ဘရာဇီးမြွေပွေးရဲ့အဆိပ်ဟာ ကိုဗစ်တိုက်ဖျက်ရေးမှာအရေးပါတဲ့လက်နက်တစ်ခုဖြစ်လာနိုင်ကြောင်းတွေ့ရှိ။

COVID-19

 828 Pageviews

သိပ္ပံဂျာနယ် Molecules မှာတင်ပြထားချက်အရ ဘရာဇီး jararacussu pit viper ရဲ့အဆိပ်ကထုတ်ယူထားတဲ့ မော်လီကျူးတစ်မျိုးဟာ မျောက်တွေရဲ့ဆဲလ်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်ပွားများခြင်းကို (၇၅) ရာနှုန်းလျော့ချနိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီသုသေသနကို ?? ဘရာဇီး ရဲ့ University of Sao Paulo က Professor Rafael Guido နဲ့အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဘရာဇီးမြွေပွေးမျိုးရဲ့ အဆိပ်ထဲမှာ peptide မော်လီကျူးပါပါတယ်။ အမိုင်နိုအက်ဆစ်အတွဲမျိုးပါ။

အဲ့ဒီ peptide မော်လီကျူးဟာ ကိုဗစ်ဗိုင်းရပ်စ်ရဲ့ PLPro အင်ဇိုင်းနဲ့ချိတ်ဆက်နိုင်တာကို တွေ့ရပါတယ်။ အဲ့လိုချိတ်ဆက်ရာမှာ အခြားဆဲလ်တွေကို ထိခိုက်မှုမရှိစေပါဘူးတဲ့။ Peptide မော်လီကျူးတွေဟာ antibacterial ဘက်တီးရီးယားကိုသတ်နိုင်တဲ့ဂုဏ်သတ္တိရှိမှန်းအရင်ကတည်းကသိပြီးသားပါ။

သတင်းကောင်းတစ်ခုက အခု Peptide မော်လီကျူးမျိုးရဖို့ ဘရာဇီး jararacussu pit viper မြွေပွေးတွေကို လိုက်လံဖမ်းဆီးကာ #စုဆောင်းစရာမလိုပါဘူး။ 

? အခု Peptide မော်လီကျူးမျိုးရဖို့ ဓာတ်ခွဲခန်းထဲမှာတင်ဖော်စပ်လို့ရပါသတဲ့။  ဒီလိုပြောရတာကလည်း ထစ်ကနဲဆိုရင်ဘာကောင်းသလဲဆိုပြီး အကောင်နဲ့အရွက်လိုက်ရှာကာ လက်တည့်စမ်းကုသတတ်သူတွေကို ကြောက်ရလို့ဖြစ်ပါတယ်။

အခုသုသေသနပညာရှင်တွေဟာ ကိုဗစ်ဗိုင်းရပ်စ်ကနေ ကာကွယ်ပေးနိုင်မယ့် မော်လီကျူးပမာဏ dose နဲ့ efficacy အာနိသင်ထိရောက်မှုကိုသိရဖို့ စမ်းသပ်တော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *