?? အခုရက်ပိုင်းအတွင်းအိမ်ရှေ့အိမ်ကမိန်းမကိုပတ်ရှောင်နေရတယ်။

 362 Pageviews

 362 Pageviews ရှောင်ဆိုကျနော် ဘယ်မြေဩဇာအမျိုးအစားထည့်ပြီးအပင်စိုက်သလဲလိုက်မေးနေတာကိုး။ တံဆိပ်မေးပြီး သူလိုက်ဝယ်မလို့တဲ့။ သူ့သမီးလည်းပန်းအိုးနဲ့ ? ခရမ်းသီးပင်ရယ်၊ ကိုက်လန်ပင်တွေရယ်စိုက်ထားတယ်။ သေချာဂရုတစိုက်ရေလောင်းရဲ့သားနဲ့ပိန်လိန်နေတာပဲတဲ့။ ကျနော် ပန်းအိုးသေးသေးလေးတစ်အိုးထဲမှာ ရှမ်းနံနံ (၂) ပင်ရယ်၊ ရှားစောင်းလက်ပပ် (၃) ပင်ရယ်၊ နဂါးမောက်သီးပင်ပေါက် (၁) ပင်ရယ်ထည့်စိုက်ထားတာ အိုကေနေတာကို သူသဘောကျနေတာ။ ပြဿနာက Richard Myo Thant ရှုရှုပေါက်ထည့်ထားတယ်ဆိုတာသူမှမသိတာကိုး။ ?ဒါမျိုးကဘယ်ပြောလို့ဖြစ်ပါ့မလဲ။ တော်ကြာသူတို့လည်း ရှုရှုပေါက်ပြီးလိုက်လောင်းနေရင် အိမ်နားမှာနံစော်ကုန်မယ်။ ကဲ … မြန်မာပြည်က ကိုယ့်အချင်းချင်းတွေကိုတော့ secret formula ကိုမျှဝေလိုက်မယ်။ အပင်တစ်ပင်ဖြစ်ဖို့ NPK အချိုးအဆရယ်၊ နေရောင်ခြည်ရယ်၊ ရေဓာတ်ရယ်ကအရေးအကြီးဆုံးဗျ။ NPK ratio ဆိုတာ နိုက်ထရိုဂျင် N : ဖော့စဖောရပ် P : ပိုတက်ဆီယမ် K […]

ဆက်ဖတ်ရန်နှိပ်ပါ။

?? အာဖကန်ကိုဖြတ်တိုက်ခဲ့တဲ့ဆိုက်ကလုံး

 352 Pageviews

 352 Pageviews ပုံထဲမှာ အာဖကန်မူဂျာဟစ်ဒင်တစ်ယောက်က ဆိုဗီယက် Mi-24D ဟယ်လီကော့ပတာကိုပစ်ချနေပါတယ်။ အာဖကန်သမိုင်းကြောင်းအကြမ်းဖျင်း time line လေးရေးပေးပါမယ်။ ဘာမှမရှိတဲ့ အာဖကန်မြေကို ဗြိတိသျှတွေ၊ ဆိုဗီယက်တွေ၊ အမေရိကန်တွေဝင်ရောက်ကြည့်ခဲ့ကြပါတယ်။ ဝင်ကြည့်ခဲ့တဲ့ သုမနတို့ရဲ့ကျောတိုင်းမှာ အရှိုးရာတွေထင်ခဲ့တာချည်းပါပဲ။ ၁၉ ရက် ၈ လ ၁၉၁၉ မှာ ဗြိတိသျှတို့နဲ့စစ်ပြေငြိမ်းပြီး အာမန်နျူလာခန်ဟာ ဘုရင်အဖြစ်ခံယူခဲ့တယ်။ ၁၉၇၃ မှာ မိုဟာမက်ဒါဝတ်ခန်က သူ့ဝမ်းကွဲညီအကိုရှားဘုရင်ကို coup d’état လုပ်ကာ အာဏာတက်သိမ်းရာက အာဖကန်ဟာ ထောင်းလမောင်ကြေကာ လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရပါတယ်။ ? တိုင်းပြည်တစ်ပြည်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားကတော့ အာဏာလိုချင်လို့ အာဏာသိမ်းတဲ့စိတ်ဓာတ်နဲ့ အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့လုပ်ရပ်ပါပဲ။ ၁၉၇၉ ဒီဇင်ဘာ ၂၄ ခရစ်စမတ်အကြိုညမှာဆိုဗီယက်တွေဝင်ပါတယ်။ အာဖကန်ကို ကွန်မြူနစ်နိုင်ငံအဖြစ်ပြောင်းပေးကာ ဆိုဗီယက် USSR အင်ပါယာကြီးချဲ့ချင်တဲ့စိတ်နဲ့ပါ။ […]

