★ Long March (ခရီးရှည်ချီတက်ခြင်း) ★

တော်လှန်ရေး

 390 Pageviews

Long March မှပေးသောသင်ခန်းစာများ

▪️နောက်ဆုံးမှာအရှုံမပေးတဲ့သူနိုင်တယ်။ (ထပ်ပြောမယ်။ နောက်ဆုံးမှအရှုံးမပေးတဲ့သူဘက်ကနိုင်စမြဲပဲ။)

▪️အဲ့ဒီအချိန်တုန်းက အင်အားအကြီးဆုံး၊ လက်နက်အင်အားလူအင်အားအတောင့်ဆုံးနဲ့ ဘယ်လိုမှဖြိုခွဲလို့မဖြစ်နိုင်ဘူးထင်ထားတာက ကို့မင်တန်စစ်တပ်ကြီး။

▪️အဲ့ဒီအချိန်မှာ အဖက်ဖက်ကနေအဝိုင်းခံထားရတဲ့ လုံးဝပျက်သုဉ်းလုလုအခြေအနေကိုရောက်နေတာက တရုတ်ကွန်မြူနစ်ပါတီ။

▪️ယနေ့အခြေအနေအားလုံးပြောင်းပြန်ဖြစ်သွားစေခဲ့တာက အဲ့ဒီခရီးရှည်ချီတက်ပွဲကြီးကြောင့်ပဲ။▪️ပြည်သူလူထုပါဝင်လာမှုဟာ တော်လှန်ရေးအောင်မြင်ခြင်းရဲ့အသက်ဖြစ်တယ်

▪️ကို့မင်တန်တွေဘက်မှာ ဗိုလ်ချုပ် Xue Yue လိုမျိုး God of War စစ်ဘုရားလို့ တရုတ်တွေခေါ်ရတဲ့သူပါတယ်။ဒါပေမယ့် နောက်ဆုံးတော့ ပြည်သူလူထုကိုပါအောင်စည်းရုံးနိုင်တဲ့သူက အနိုင်ရသွားတာပဲ။

“စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊

စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊

ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊

ပြည်သူ့စွမ်းအား မကိုးစားလျှင်၊

ဓားသွားလည်း ကြွေ၊

လှံလည်းခွေအံ့” ဆိုတာအမှန်ပဲ။

▪️ဒီဖြစ်ရပ်ကြီးအပြီးမှာ ပြည်သူလူထုဟာ ကွန်မြူနစ်ပါတီဝင်တွေရဲ့ ကြံ့ကြံ့ခံနိုင်မှုကို အလွန်လေးစားအထင်ကြီးသွားပြီး လူငယ်တွေဟာ ကွန်မြူနစ်ပါတီရှိရာကို တကူးတကသွားရောက်ပူးပေါင်းကြတယ်။

Long march စတင်ခဲ့ပုံက ကွန်မြူနစ်ပါတီဟာ Jiangxi မှာအဝိုင်းခံထားရတယ်။ ဒီတစ်ပွဲဟာ ဘယ်လိုမှနိုင်စရာမရှိတဲ့ ရန်သူကအင်အားသာလွန်းတဲ့ပွဲ။ အဲ့ဒီမှာ အားလုံးတိုင်ပင်ပြီး Jiangxi ကနေဖောက်ထွက်ကာ တရုတ်ပြည်အနောက်ဖက်တည့်တည့်ကိုချီတက်ကာ အဲ့ဒီကနေမြောက်ဖက် မဟာတံတိုင်းကြီးရောက်အောင်အထိ ချီတက်ခဲ့ရတယ်။ တည့်တည့်ပြောရင် ထွက်ပြေးရတယ်ပေါ့။

နောက်ကလည်း ကို့မင်တန်တပ်တွေကလိုက်တယ်။ တစ်ခုကွာသွားတာက ပြေးရတဲ့ အဲ့ဒီတုန်းကကွန်မြူနစ်တွေရဲ့စိတ်ဓာတ်နဲ့ နောက်ကနေလိုက်နေတဲ့ ကို့မင်တန်စစ်တပ်ရဲါစိတ်ဓာတ်ပဲ။ အဲ့ဒီတုန်းကလို့ပြောရတာက အဲ့ဒီတုန်းကကွန်မြူနစ်တွေဟာ တကယ့်ကိုစိတ်ဓာတ်ပြင်းထန်လို့ပဲ။

မိုင်ပေါင်း (၅၆၀၀) ကျော်ကို တစ်နှစ်နဲ့ ၆ ရက်ကြာခက်ခက်ခဲခဲချီတက်ခဲ့ရတယ်။ လမ်းမှာ အရမ်းကျယ်တဲ့ ရွံ့မြေပြင်ကြီးတွေ၊ တောတောင်ကြီးတွေ၊ ရေစီးသန်တဲ့မြစ်ချောင်းတွေ၊ အေးခဲနေတဲ့နှင်းတောတွေကို ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတယ်။

နာမည်ကျော် Luding ကြိုးတံတားမှာ ရန်သူက စက်သေနတ်နဲ့ တရပ်စပ်ပစ်နေတဲ့ကြားထဲကနေ ကွန်မြူနစ်တွေက တံတားကိုရအောင်ကာကွယ်နိုင်ခဲ့သတဲ့။ (နောက်ပိုင်း သမိုင်းကိုတကယ်စိစစ်သူတွေက ဒါမော်စီတုန်းရဲ့ဝါဒဖြန့်လုံးသက်သက်လို့ဆိုတယ်။ အဲ့ဒီတုန်းက အရမ်းအေးပြီးနှင်းတွေနဲ့ဖုံးနေတာ ရိုးရိုးအတိုင်းတောင်ဖြတ်ဖို့မလွယ်ဘူးလို့ဆိုကြတယ်။)

ဘာပဲဖြစ်ဖြစ် ခရီးရှည်ချီတက်ပွဲဟာ တကယ်ခက်ခဲကြမ်းတမ်းခဲ့တာတော့အမှန်ပဲ။ ခရီးရှည်ချီတက်ပွဲစတော့ ကွန်မြူနစ်ဘက်က အင်အား(၆၉၀၀၀) ရှိတယ်။ ခရီးရှည်ချီတက်မှုပြီးဆုံးချိန်မှာ အင်အား ၈၀၀၀ လောက်ပဲကျန်တယ်။

ကျနော်ဟာကွန်မြူနစ်တွေကိုသဘောကျတဲ့သူမဟုတ်ဘူး။ ဒါပေမယ့် ကိုယ်အောင်မြင်ဖို့ ရန်သူဆီကနေသင်ခန်းစာယူတတ်ဖို့လိုတယ်။ ဒါကြောင့် The Long March အကြောင်းကိုရေးတာဖြစ်ပါတယ်။

သိထားစရာတွေရှိသေးတယ်။ အဲ့ဒီတုန်းက တရုတ်ပြည်တပြည်လုံးမှာ ချမ်းသာပြီးကိုယ့်အဖွဲ့နဲ့ကိုယ် လက်နက်ကိုင်နေတဲ့ ဒေသ warlords တွေရှိတယ်။ ကွန်မြူနစ်တွေဟာ တရုတ်ပြည်ကြီးကိုပတ်ပြီး ခရီးရှည်ချီတက်ရာလမ်းတစ်လျှောက်မှာ ဒေသက warlords လက်နက်ကိုင်အုပ်စုခေါင်းဆောင်တွေဆီကနေ ပစ္စည်းတွေ၊ လက်နက်တွေသိမ်းပြီး ဆင်းရဲသားတောင်သူလယ်သမားတွေကိုစည်းရုံးက သူတို့ရဲ့လက်နက်အင်အားနဲ့ ဒေသစည်းရုံးရေးဆင်းမှုတွေ တခါတည်းလုပ်သွားတယ်။

နောင်တချိန်မှာ ကွန်မြူနစ်တွေတရုတ်ပြည်ကို အပင်ပန်းဆင်းရဲခံပြီး ခရီးချီတက်ခဲ့တာဟာ သူတို့ဝါဒကိုတရုတ်တပြည်လုံးကိုဖြန့်ပြီးသားဖြစ်သွားစေတယ်။ သူတို့ရဲ့ တကယ်အပင်ပန်းဆင်းရဲခံပြီး လက်လျော့အရှုံးမပေးတဲ့စိတ်ဓာတ်ဟာ လူထုကိုလေးစားသဘောကျစရာဖြစ်စေခဲ့တယ်။ နောက်တစ်ခုက ကွန်မြူနစ်တွေမှာ ပြဿနာမတက်ဘူးမဟုတ်ဘူး။ အုပ်စုကွဲပြဿနာက ခရီးရှည်ချီတက်ပွဲအတွင်းမှာကိုဖြစ်ခဲ့တယ်။

လမ်းမှာ ခေါင်းဆောင်အပြောင်းအလဲတွေဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးအောင်မြင်ဖို့ အားလုံးကလက်မလျော့ပဲဆက်လုပ်ခဲ့ကြတယ်။

အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရဘူး။ ပေးဆပ်မှုတွေကိုစုပေါင်းပေးဆပ်ပြီးမှ ကြီးမားတဲ့အောင်မြင်မှုကြီးကိုရတယ်။

Long March ဟာသမိုင်းကိုပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်ကြီးပဲ။ သမိုင်းကိုမိမိတို့လက်ထက်မှာပြောင်းချင်သလား❓စဉ်းစားကြဖို့လိုတယ်။

မြန်မာပြည်ကြီးဟာမကြုံစဖူး ပြည်သူလူထုတစ်ယောက်တစ်လက်စီက အပင်ပန်းဆင်းရဲခံပြီးထည့်ဝင်တဲ့ ငွေအင်အား၊ လူအင်အားနဲ့ တိုင်းပြည်တည်ဆောက်ဖို့၊ ပြည်သူ့တပ်မတော်စစ်စစ်ကိုတည်ဆောက်ဖို့ ကြိုးပမ်းနေချိန်ဖြစ်တယ်။ မြန်မာပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ အခက်ခဲအကြမ်းတမ်းဆုံးအချိန်ဖြစ်တယ်။​

★ သမိုင်းဟာကျနော်တို့လက်ထဲမှာရှိနေတယ်။ အဲ့ဒါကိုမမေ့ပါနဲ့။

★ အခုအချိန်ဟာအရေးအကြီးဆုံးအချိန်ဆိုတာကိုမမေ့ကြပါနဲ့။

★ ယနေ့ကျနော်တို့လုပ်ရပ်အားလုံးဟာ တနေ့မှာ အဆိုး/အကောင်းသမိုင်းတွင်မယ့်လုပ်ရပ်တွေဆိုတာကိုမမေ့ကြပါနဲ့။

★ ခိုင်မာတဲ့ဇွဲသတ္တိနဲ့ပေးဆပ်မှုဟာ ဘယ်လောက်အင်အားကြီးမားတဲ့စစ်တပ်ကိုမဆို နောက်ဆုံးမှာအောင်မြင်နိုင်တယ်ဆိုတာကိုမမေ့ကြပါနဲ့။

★ ပြည်သူလူထုရဲ့အင်အားဟာသာလျှင်အဓိကဖြစ်တယ်ဆိုတာကိုမမေ့ကြပါနဲ့။

ပန်းတိုင်မရောက်ခင်သွေးမကွဲဖို့ အရေးကြီးတယ်ဆိုတာကို မမေ့ကြပါနဲ့။

✊

Leave a Reply

Your email address will not be published.