အရက်မှာရင်းနှီးမြှုပ်နှံခြင်း

ဗဟုသုတ

 430 Pageviews

ကိုဗစ်နဲ့အရက်ဘာဆိုင်သလဲလို့တွေးရင်မှားမယ်။ Lockdown ကာလမှာ ရှားပါးဝီစကီတန်ဖိုးဟာ ၂၅ ရာနှုန်းတက်သွားတယ်။ အိမ်ကိုသိန်း ၂၀၀၀ တန်ရင်းနှီးမြှုပ်နှံထားမယ့်အစား အရက်သိန်း ၂၀၀၀ ဖိုးရင်းနှီးမြှုပ်နှံထားရင် ၂၀၂၀ မှာ သိန်း ၂၅၀၀ ဖြစ်သွားမယ်။

ဒါကြောင့်အရက်ရဲ့တန်ဖိုးကို လူပိန်းတွေမသိဘူးလို့ ကျနော်ကပြောတာ။ အဲ့လိုပြောလို့အရက်သောက်တတ်လို့လားဆိုတော့ သောက်ရတာမကြိုက်ဘူး။ အရက်ပုလင်းတွေတော့ဝယ်စုထားချင်တယ်။

မသောက်တာက နာမည်ကျော် Frank Lloyd Wright ရဲ့စကားကို ကြားဖူးလို့လည်းပါတယ်။ “A man is a fool is he drinks before he reaches the age of 50, and a fool if he doesn’t afterward.” – Frank Lloyd Wright

အဲ့ဒီတော့ ၅၀ မတိုင်ခင်မသောက်တာကောင်းတယ်ပေါ့။ Frank Lloyd Wright ဆိုတာ သူ့လက်ရာကို World Heritage စာရင်းထည့်ရတဲ့ ခေတ်သစ်ဗိသုကာကြီး။

ထားပါတော့။ ရောင်းရင်းတို့အတွက် အရက်ဝယ်ရတာ အကြောင်းပြစရာရဖို့ စာလေးဘာလေးရေးပေးအုံးမှပဲဆိုပြီး ဒီစာကိုရေးဖြစ်တာပဲ။ ဒါပေမယ့် အမျိုးသမီးတွေအတွက်လည်းပါတယ်။ ၂၀၀၀ ခုနှစ်ကျော် millennials တွေခေတ်ရောက်လာတဲ့အခါမှာ အမျိုးသမီးအရက်စုဆောင်းသူတွေ အတော့်ကိုများလာတယ်။

ကြုံလို့ပြောရအုံးမယ်။ ပေါကားထဲကအရက်သောက်နည်းကို ကျနော်အတော်ရွံတယ်။ တခါလာလည်း စိတ်ညစ်လို့အရက်သောက်တယ်ဆိုတာမျိုးလုပ်ပြနေတော့ ကလေးတွေလမ်းမှားလိုက်ကုန်တယ်။ ဘယ်နိုင်ငံမှာမှ အဲ့လိုအရက်ကိုစိတ်ညစ်ရင်သောက်စရာအဖြစ် ကားတိုင်းလိုလိုမှာ ဖော်မြူလာလုပ်ပြီးမပြဘူး။ အခုခေတ်မှာ လူစုံရင်ပုလင်းထောင်မယ်။ အခါကြီးရက်ကြီးမှာပုလင်းထောင်ပြီး မူးမူးရူးရူးကတာကို အဟုတ်ကြီးမှတ်နေတယ်။ တကယ် ဂျန်းတဲမန်းနဲ့ လေဒီတွေက အရက်ရဲ့တန်ဖိုးကိုနားလည်တယ်။ အရက်ဟာရွှေလိုပဲတန်ဖိုးတက်တက်လာတဲ့အရာထဲမှာပါတယ်။

ကိုဗစ်ကာလအတွင်းမှာ စကော့ဝီစကီ export ဟာ ၁၃ ရာနှုန်းကျဆင်းသွားတယ်။ ဝီစကီဟာ အရက်စုဆောင်းသူတွေအတွက် ရွှေလိုပဲထိတွေ့လို့ရတဲ့ tangible asset တစ်ခုဖြစ်တယ်။ ၂၀၁၃ ကစပြီး S&P global ဟာ ရင်းနှီးမြှုပ်နှံသူတွေမျက်စိကျစရာဖြစ်လာတယ်။ ၂၀၀ ရာနှုန်းတက်သွားတယ်။

ဒါပေမယ့် ရှားပါးဝီစကီတွေက သူ့ထက်ပိုတွက်ခြေကိုက်တယ်။ ထိပ်တန်း စုဆောင်းသူအယောက် (၁၀၀) လက်ထဲက ပုလင်းတွေဟာ ၃၀၀ ရာနှုန်းအထိခုန်တက်သွားတယ်လို့ Rare Whisky Icon 100 index အရဆိုတယ်။ မနှစ်က ဒီဇင်ဘာမှာ အဲ့ဒီ index က ၁၀ နှစ်အတွင်း ၄၇၈ ရာနှုန်းအထိခုန်တက်သွားတယ်။ အရက်စုဆောင်းတာတွက်ခြေကိုက်တယ်လို့ Richard Myo Thant ကပြောတယ်ဆိုပြီး ဗိုက်ထဲမှာချည်းစုဆောင်းဖို့လုပ်မနေကြနဲ့အုံး။