ဆက်ဖတ်ရန်နှိပ်ပါ။

★ Long March (ခရီးရှည်ချီတက်ခြင်း) ★

 348 Pageviews

 348 Pageviews Long March မှပေးသောသင်ခန်းစာများ နောက်ဆုံးမှာအရှုံမပေးတဲ့သူနိုင်တယ်။ (ထပ်ပြောမယ်။ နောက်ဆုံးမှအရှုံးမပေးတဲ့သူဘက်ကနိုင်စမြဲပဲ။) အဲ့ဒီအချိန်တုန်းက အင်အားအကြီးဆုံး၊ လက်နက်အင်အားလူအင်အားအတောင့်ဆုံးနဲ့ ဘယ်လိုမှဖြိုခွဲလို့မဖြစ်နိုင်ဘူးထင်ထားတာက ကို့မင်တန်စစ်တပ်ကြီး။ အဲ့ဒီအချိန်မှာ အဖက်ဖက်ကနေအဝိုင်းခံထားရတဲ့ လုံးဝပျက်သုဉ်းလုလုအခြေအနေကိုရောက်နေတာက တရုတ်ကွန်မြူနစ်ပါတီ။ ယနေ့အခြေအနေအားလုံးပြောင်းပြန်ဖြစ်သွားစေခဲ့တာက အဲ့ဒီခရီးရှည်ချီတက်ပွဲကြီးကြောင့်ပဲ။ပြည်သူလူထုပါဝင်လာမှုဟာ တော်လှန်ရေးအောင်မြင်ခြင်းရဲ့အသက်ဖြစ်တယ်။ ကို့မင်တန်တွေဘက်မှာ ဗိုလ်ချုပ် Xue Yue လိုမျိုး God of War စစ်ဘုရားလို့ တရုတ်တွေခေါ်ရတဲ့သူပါတယ်။ဒါပေမယ့် နောက်ဆုံးတော့ ပြည်သူလူထုကိုပါအောင်စည်းရုံးနိုင်တဲ့သူက အနိုင်ရသွားတာပဲ။ “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင်၊ ဓားသွားလည်း ကြွေ၊ လှံလည်းခွေအံ့” ဆိုတာအမှန်ပဲ။ ဒီဖြစ်ရပ်ကြီးအပြီးမှာ ပြည်သူလူထုဟာ ကွန်မြူနစ်ပါတီဝင်တွေရဲ့ ကြံ့ကြံ့ခံနိုင်မှုကို အလွန်လေးစားအထင်ကြီးသွားပြီး လူငယ်တွေဟာ ကွန်မြူနစ်ပါတီရှိရာကို တကူးတကသွားရောက်ပူးပေါင်းကြတယ်။ Long march စတင်ခဲ့ပုံက […]

ဆက်ဖတ်ရန်နှိပ်ပါ။

?? ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ #လူထောင်ပေါင်းများစွာဆန္ဒပြခဲ့ပါတယ်။

 118 Pageviews

 118 Pageviews ယနေ့ဆန္ဒပြမှုဟာ ဒီနှစ်ထဲမှာ ထိုင်းမှာအကြီးမားဆုံးသော ဆန္ဒပြမှုတစ်ခုထဲမှာပါတယ်လို့ ရိုက်တာသတင်းဌာနကဆိုပါတယ်။ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ပရာယွတ်နှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပြီး သူနှုတ်ထွက်တဲ့အထိ #နေ့တိုင်းဆန္ဒပြမယ်လို့ဆိုပါတယ်။ ကျနော့်အမြင်အရ ထိုင်းမှာ လူထုမကျေနပ်မှုဟာ ပေါက်ကွဲထွက်စပြုနေပြီး ရပ်တန့်နိုင်ဖို့မလွယ်တော့ဘူးလို့ မြင်ပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

မအိပ်ခင်တစ်ခုမေးပါရစေ။

 340 Pageviews

 340 Pageviews Facebook အပိတ်ခံရချိန်မှာ စာပိုဖတ်ဖြစ်ပါတယ်။ Psychosomatic medicine နဲ့ပတ်သတ်ပြီး အတွေးလေးတစ်စပေါ်လာပါတယ်။ “#ကိုယ့်ဟာကိုတကယ်ချစ်ကြရဲ့လား “သေချာလေးလေးနက်နက်တွေးစရာပါ။ ကိုယ့်ကိုယ်ကိုတကယ်မချစ်တဲ့သူတွေ ကမ္ဘာပေါ်မှာအများကြီးရှိပါတယ်။ သင်ရော … “ကိုယ့်ဟာကိုတကယ်ချစ်ရဲ့လား“

