342 Pageviews
ဒီကိစ္စကို ဩဂတ်စ် ၁၆ ရက်နေ့မှာ ဂျပန်မှာပထမဦးဆုံးစတွေ့တာက Moderna ရဲ့ ဂျပန် distributor ဆေးကိုယ်စားလှယ်ဖြစ်သူ Takeda Pharmaceutical ဖြစ်ပါတယ်။ကာကွယ်ဆေးဆေးပုလင်း ၃၉ ပုလင်းမှာ မသန့်တာတွေပါနေတယ်လို့ ထင်ရကြောင်းသတင်းပို့ပါတယ်။အဲ့ဒီ ၃၉ ပုလင်းကနေ Lot 3004667 က ပုလင်းပေါင်း (၅၇၀၀၀) ကိုသုံးစွဲတာရပ်ဆိုင်းထားပါတယ်။
Lot 3004734 နဲ့ Lot 3004956 တို့ကိုပါထပ်ပြီးရပ်ဆိုင်းပါတယ်။ဖြစ်ချင်တော့ Lot 3004734 ကနေ ကာကွယ်ဆေးထိုးထားတဲ့ အသက် ၃၀ အရွယ်နဲ့ အသက် ၃၈ နှစ်အရွယ်အမျိုးသားနှစ်ယောက်ဟာ ဆေးထိုးပြီးရက်ပိုင်းအတွင်းမှာ သေဆုံးခဲ့ပါတယ်။ သူတို့ထိုးခဲ့တဲ့ ပုလင်းထဲမှာ #မသန့်တာပါတဲ့အထောက်အထားမတွေ့ရပါ။ နှစ်ယောက်စလုံးဟာ #ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးနောက် အဖျားတက်ပါတယ်။ အဖျားတက်ပြီး (၂) ရက်အကြာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ဘာလို့သေဆုံးရသလဲကို အခုထိစုံစမ်းစစ်ဆေးနေဆဲပါ။ Lot 3005293 ဟာ ဩဂတ်စ်လ ၂၉ ရက်နေ့မှာ အိုကီနာဝါက ကာကွယ်ဆေးထိုးစန်တာတစ်ခုက သတင်းပို့တာဖြစ်ပါတယ်။(ဆေးထိုးပြွန်နဲ့ ဆေးပုလင်းတွေထဲမှာ အနက်ရောင်အမှုန်လိုဟာတွေတွေ့တယ်၊ နောက်ဆေးထိုးပြွန်တစ်ခုထဲမှာ ပန်းရောင်အမှုန်လိုဟာတွေတွေ့တယ်လို့ဆိုပါတယ်။)Lot 3005236 ဟာ ဩဂတ်စ်လ ၂၉ ရက်နေ့မှာ တိုကျိုအနီး ဂန်မာက ကာကွယ်ဆေးထိုးစန်တာတစ်ခုမှာ report လုပ်တာဖြစ်ပါတယ်။(အလွန်သေးငယ်တဲ့လအနက်ရောင်အမှုန်လိုဟာတွေကို ဆေးပုလင်းထဲမှာ တွေ့တယ်လို့ဆိုပါတယ်။)
ဖြစ်နိုင်တဲ့အကြောင်းရင်း———————–အစက dose ပေါင်း ၁ သန်းလောက်ကို ထိုးပေးတာ ခေတ္တရပ်ဆိုင်းထားပေမယ့် အချို့ကိစ္စတွေဟာ #ဆေးပုလင်းထဲ ဆေးထိုးအပ်ထိုးသွင်းစဉ်မှာ ပုံစံမမှန်ပဲ ရာဘာပုလင်းအဖုံးက အစအနတွေပဲ့ထွက်တာဖြစ်တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကဆိုပြီး အိုကီနာဝါနဲ့ ဂန်မာမှာ ဆေးထိုးတာကိုပြန်လုပ်ခွင့်ပေးခဲ့ပါတယ်။ပထမဆုံး Lot (၃) ခုက သတ္တုအမှုန်လို့ယူဆရတဲ့ အမှုန်တွေလို့ NHK သတင်းဌာနက ကျန်းမာရေးဝန်ကြီးဌာနကို အကိုးအကားပြုပြီးဆိုပါတယ်။
အခုထိတော့ ဘာအမှုန်ဆိုတာသေချာမသိရသေးပဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနနဲ့ Moderna ကုမ္ပဏီတို့က #အန္တရာယ်ဖြစ်နိုင်တဲ့ကိစ္စမတွေ့ဘူးလို့ ဆိုထားပါတယ်။
အခုကိစ္စကိုဘယ်သူတွေစုံစမ်းစစ်ဆေးနေတာလဲ
Moderna ကုမ္ပဏီရယ်၊ Moderna ရဲ့ ဂျပန် distributor ဆေးကိုယ်စားလှယ်ဖြစ်သူ Takeda Pharmaceutical ရယ်၊ Moderna ရဲ့ manufacturing partnet ဆေးထုတ်လုပ်သူပါတနာ Rovi ရယ် (၃) ပွင့်ဆိုင်စုံစမ်းစစ်ဆေးနေပါတယ်။
စပိန်ကုမ္ပဏီ Rovi ဟာ Moderna ရဲ့ကာကွယ်ဆေးတွေကို အမေရိကန်ပြည်ထောင်စုကလွဲလို့ ကျန်ဒေသတွေကို ဖြန့်ဖြူးဖို့ ပုလင်းသွတ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ဥရောပသမဂ္ဂကလည်းစုံစမ်းစစ်ဆေးနေပြီး ကနဦးတွေ့ရှိချက်တွေအရ Moderna ဆေးထိုးတာကိုရပ်ဆိုင်းစရာအကြောင်းမတွေ့ဘူးလို့ ဆိုပါတယ်။