ဂေါ်ရခါးညွှန့်ကြော်

 210 Pageviews

 210 Pageviews ဒီနေ့ညနေ ဂေါ်ရခါးညွှန့်ကြော်စားတယ်။ ဒါမလေးရှားကမှာထားတဲ့ ဂေါ်ရခါးညွှန့် ၄ ဒေါ်လာဖိုးကိုအိမ်မှာကြော်ထားတာဖြစ်တယ်။ ဒီတစ်ပွဲဟာ Yunnan ဆိုင်က ၁၄ ဒေါ်လာတန်ထက်များတယ်။ကြုံလို့ဂေါ်ရခါးညွှန့်ရဖို့ အိမ်မှာစိုက်ကြည့်ပုံကိုပြောပြအုံးမယ်။ ဂေါ်ရခါးသီးကို ဘယ်လိုအပင်ဖောက်ရသလဲပြောပြမယ်။ ဂေါ်ရခါးသီးထဲမှာ အစေ့ခပ်ကြီးကြီးတစ်စေ့ပဲပါတယ်။ တတ်နိုင်ရင် အသီးရင့်တာရှာပြီးတော့ ပလတ်စတစ်ဘူး (သို့) ဇလုံထဲမှာ kitchen tower စက္ကူကိုရေဆွတ်ပြီး အဲ့ဒီအပေါ်မှာတင်။ ပြီးရင်လေလုံအောင် ပလတ်စတစ်နဲ့အုပ်ထား။ အများဆုံး (၇) ရက်လောက်ဆိုရင် ဂေါ်ရခါးသီးရဲ့ဖင်ဘက်ကနေ အညှောင့်ပေါက်လာလိမ့်မယ်။ အဲ့ဒါဆိုရင် ရေလေးဖြန်းဖြန်းပေးပြီး ပလတ်စတစ်နဲ့ပြန်အုပ်ထားရင် မုတ်ဆိတ်တွေလိုပဲအမြစ်တွေ တဖွားဖွားထွက်လာလိမ့်မယ်။ ဒါများ wikiHow မှာသွားကြည့်ရင်ရတာပဲမလုပ်နဲ့။ သူတို့ပုံဆွဲပြထားတာမှားနေတယ်။ ကျနော်ကကိုယ်တိုင်အပင်ဖောက်လာလို့သိတာ။ wikiHow ထဲမှာ ဂေါ်ရခါးညွှန့်ကအသီးရဲ့အညှာဘက်ကထွက်တယ်လို့ ပုံတွေဆွဲပြထားတာ လုံးဝမှားတယ်။ အသီးရဲ့ဖင်ဘက်က တဖြည်းဖြည်းကွဲလာပြီး အညှောင့်ထွက်လာရမှာ။ wikiHow ရဲ့ “How-to instructions […]

ဆက်ဖတ်ရန်နှိပ်ပါ။

? WHO က COVID-19 အတွက်ဖြစ်နိုင်ခြေရှိတဲ့ ဆေး (၃) မျိုးကိုစမ်းသပ်နေပါတယ်။

 656 Pageviews

 656 Pageviews Artesunate, imatinib နဲ့ infliximab တို့ကို နိုင်ငံပေါင်း (၅၂) နိုင်ငံက ဆေးရုံပေါင်း (၆၀၀) ကျော်မှာစမ်းသပ်တာမို့ Covid-19 အတွက် တကယ်အသုံးကျမကျ mass testing ပြုလုပ်တာဖြစ်ပါတယ်။ The World Health Organization on Wednesday announced major international trials of three drugs to find out whether they improve the condition of hospitalised Covid-19 patients. WHO ဟာ #ဆေးရုံတက်နေရတဲ့ ကိုဗစ်လူနာတွေရဲ့အခြေအနေတိုးတက်မှုရှိလာနိုင်မလားကို အထက်ပါဆေးသုံးမျိုးကိုသုံးပြီး စမ်းသပ်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

