Apple ဟာ iphone တွေမှာ ?️ အရေးပေါ်ဂြိုလ်တုဆက်သွယ်ရေး Feature ပါဖို့လုပ်ဆောင်နေပါတယ်တဲ့။

ကမ္ဘာ့သတင်း

 462 Pageviews

မိုဘိုင်းဆက်သွယ်ရေးစနစ် ပြတ်တောက်သွားတဲ့ အခြေအနေ (၂) ရပ်မှာ အဲ့ဒီဂြိုလ်တုဆက်သွယ်ရေးစနစ်ကိုသုံးနိုင်မယ်လို့ဆိုပါတယ်။

(၁) မိုဘိုင်းဆက်သွယ်ရေးစနစ် signal လုံးဝမရတော့တဲ့အချိန်မျိုးမှာ Messages app တစ်ခုကနေ (ဒါမှမဟုတ်) iMessage ကိုသုံးပြီး မက်ဆေ့ပို့နိုင်မယ်လို့ ဆိုပါတယ်။

(၂) လေယာဉ်ပျက်ကျလို့ (ဒါမှမဟုတ်) မီးလောင်ခြင်းစတဲ့ သဘာဝဘေးဒဏ်နဲ့ကြုံရပြီး signal ပြတ်တောက်နေခဲ့ရင် 911 လို အရေးပေါ်လိုင်းတွေကို ဂြိုလ်တုကတဆင့် သတင်းပို့နိုင်မှာဖြစ်ပါတယ်။

ဖုံးသုံးနေသူရဲ့နေရာနဲ့ ကျန်းမာရေးအချက်အလက် Medical ID တွေကို သတင်းပို့နိုင်မှာဖြစ်ပါတယ်။ သို့သော် အခု feature ကို ဒီနှစ်ထဲမှာတော့ မရနိုင်သေးဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု feature အမြန်ရလာဖို့ ကျနော်ကတော့ဆုတောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *