? အလူမီနီယံနဲ့ စတိန်းလက်စတီး သတ္တုပစ္စည်းထည်တွေ #ဈေးခုန်တက်သွားပါလိမ့်မယ်။

ကမ္ဘာ့သတင်း

 368 Pageviews

မနေ့ကတနင်္လာနေ့မှာ CNIA (China Nonferrous Metals Industry Association ) က အစည်းအဝေးလုပ်ပြီးတော့ အလူမီနီယမ်သတ္တုကုန်ကြမ်းဟာ လက်မခံနိုင်လောက်အောင်ဈေးခုန်တက်သွားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါဟာ ၁၃ နှစ်အတွင်းအမြင့်ဆုံးဈေးခုန်တက်မှုပါ။

သတ္တုပစ္စည်းတွေဈေးခုန်တက်တိုင်း အကြောင်းရင်းကို ကျနော်သတိထားကြည့်မိပါတယ်။

(၁) ကုန်ကြမ်းဈေးတက်လို့၊

(၂) အစိုးရပေါ်လစီကြောင့်၊

အလူမီနီယံတင်မက လွန်ခဲ့တဲ့ တစ်လလောက်ကပဲ စတိန်းလက်စတီးတွေဈေးခုန်တက်ကြောင်း ကျနော့်အသိကပြောပါသေးတယ်။ ဩစတေးလျကတင်သွင်းတဲ့ သတ္တုရည်ပုံလောင်းရာမှာသုံးတဲ့ သဲကဈေးအတော့်ကို ခုန်တက်သွားသတဲ့။

၂၀၁၆ – ၂၀၁၇ မှာ ကျနော်သတိထားမိတာက တရုတ်အစိုးရရဲ့ Blue Sky Initiative ကြောင့် သတ္တုပုံလောင်းနဲ့ သတ္တုအရည်ကြိုလုပ်ငန်းတော်တော်များများ လုပ်ငန်းလျော့ချခဲ့ကြရပါတယ်။ အဲ့ဒီတော့ဈေးတက်ကုန်ပါတယ်။ တံခါးလက်ကိုင်လို အလူမီနီယံထည်တွေအတွက်က အလူမီနမ်ဘလောက်တုံးတွေကိုသုံးရပါတယ်။ (ကျနော်ပထမဦးဆုံးစာစရေးမယ်လို့တွေးထားတဲ့စာအုပ်ဟာ သတ္တုအရည်ကြိုလုပ်ငန်းအကြောင်းစာအုပ်ပါ။ တနေ့နေ့တော့ အဲ့ဒီအကြောင်းရေးပါမယ်။)

အဲ့ဒီဘလောက်တုံးတွေကို သတ္တုအရည်ကြိုပြီးပြန်သန့်စင်တဲ့ Smelters ကြီးတွေဆီကနေရပါတယ်။ အဲ့ဒီ Smelters တွေကို ကန့်သတ်မှုတွေပြီးခဲ့တဲ့အပတ်က လုပ်တဲ့သတင်းဖတ်ရပါတယ်။ ဒီနှစ်ပထမ ၇ လအတွင်းမှာ စင်ကျန်းပြည်နယ်မှာ smelters အရည်ကြိုလုပ်ငန်းကြီးငါးခုကို ထုတ်ကုန်ပမာဏ ၁၀% ကန့်သတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ ခန့်မှန်းတွက်ချက်မှုအရသိရပါတယ်။

စင်ကျန်းပြည်နယ်ဟာ တရုတ်ပြည်ကြီးရဲ့ သတ္တုရည်ကြိုရာမီးဖိုကြီးဖြစ်ပါတယ်။ ကမ္ဘာ့ အလူမီနီယံအရည်ကြိုရာလုပ်ငန်း ၅ ပုံ ၁ ပုံဟာ စင်ကျန်းမှာရှိပါတယ်။ အခု CNIA အစည်းအဝေးမှာတော့ တတ်နိုင်သလောက်ဈေးမတက်ပဲ ထိန်းထိန်းသိမ်းသိမ်းလုပ်သွားမယ်လို့ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published.