?? အခုရက်ပိုင်းအတွင်းအိမ်ရှေ့အိမ်ကမိန်းမကိုပတ်ရှောင်နေရတယ်။

ဗဟုသုတ

 400 Pageviews

ရှောင်ဆိုကျနော် ဘယ်မြေဩဇာအမျိုးအစားထည့်ပြီးအပင်စိုက်သလဲလိုက်မေးနေတာကိုး။

တံဆိပ်မေးပြီး သူလိုက်ဝယ်မလို့တဲ့။ သူ့သမီးလည်းပန်းအိုးနဲ့ ? ခရမ်းသီးပင်ရယ်၊ ကိုက်လန်ပင်တွေရယ်စိုက်ထားတယ်။ သေချာဂရုတစိုက်ရေလောင်းရဲ့သားနဲ့ပိန်လိန်နေတာပဲတဲ့။


ကျနော် ပန်းအိုးသေးသေးလေးတစ်အိုးထဲမှာ ရှမ်းနံနံ (၂) ပင်ရယ်၊ ရှားစောင်းလက်ပပ် (၃) ပင်ရယ်၊ နဂါးမောက်သီးပင်ပေါက် (၁) ပင်ရယ်ထည့်စိုက်ထားတာ အိုကေနေတာကို သူသဘောကျနေတာ။


ပြဿနာက Richard Myo Thant ရှုရှုပေါက်ထည့်ထားတယ်ဆိုတာသူမှမသိတာကိုး။ ?
ဒါမျိုးကဘယ်ပြောလို့ဖြစ်ပါ့မလဲ။ တော်ကြာသူတို့လည်း ရှုရှုပေါက်ပြီးလိုက်လောင်းနေရင် အိမ်နားမှာနံစော်ကုန်မယ်။


ကဲ … မြန်မာပြည်က ကိုယ့်အချင်းချင်းတွေကိုတော့ secret formula ကိုမျှဝေလိုက်မယ်။ အပင်တစ်ပင်ဖြစ်ဖို့ NPK အချိုးအဆရယ်၊ နေရောင်ခြည်ရယ်၊ ရေဓာတ်ရယ်ကအရေးအကြီးဆုံးဗျ။ NPK ratio ဆိုတာ နိုက်ထရိုဂျင် N : ဖော့စဖောရပ် P : ပိုတက်ဆီယမ် K ဒီသုံးမျိုးရဲ့အချိုးကိုခေါ်တာ။


ကျနော်တို့ပေါက်တဲ့ ဆီးထဲမှာ NPK (20: 1.2 :4) ရှိတယ်။ ဒါဆိုရင် NPK (20: 1.3: 4) ရှိတဲ့ နာမည်ကျော် ဥရောပထုတ် YaraMila Y1 ဓာတ်မြေဩဇာနဲ့ အချိုးအဆအတူတူလောက်ရှိတယ်။ တချို့ကလည်း ကျနော်တို့ပေါက်တဲ့ ဆီးထဲမှာ NPK (11:2:4 ) ရှိတယ်လို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပင်လောင်းဖို့အနေတော်ပဲ။

တစ်ခုပဲရှိတယ်။ တိုက်ရိုက်မလောင်းသင့်ပါ။ ရေ (၈) ဆလောက်နဲ့စပ်ပြီးမှလောင်းရင်ပိုစိတ်ချရတယ်။ ပြဿနာက ကျနော်တို့စားသုံးထားတဲ့ ဆားဓာတ်များမှာစိုးလို့ဖြစ်တယ်။


မြေဩဇာလုပ်ဖို့ပုံထားတဲ့မြေဆွေးပေါ်တိုက်ရိုက်လောင်းတာက ပြဿနာမရှိဘူး။ အပင်ကြီးတွေကိုလောင်းတာက ပြဿနာမရှိဘူး။
နောက်တစ်ခုက နေမကောင်းဖျားနာနေတဲ့လူနာရဲ့ဆီးကို အပင်ကိုမလောင်းရဘူး။ ကူးစက်ရောဂါရှိမှာစိုးလို့ရယ်၊ သောက်တဲ့ဆေးထဲက ဓာတ်အကြွင်းအကျန်တွေပါမှာစိုးလို့ရယ်ဖြစ်တယ်။ ပါရာစီတမောကများရင်အပင်အတွက်မကောင်းဘူး။


အဲ့ဒီတော့ နေကောင်းလို့ အပင်လေးစိုက်ရင်း အပင်ကို သဘာဝ အော်ဂန်းနစ်မြေဩဇာစစ်စစ်လောင်းချင်ရင် တကူးတကရှာနေစရာမလိုဘူးလို့အသိပေးတာ။ ? ကျနော့်သဘောကျပြီး အိမ်မှာလိုက်လောင်းရင် လူကြီးတွေမေးငေါ့နေအုံးမယ်။

Leave a Reply

Your email address will not be published.