? ? #ကိုယ်ဝန်ဆောင်များကာကွယ်ဆေးထိုးရင် side effect ခံစားရတာပိုနည်းတာကိုတွေ့ရှိ။

ကာကွယ်ဆေး

 410 Pageviews

?? Journal of American Medical Association မှာ အင်္ဂါနေ့ကဖော်ပြခဲ့တဲ့ ယခုတွေ့ရှိချက်ဟာ မရည်ရွယ်ထားပဲနဲ့ တွေ့ရှိရတဲ့ ရလဒ်ကောင်းတစ်ခုပါ။ Report အပြည့်အစုံကို ဒီလင့်မှာဖတ်ပါ။ https://jamanetwork.com/…/jamanetwo…/fullarticle/2783112

အမေရိကန်ပြည်ထောင်စု Seattle ရှိ UW Medicine ဟာ ကာကွယ်ဆေးထိုးထားသူ (၁၇၀၀၀) ကျော်ကို survey လုပ်ခဲ့ပါတယ်။

အဲ့ဒီအထဲမှာ အယောက် (၇၇၇၀) ဟာ ? ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဖြစ်ပါတယ်။ အဲ့ဒီအထဲက (၆၇၇၅) ယောက်ကတော့ မီးဖွားပြီးစနို့တိုက်မိခင်တွေဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကာကွယ်ဆေးထိုးလို့ရလာမယ့် မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုး side effects တွေဖြစ်မှာကို စိုးရိမ်ပူပန်ကြပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ကိုယ်ပူချိန်အရမ်းတက်တာမျိုးဟာ first trimester လိုကာလတွေမှာ အန္တရာယ်ရှိပါတယ်။ The American College of Obstetricians & Gynecologists ကတော့ အဲ့ဒီအချိန်မှာကိုယ်ပူချိန်တက်လာရင် Tylenol သောက်လို့ရတယ်လို့ပြောပါတယ်။

အဲ့ဒီမှာ ထူးခြားတာက နို့တိုက်မိခင်တွေဟာ ရိုးရိုးအမျိုးသမီးတွေထက် ကာကွယ်ဆေး side effects တွေခံစားရတာနည်းပါသတဲ့။ ပိုထူးခြားတာက ကာကွယ်ဆေးထိုးထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ နို့တိုက်မိခင်တွေထက် ကာကွယ်ဆေး side effects တွေခံစားရတာပိုနည်းတာကို တွေ့ရပါသတဲ့။ #ဘယ်အကြောင်းတရားဟာ ကိုယ်ဝန်ဆောင်မိခင်တွေကို အခုလို side effects က သက်သာအောင်ကာကွယ်ပေးထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။ အခုရလဒ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကာကွယ်ဆေးထိုးဖို့ ပိုမိုအားပေးရာဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် ကိုဗစ်ကာကွယ်ဆေးဟာ ကိုယ်ဆောင်အမျိုးသမီးတွေမှာ အန္တရာယ်ဖြစ်စေတာမတွေ့ရပဲ side effects လည်း ရိုးရိုးအမျိုးသမီးတွေထက်သက်သာကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

နို့တိုက်မိခင်များလည်း ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *