?? လစ်သူယေးနီးယားဟာ တရုတ်ပြည်ကနေသူ့သံအမတ်ကိုပြန်ခေါ်လိုက်ပါတယ်။

ကမ္ဘာ့သတင်း

 114 Pageviews

?? တရုတ်ပြည်ဟာ ?? ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ပေးမယ့်ကိစ္စအတွက် ?? လစ်သူယေးနီးယားကို ဩဂတ်စ်လကတည်းက အကြီးအကျယ်ဖိအားပေးခဲ့ပါတယ်။ လစ်သူယေးနီးယားကနေ တရုတ်ပြည်ကသူ့သံအမတ်ကိုပြန်ခေါ်ခဲ့ပြီး အခြားအကျိုးဆက်တွေလည်းခံရအုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

လစ်သူယေးနီးယားကတော့ တရုတ်ပြည်ရဲ့ဖိအားပေးတာကို လက်မခံခဲ့ပါဘူး။ အမေရိကန်၊ ဂျပန်စတဲ့ နိုင်ငံကြီးတွေမှာလည်း ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကိုဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ တရုတ်ပြည်ဘက်ကအရိပ်အယောင်ပြခြိမ်းခြောက်ခဲ့တဲ့ ကုန်သွယ်ရေးကိစ္စ၊ ငွေကြေးကိစ္စအားလုံးကိုလည်း ခြိမ်းခြောက်တိုင်းမကြောက်ခဲ့ပါဘူး။

ဥရောပသမဂ္ဂက အခြားသံအမတ်တွေကလည်း လစ်သူယေးနီးယားဘက်ကရပ်တည်ကြောင်း လစ်သူယေးနီးယားသံအမတ်ကြီးပေကျင်းမြို့ကနေမထွက်ခွာခင်မှာ စုရုံးပြသခဲ့တယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published.