270 Pageviews
ZyCoV-D (ဇိုင်းကော့ဗ်-ဒီ) ကို အိန္ဒိယမှာသာ သူ့အစိုးရကခွင့်ပြုတာဖြစ်ပြီး WHO ကအသိအမှတ်ပြုမှုမရသေးပါ။ ZyCoV-D ဟာ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ Spike ပရိုတိန်း gene encoding တွေပါတဲ့ DNA plasmid vector တွေပါဝင်ပါတယ်။
India’s drug regulator has granted emergency use approval for Zydus Cadila’s COVID-19 vaccine, the world’s first DNA shot against the coronavirus, in adults and children aged 12 years and above.
အိန္ဒိယဆေးကုမ္ပဏီ Zydus Cadila ဟာ ZyCoV-D (ဇိုင်းကော့ဗ်-ဒီ) ကို အိန္ဒိယအစိုးရရဲ့ BIRAC Biotechnology Industry Research Assistance Council ရဲ့အကူအညီနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယမှာ အသက် (၁၂) နဲ့အထက်ကို စထိုးခွင့်ပြုမယ်လို့ဆိုပါတယ်။
အာနိသင်ထိရောက်မှုက (၆၆%) လို့ လောလောဆယ်သိထားပါတယ်။
သုံးကြိမ် 3 doses ပေးရမယ်လို့ဆိုပါတယ်။
Needle-free အပ်မပါတဲ့နည်းပညာနဲ့ လုပ်ထားတယ်လို့ဆိုပါတယ်။ Intradermally အရေပြားအောက်ကိုပေးရမယ်လို့ဆိုပါတယ်။
ပထမအကြိမ်ပေးပြီးရင် ဒုတိယအကြိမ်က ၂၈ ရက်အကြာနဲ့ တတိယအကြိမ်က ၅၆ ရက်အကြာမှာပေးရမယ်လို့ဆိုပါတယ်။
အိန္ဒိယမှာ လူပေါင်း ၂၈၀၀၀ ကျော်လောက်မှာ စမ်းသပ်ထားတာဖြစ်ပါတယ်။
အပူချိန် ၂ ဒီဂရီကနေ ၈ ဒီဂရီ စင်တီဂရိတ် (သာမန်ရေခဲသေတ္တာအပူချိန်မှာ) သိုလှောင်လို့ရပါတယ်တဲ့။