ဆက်ဖတ်ရန်နှိပ်ပါ။

? ? #ကိုယ်ဝန်ဆောင်များကာကွယ်ဆေးထိုးရင် side effect ခံစားရတာပိုနည်းတာကိုတွေ့ရှိ။

 300 Pageviews

 300 Pageviews Journal of American Medical Association မှာ အင်္ဂါနေ့ကဖော်ပြခဲ့တဲ့ ယခုတွေ့ရှိချက်ဟာ မရည်ရွယ်ထားပဲနဲ့ တွေ့ရှိရတဲ့ ရလဒ်ကောင်းတစ်ခုပါ။ Report အပြည့်အစုံကို ဒီလင့်မှာဖတ်ပါ။ https://jamanetwork.com/…/jamanetwo…/fullarticle/2783112 အမေရိကန်ပြည်ထောင်စု Seattle ရှိ UW Medicine ဟာ ကာကွယ်ဆေးထိုးထားသူ (၁၇၀၀၀) ကျော်ကို survey လုပ်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အယောက် (၇၇၇၀) ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဖြစ်ပါတယ်။ အဲ့ဒီအထဲက (၆၇၇၅) ယောက်ကတော့ မီးဖွားပြီးစနို့တိုက်မိခင်တွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကာကွယ်ဆေးထိုးလို့ရလာမယ့် မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုး side effects တွေဖြစ်မှာကို စိုးရိမ်ပူပန်ကြပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ကိုယ်ပူချိန်အရမ်းတက်တာမျိုးဟာ first trimester လိုကာလတွေမှာ အန္တရာယ်ရှိပါတယ်။ The American College of Obstetricians & […]

ဆက်ဖတ်ရန်နှိပ်ပါ။

Nanawatai ننواتې နာနာဝါးသီ

 328 Pageviews

 328 Pageviews နာနာဝါးသီ ننواتې ဆိုတာ အာဖကန်နစ္စတန်ရှိ Pashtun လူမျိုးတွေရဲ့ “#ခိုလှုံခွင့်တောင်းခံတဲ့” စကားလုံးပါ။ အာဖကန်နစ္စတန်ကို တာလီဘန်တို့ (၁၀) ရက်တည်းနဲ့တက်သိမ်းနိုင်ခဲ့တဲ့ အဓိကအကြောင်းရင်း (၇) ချက်ရှိပါတယ်။ (၁) နာနာဝါးသီနဲ့ခိုလှုံခွင့်တောင်းခံခြင်း၊ (၂) အာဖကန်စစ်တပ်အတွင်းခြစားပြီး စိတ်ဓာတ်ပျက်ပြားနေခြင်း၊ (၃) တာလီဘန်တို့ရဲ့ ဗျူဟာမှန်ခြင်း၊ (၄) အာဖကန်အစိုးရအဖွဲ့ရဲ့အမှား၊ (၅) အမေရိကန်တို့ရဲ့အမှား၊ (၆) NGO တွေရဲ့တိုင်းပြည်ကိုဖဲ့စားမှု၊ (၇) တာလီဘန်တို့ဝင်ငွေကောင်းကောင်းရစေတဲ့အချက်များ – တို့ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော် နာနာဝါးသီအကြောင်းပဲအရင်ပြောပါရစေ။ 1988 ခုနှစ်မှာထွက်တဲ့ The Beast of War ကိုကြည့်ဖူးကြရင် ကျောက်တုံးကြီးပေါ်မှာ ကြိုးနဲ့ချည်ထားခံရတဲ့ ဆိုဗီယက်တပ်သားကိုဗာချန်ကို Koverchenko ကို အာဖကန်မူဂျာဟစ်ဒင်တွေဝိုင်းလာတော့ ကိုဗာချန်ကိုက “နာနာဝါးသီ” လို့အော်ပြောပါတယ်။ အာဖကန်တွေမှာ […]

ဆက်ဖတ်ရန်နှိပ်ပါ။

? အလူမီနီယံနဲ့ စတိန်းလက်စတီး သတ္တုပစ္စည်းထည်တွေ #ဈေးခုန်တက်သွားပါလိမ့်မယ်။

 318 Pageviews

 318 Pageviews မနေ့ကတနင်္လာနေ့မှာ CNIA (China Nonferrous Metals Industry Association ) က အစည်းအဝေးလုပ်ပြီးတော့ အလူမီနီယမ်သတ္တုကုန်ကြမ်းဟာ လက်မခံနိုင်လောက်အောင်ဈေးခုန်တက်သွားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါဟာ ၁၃ နှစ်အတွင်းအမြင့်ဆုံးဈေးခုန်တက်မှုပါ။ သတ္တုပစ္စည်းတွေဈေးခုန်တက်တိုင်း အကြောင်းရင်းကို ကျနော်သတိထားကြည့်မိပါတယ်။ (၁) ကုန်ကြမ်းဈေးတက်လို့၊ (၂) အစိုးရပေါ်လစီကြောင့်၊ အလူမီနီယံတင်မက လွန်ခဲ့တဲ့ တစ်လလောက်ကပဲ စတိန်းလက်စတီးတွေဈေးခုန်တက်ကြောင်း ကျနော့်အသိကပြောပါသေးတယ်။ ဩစတေးလျကတင်သွင်းတဲ့ သတ္တုရည်ပုံလောင်းရာမှာသုံးတဲ့ သဲကဈေးအတော့်ကို ခုန်တက်သွားသတဲ့။ ၂၀၁၆ – ၂၀၁၇ မှာ ကျနော်သတိထားမိတာက တရုတ်အစိုးရရဲ့ Blue Sky Initiative ကြောင့် သတ္တုပုံလောင်းနဲ့ သတ္တုအရည်ကြိုလုပ်ငန်းတော်တော်များများ လုပ်ငန်းလျော့ချခဲ့ကြရပါတယ်။ အဲ့ဒီတော့ဈေးတက်ကုန်ပါတယ်။ တံခါးလက်ကိုင်လို အလူမီနီယံထည်တွေအတွက်က အလူမီနမ်ဘလောက်တုံးတွေကိုသုံးရပါတယ်။ (ကျနော်ပထမဦးဆုံးစာစရေးမယ်လို့တွေးထားတဲ့စာအုပ်ဟာ သတ္တုအရည်ကြိုလုပ်ငန်းအကြောင်းစာအုပ်ပါ။ တနေ့နေ့တော့ အဲ့ဒီအကြောင်းရေးပါမယ်။) အဲ့ဒီဘလောက်တုံးတွေကို […]

ဆက်ဖတ်ရန်နှိပ်ပါ။

သိပ္ပံပညာရှင်တွေဟာ သက်တမ်းနှစ်ပေါင်း ၄၃ သန်းရှိပြီဖြစ်တဲ့ ခြေလေးချောင်းနဲ့ဝေလငါးမျိုးနွယ်ရဲ့ အရိုးစုရုပ်ကြွင်းကိုတွေ့ရှိခဲ့ပါတယ်။

 306 Pageviews

 306 Pageviews ဒီခြေလေးချောင်းနဲ့ဝေလငါးမျိုးနွယ်သတ္တဝါဟာ ကုန်းပေါ်မှာရော ရေထဲမှာပါ နှစ်နေရာသွားလာနေထိုင်နိုင်ပါတယ်။ အကောင်ကလည်းကြီး၊ သွားတွေကလည်းပါ၊ ကုန်းပေါ်ရောရေအောက်မှာပါသွားလာနိုင်တဲ့အတွက် အတော့်ကိုရှင်သန်နိုင်မယ့်သတ္တဝါလို့ထင်ထားစရာပါ။ အခုတော့ အဲ့ဒီသတ္တဝါမျိုးရှိမှန်းတောင် သိပ္ပံပညာရှင်တွေက အခုမှသိတာပါ။ ကိုယ့်ဟာကိုယ် အကောင်ကြီးလှပြီ၊ ကိုယ့်ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်စားဖို့အတွက် #အကုသိုလ်တွေစုပြုံယူပြီးလူသတ်ခိုးဆိုးနေသူတွေ သံဝေဂယူသင့်တဲ့အရာပါ။ ကိုယ့်ဟာကိုယ်တည်မြဲတယ်လို့သိပ်ထင်မှတ်မနေပါနဲ့။ တနေ့ကျရင် သင်ရှိခဲ့မှန်းတောင် လူတွေရော သင့်မျိုးဆက်ရောကသိမှာမဟုတ်တော့ပါ။

ဆက်ဖတ်ရန်နှိပ်ပါ။