ဝါရင့်အရက်စုဆောင်းသူ Mr Billy Tham ကတော့ ဝီစကီစုဆောင်းတာ ၁၆ နှစ်ရှိပြီတဲ့။ သူဝယ်ထားတာတွေထဲက ၆၀ ရာနှုန်းက သူသောက်ဖို့၊ ၃၀ ရာနှုန်းက ကြိုက်လို့ဝယ်စုတာ၊ ၁၀ ရာနှုန်းက ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဈေးကွက်လိုက်ပြီး မြှုပ်နှံတာတဲ့။ ဝီစကီကိုပုလင်းတင်စုဆောင်းလို့ရတာမဟုတ်ပဲ ဝါသနာပါရင် cellar လေးလုပ်ပြီး barrel စည်လိုက်ဝယ်စုတတ်တဲ့လူလည်းရှိတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့မှာ ပုံထဲမှာပြထားတဲ့ ၁၉၂၆ ခုနှစ်ထုတ် Macallan Valerio Adami စကော့ဝီစကီပုလင်းဟာ ဒေါ်လာ ၂ သန်းလောက်အထိစျေးပေါက်ခဲ့တယ်။ Richard Gooding ဆိုတဲ့ လူကြီးက ပုလင်းပေါင်း ၃၉၀၀ လောက်ဝယ်စုထားရင်း အချို့ပုလင်းတွေက အဲ့ဒီလောက်ဈေးပေါက်ကုန်တာ။ အခုနောက်ပိုင်း ရှားပါးအရက်တွေပိုဈေးတက်ရတာက တရုတ်ပြည်ကချမ်းသာကြွယ်ဝသူတွေက investment တစ်ခုအနေနဲ့ ဝယ်ယူစုဆောင်းလာကြတာလည်းပါတယ်။ တရုတ်တွေဆိုတာ အရက်နဲ့စိမ်းသူတွေမဟုတ်ဘူး။ သိုင်းကားထဲမှာ အရက်ကောင်းကိုအိုးလိုက်မသောက်လာတဲ့သူတွေ။ သူတို့ရှားပါးဝီစကီလောကထဲလည်းဝင်လာရော ရှားပါးအရက်ဈေးတွေခုန်တက်ကုန်တာပဲ။

ရှားပါးအရက်ဆိုတာက အရင်ကတည်းကရှားပြီးသားမလား။ Euromonitor ရဲ့ခန့်မှန်းချက်အရ ၂၀၂၂ မှာ တရုတ်ပြည်ကြီးမယ် ဝီစကီလီတာပေါင်း ၂၃ ဘီလီယံကျော်အထိရောင်းချရလိမ့်မတဲ့။ အနှစ် ၄၀ သက်တမ်းရှိတဲ့ Dalmore superb single malt တစ်ပုလင်း (2018 release) ဟာ မြန်မာငွေ သိန်း ၁၇၀ ကျော်တန်တယ်။

အရက်မှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် – Global demand and reputation ကမ္ဘာ့အကြိုက်ကိုသိရမယ်။ ဘယ် distillery ကထုတ်တာလဲသိရမယ်။ အနည်းဆုံးနောက် ၁၀ နှစ် ၁၅ နှစ်မှာပြန်ရောင်းရင် ဝယ်လက်ရှိနေတဲ့အရက်မျိုးဖြစ်နေရမယ်တဲ့။

ကျနော်တွေးမိတာတစ်ခုရှိတယ်။ ကျနော်ကအရက်ရဲ့အရသာကိုကြိုက်တဲ့သူထဲမှာမပါဘူး။ ပုလင်းတွေကိုပဲသဘောကျတာ။

ဆိုကြပါစို့ အရက်ကောင်းကိုအရမ်းကြိုက်တတ်တဲ့လူတစ်ယောက်ဟာ သိန်း ၃ သောင်းကျော်တန်အရက်တစ်ပုလင်းကို ပိုင်ဆိုင်ထားရင် ဘာလုပ်မလဲ❓သင်သာဆိုရင်ဘာလုပ်မလဲ❓? အရက်ကောင်းကို အရမ်းကြိုက်သူတစ်ယောက်အနေနဲ့ ဖောက်သောက်မလား❓ဈေးတနေ့တခြားတက်လာတာကို ကြည့်ရင်း အရက်ပုလင်းလေးကို တစိမ့်စိမ့်ကြည့်မလား❓ငါမသေခင်တော့ ရောင်းပြီးသုံးစွဲသွားမယ်ဆိုပြီး auction တင်ရောင်းလိုက်မလား❓

ဘာတဲ့ … ကောက်ရိုးပုံစောင့်တဲ့ခွေးဆိုတဲ့ စကားပုံလည်းရှိတယ်မလား။ အပေါ်မှာအကောင်းရေးလာပြီးအောက်ကျမှပြန်စားတယ်မထင်နဲ့။ တွေးစရာတစ်ခုအနေနဲ့ အစထုတ်ပြတာ။

? အရက်သောက်ရင်းထိုင်စဉ်းစားလည်းရတယ်။

?

အရက်ရဲ့တန်ဖိုးကိုနားလည်ကြဖို့ ရေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *