234 Pageviews
ဒီနေ့ညနေ ဂေါ်ရခါးညွှန့်ကြော်စားတယ်။ ဒါမလေးရှားကမှာထားတဲ့ ဂေါ်ရခါးညွှန့် ၄ ဒေါ်လာဖိုးကိုအိမ်မှာကြော်ထားတာဖြစ်တယ်။ ဒီတစ်ပွဲဟာ Yunnan ဆိုင်က ၁၄ ဒေါ်လာတန်ထက်များတယ်။ကြုံလို့ဂေါ်ရခါးညွှန့်ရဖို့ အိမ်မှာစိုက်ကြည့်ပုံကိုပြောပြအုံးမယ်။ ဂေါ်ရခါးသီးကို ဘယ်လိုအပင်ဖောက်ရသလဲပြောပြမယ်။ ဂေါ်ရခါးသီးထဲမှာ အစေ့ခပ်ကြီးကြီးတစ်စေ့ပဲပါတယ်။ တတ်နိုင်ရင် အသီးရင့်တာရှာပြီးတော့ ပလတ်စတစ်ဘူး (သို့) ဇလုံထဲမှာ kitchen tower စက္ကူကိုရေဆွတ်ပြီး အဲ့ဒီအပေါ်မှာတင်။ ပြီးရင်လေလုံအောင် ပလတ်စတစ်နဲ့အုပ်ထား။ အများဆုံး (၇) ရက်လောက်ဆိုရင် ဂေါ်ရခါးသီးရဲ့ဖင်ဘက်ကနေ အညှောင့်ပေါက်လာလိမ့်မယ်။ အဲ့ဒါဆိုရင် ရေလေးဖြန်းဖြန်းပေးပြီး ပလတ်စတစ်နဲ့ပြန်အုပ်ထားရင် မုတ်ဆိတ်တွေလိုပဲအမြစ်တွေ တဖွားဖွားထွက်လာလိမ့်မယ်။
ဒါများ wikiHow မှာသွားကြည့်ရင်ရတာပဲမလုပ်နဲ့။ သူတို့ပုံဆွဲပြထားတာမှားနေတယ်။ ကျနော်ကကိုယ်တိုင်အပင်ဖောက်လာလို့သိတာ။ wikiHow ထဲမှာ ဂေါ်ရခါးညွှန့်ကအသီးရဲ့အညှာဘက်ကထွက်တယ်လို့ ပုံတွေဆွဲပြထားတာ လုံးဝမှားတယ်။ အသီးရဲ့ဖင်ဘက်က တဖြည်းဖြည်းကွဲလာပြီး အညှောင့်ထွက်လာရမှာ။ wikiHow ရဲ့ “How-to instructions you can trust.” ဆိုတဲ့ဆောင်ပုဒ်မှားနေတယ်။ အဲ့လိုအပင်ပေါက်ပြီးအမြစ်တွေတဖွားဖွားထွက်လာလို့ အညှောင့်က ၅ လက်မလောက်ထွက်လာရင် မြေကြီးပေါ်မှာ အပင်ချစိုက်လိုက်လို့ရပြီ။
ကျနော်က ရေသွားကူးရင်းရေကူးကန်မှာအပင်ဖြစ်ထွန်းနေတာမြင်လို့စိုက်ဖို့ကြိုးစားတာ။ ဂေါ်ရခါးသီးနဲ့ ဂေါ်ရခါးညွှန့်ကိုပဲစားကြတာ ဂေါ်ရခါးမြစ် Ichintal ကလည်း ကဇွန်းဥလိုပဲ စားလို့ရတာကိုတချို့ကမသိကြဘူး။ စင်ကာပူမှာတော့ ဂေါ်ရခါးရွက်လေးစားဖို့ ဝယ်လို့ရတာတောင်အတော်ကျေးဇူးတင်ဖို့ကောင်းနေပြီ။
တလောက Yunnan restaurant မှာ ပူတူးတို့နဲ့သွားစားတာ တစ်ပွဲကို ၁၄ ဒေါ်လာ GST နဲ့ဆို မြန်မာငွေနဲ့ တစ်သောင်းခွဲကျော်လောက်ကျတယ်။ရွှေအိနဲ့မီးမီးက ဘာဖြစ်လဲ ရှားရှားပါးပါးစားလို့ရတာကျေးဇူးတင်လို့ပြောပြီးမှာကြတာ။ တယောက်မျက်နှာတယောက်ကြည့်စားနေရတာမတန်လို့ အိမ်မှာအပင်စိုက်ကြည့်တာ မဖြစ်ဘူး။ အပင်ကပေါက်လာပြီး တစ်တောင်လောက်ရှည်လာတော့မှ သေသေသွားတာ။ အဲ့ဒီတလောကနေရောင်သေချာမရလို့လည်းဖြစ်နိုင်တယ်။ အပင်ပေါက်က စထွက်ထွက်ခြင်းဟန်သား။ ပြီးတော့သူ့အသီးထဲကအသားလည်းကုန်ရော ညှိုးသွားရော။ အဲ့ဒီတလောက နေရောင်သေချာမရဘူး။
ဒီတစ်ခါမှ ရစ်ချတ်မျိုးသန့်ရဲ့ စပါယ်ရှယ်မြေဩဇာထည့်ပြီးစိုက်ကြည့်အုံးမယ်။ စိုက်လို့ဖြစ်ရင်ပြောမယ်။