Progeria ပရိုဂျီးရီးယားရောဂါ

 388 Pageviews

 388 Pageviews တောင်အာဖရိကနိုင်ငံမှာ အသက် (၂၀) အရွယ်အမျိုးသမီးငယ်တစ်ယောက်ဟာ သူ့ထက်အများကြီးမျက်နှာရင့်ရော်တဲ့ ကလေးငယ်တစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဒါဟာ ပရိုဂျီးရီးယား (သို့မဟုတ်) ဟက်ချင်စန်-ဂေးဖို့ စင်ဒရုန်း (Hutchinson -Gilford syndrome ) ဖြစ်ပါတယ်။ မွေးလာတဲ့ကလေးဟာ အသက်ရင့်ရော်တာမြန်ပြီး အသက် (၂၀) မပြည့်ခင်ဆုံးပါးသွားလေ့ရှိပါတယ်။ ပရိုဂျီးရီးယားဟာ အလွန့်အလွန်ရှားပါးတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်ခုဖြစ်ပါတယ်။ လူသန်း (၂၀) မှာမှ တစ်ယောက်ယောက်ဖြစ်တတ်တဲ့ရောဂါမျိုးပါ။ မနှစ်က Progeria Research Foundation ပရိုဂျီးရီးယားသုသေသနဖောင်ဒေးရှင်းက စစ်တမ်းကောက်ကြည့်ရာမှာ (၅၃) နိုင်ငံမှာ ကလေး (၁၇၉) ယောက်တွေ့ခဲ့ပါတယ်။ ပရိုဂျီးရီးယားကလေးတွေဟာ ပျမ်းမျှအသက် (၁၃) နှစ်မကျော်ပဲ ၉၀ ရာနှုန်းဟာ heartattack နှလုံးရပ်ခြင်း၊ stroke လေဖြတ်ခြင်းတို့နဲ့ သေဆုံးတတ်ပါတယ်။ ပရိုဂျီးရီးယားဟာ ရှားပါးတဲ့ genetic […]

ဆက်ဖတ်ရန်နှိပ်ပါ။

?? စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် booster dose ကို အသက်ကြီးသူတွေနဲ့ immune system ချို့ယွင်းချက်ရှိသူတွေကို စထိုးပေးပါတော့မယ်။

 408 Pageviews

 408 Pageviews အသက် ၆၀ နဲ့အထက်အသက်ကြီးသူတွေ၊ ကိုယ်ခံအားစနစ် အတော်အတန် (သို့မဟုတ်) ကြီးကြီးမားမားချို့ယွင်းချက်ရှိသူတွေ၊ ဘိုးဘွားရိပ်သာမှာနေထိုင်သူတွေကို ထိုးပေးတော့မှာဖြစ်ပါတယ်။အထက်ပါလူတွေဟာ ကိုဗစ်ဖြစ်ရင်ပြင်းထန်နိုင်တာရယ်၊ ပထမနှစ်ကြိမ်ကနေ immune response ကိုယ်ခံအားတုန့်ပြန်မှုနည်းနိုင်တာရယ် ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။[bg_collapse view=”link” color=”#4a4949″ expand_text=”Read More” collapse_text=”Read Less” ]သူတို့ကို mRNA ကာကွယ်ဆေးကို ပထမဦးဆုံးအကြိမ်ကာကွယ်ဆေးထိုးပြီးချိန် ၆ လကနေ ၉ လအကြာမှာ တတိယတစ်လုံးကို ထိုးပေးမှာဖြစ်ပါတယ်။ အခုလည်း အဲ့ဒီလူတွေဟာ ပထမအကြိမ်ကာကွယ်ဆေးထိုးထားတာ ၆ လပြည့်တော့မှာဖြစ်ပါတယ်။ စင်ကာပူအာဏာပိုင်တွေဟာ booster dose ထိုးသူတွေမှာ အန္တရာယ်ကင်းမှုနဲ့ အာနိသင်ရှိမှုကိုစောင့်ကြည့်ပြီးမှ အခုလိုထိုးပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အိမ်း … တို့ဆီမှာ ဟိုကောင်မမွှေခဲ့ရင် … တို့ဆီကလူကြီးတွေလည်း တတိယအကြိမ် booster dose […]

ဆက်ဖတ်ရန်နှိပ်ပါ။

? စင်ကာပူကဆရာဝန်တစ်ယောက်ဟာ နောက်တစ်နှစ်ခွဲအတွင်းမှာ antibiotic ဆေးတစ်မျိုးနဲ့ antifungal ဆေးတစ်မျိုးကို အသက် (၇) နှစ်နဲ့အောက်ကလေးတွေကိုမပေးဖို့ ယာယီတားမြစ်ခံရပါတယ်။

