးလျ၊အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ ဘော့စဝါနာ၊ အစ္စရေးတို့ဖြစ်ပါတယ်။ စတင်တွေ့ရှိရတာက တောင်အာဖရိကနိုင်ငံပါ။ ပြင်သစ်မှာပြန့်နှံပြီးနေလောက်ပြီလို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးကယနေ့ပြောကြားခဲ့ပါတယ်။ အိုမာခရွန်မပြန့်နှံ့အောင်ထိန်းချုပ်မယ်လို့လည်းဆိုသွားပါတယ်။ အဲ့ဒီတော့ နိုင်ငံအတော်များများက အိုမာခရွန်ဝင်လာမှာရယ် ထပ်ပြီးပြန့်နှံ့လာမှာကိုစိုးရိမ်ပြီး ကာကွယ်မှုယူတဲ့အနေနဲ့ အချို့နိုင်ငံတွေကို ဝင်ခွင့်ယာယီပိတ်ပင်နိုင်ပါတယ်။ အဲ့ဒီမှာ ဘာလာလာဒေါင်းတဲ့ စည်းမရှိကမ်းမရှိ “ဘယ်သူတေတေငါမတေမှာပြီးရောဆိုတဲ့လူတွေအုပ်ချုပ်တဲ့” တိုင်းပြည်ကတော့ ဝင်လာရင်မသိမှာမို့ သတိထားရပါမယ်။ – ▪️ဒီနေရာမှာဗဟုသုတအဖြစ်ထည့်ပြောစရာရှိပါတယ်။ အိုမာခရွန်ဟာ တောင်အာဖရိကမှာစတွေ့တာပါ။ အချို့ကယူဆထားကြတာက ဒီအိုမာခရွန်ဟာ HIV ကိုယ်ခံစွမ်းအားကျရောဂါရှိတဲ့လူနာဆီမှာ ကိုဗစ်ရောဂါကြာရှည်ဖြစ်ရာကနေ evolved စတင်ဗီဇကွဲဖြစ်တယ်လို့ “ယူဆ” ထားပါတယ်။ ယူဆတယ်လို့ရေးတာက သေချာအတည်မပြုရသေးလို့ဖြစ်ပါတယ်။ HIV ဝေဒနာရှင်နဲ့ အခြားကိုယ်ခံအားစနစ်ချို့ယွင်းမှုရှိတဲ့လူနာတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားရင်း လူကောင်းတွေလိုမြန်မြန်မပြီးပြတ်ပဲ ကြာရှည်လာတဲ့အခါမှာ ကိုဗစ်ဗိုင်းရပ်စ်ကို Gym ထဲမှာထရိန်နင်ပေးလေ့ကျင့်ပေးလိုက်သလိုဖြစ်သွားစေခဲ့တယ်လို့ယူဆထားတာပါ။ ဒါ့ကြောင့် အိုမာခရွန်ဟာ ဒယ်တာကနေဆင်းသက်လာတာမဟုတ်ပဲ ဗီဇကွဲမှု gap ကြီးကြီးဖြစ်ခဲ့တယ်လို့ ယူဆထားကြတာပါ။ – ကဲ … အရေးကြီးတာပြောရရင် (၁) အရမ်းကြီးစိုးရိမ်ပူပန်မှုမဖြစ်ကြပါနဲ့။ 💉 အိုမာခရွန်ကိုနိုင်တဲ့ ကာကွယ်ဆေးကို booster dose အနေနဲ့ထပ်ထိုးရနိုင်ပါတယ်။ “ထိုးဖို့လိုမယ်/မလိုဘူး ဆိုတာအခုအချိန်မှာပြောလို့မရသေးပါ။” […]
ဆက်ဖတ်ရန်နှိပ်ပါ။704 Pageviews
704 Pageviews စင်ကာပူမှာကိုဗစ်လူနာနေ့စဉ် (၃၀၀၀) ကျော်တွေ့နေတာ၅ရက်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ စင်ကာပူဟာ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေးမူကိုစတင်အသက်သွင်းနေပြီဖြစ်ပြီးယနေ့နေ့လည် ဝန်ကြီးချုပ်မိန့်ခွန်းအပြီးမှာ လိုက်နာရန် လုပ်ထုံးလုပ်နည်း (၃)ခုချမှတ်ကြောင်းပြောကြားခဲ့ပါတယ်။ အခုလိုကိုဗစ်ဟာ တစ်နေ့ကို (၃၀၀၀) ကျော်တွေ့နေပုံအရဆိုရင် (၅၀၀၀) အထိတက်သွားမလားလို့စိုးရိမ်ရပါတယ်။ ယနေ့မှာ အမျိုးသား (၅) ယောက်နဲ့ အမျိုးသမီး (၆) ယောက် ကိုဗစ်နဲ့ထပ်မံသေဆုံးခဲ့ပါတယ်။ အဲ့ဒီ (၁၁) ယောက်ထဲမှာ (၄) ယောက်က ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး (၃) ယောက်က တစ်လုံးပဲထိုးရသေးကာ (၄) ယောက်က လုံးဝမထိုးရသေးပါ။
ဆက်ဖတ်ရန်နှိပ်ပါ။