 286 Pageviews

 286 Pageviews Dr Erwin Kay Aih Boon ဟာ Healthwerkz Medical Centre က GP ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူဟာ အော်တစ်ဇင်ရှိတဲ့ကလေးတွေကို Vancomycin antibiotic ဆေးနဲ့ အရေပြားမှိုသတ်ဆေးကို ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးအထူးကုဆရာဝန်လေးယောက်က စင်ကာပူဆေးကောင်စီ SMC ကို ကွန်ပလိန်းတက်ပါတယ်။ အခုလို အော်တစ်ဇင်ရှိတဲ့ကလေးတွေကို ဒီဆေးတွေပေးတာဟာ ကလေးတွေအတွက်ဆေးပြင်းတွေဖြစ်ပြီး မလိုအပ်ပဲပေးတဲ့အတွက် အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ ကလေးအထူးကုဆရာဝန်တွေကဆိုပါတယ်။ အဲ့ဒီကလေးအထူးကုလေးယောက်ဟာ Dr Erwin Kay ရဲ့ ကုသမှုဟာ no evidence based (အခြေအမြစ်မရှိပဲ) ဒီဆေးတွေပေးပြီးကုသတာဖြစ်တယ်ဆိုပြီး SMC ကို ဒီကိစ္စစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ SMC ရဲ့ကော်မတီက စစ်ဆေးတဲ့အခါမှာ အော်တစ်ဇင်ကလေး အနည်းဆုံး (၃) ယောက်ကို […]

ဆက်ဖတ်ရန်နှိပ်ပါ။

?? အမေရိကန်အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေး booster dose ကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထိုးပေးမယ့်အစီအစဉ်အတွက် Pfizer-BioNTech နဲ့ပဲ စထိုးပေးတော့မယ်လို့ဆိုပါတယ်။

 292 Pageviews

 292 Pageviews FDA ကို Moderna ကတင်ထားတဲ့ booster dose အတွက် submission ဟာမလုံလောက်လို့ပါတဲ့။ FDA က Moderna ဆီက ပိုမိုခိုင်လုံတဲ့ ဒေတာတွေလိုအပ်တာဖြစ်ပြီး ဒီအတွက်ကြောင့် Moderna ဟာ booster dose ထိုးခွင့်ရတာ ရက်သတ္တပတ်အနည်းငယ်နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

?? လစ်သူယေးနီးယားဟာ တရုတ်ပြည်ကနေသူ့သံအမတ်ကိုပြန်ခေါ်လိုက်ပါတယ်။

 157 Pageviews

 157 Pageviews တရုတ်ပြည်ဟာ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ပေးမယ့်ကိစ္စအတွက် လစ်သူယေးနီးယားကို ဩဂတ်စ်လကတည်းက အကြီးအကျယ်ဖိအားပေးခဲ့ပါတယ်။ လစ်သူယေးနီးယားကနေ တရုတ်ပြည်ကသူ့သံအမတ်ကိုပြန်ခေါ်ခဲ့ပြီး အခြားအကျိုးဆက်တွေလည်းခံရအုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ လစ်သူယေးနီးယားကတော့ တရုတ်ပြည်ရဲ့ဖိအားပေးတာကို လက်မခံခဲ့ပါဘူး။ အမေရိကန်၊ ဂျပန်စတဲ့ နိုင်ငံကြီးတွေမှာလည်း ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကိုဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ တရုတ်ပြည်ဘက်ကအရိပ်အယောင်ပြခြိမ်းခြောက်ခဲ့တဲ့ ကုန်သွယ်ရေးကိစ္စ၊ ငွေကြေးကိစ္စအားလုံးကိုလည်း ခြိမ်းခြောက်တိုင်းမကြောက်ခဲ့ပါဘူး။ ဥရောပသမဂ္ဂက အခြားသံအမတ်တွေကလည်း လစ်သူယေးနီးယားဘက်ကရပ်တည်ကြောင်း လစ်သူယေးနီးယားသံအမတ်ကြီးပေကျင်းမြို့ကနေမထွက်ခွာခင်မှာ စုရုံးပြသခဲ့တယ်လို့ဆိုပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။