အရက်မှာရင်းနှီးမြှုပ်နှံခြင်း

 368 Pageviews

 368 Pageviews ကိုဗစ်နဲ့အရက်ဘာဆိုင်သလဲလို့တွေးရင်မှားမယ်။ Lockdown ကာလမှာ ရှားပါးဝီစကီတန်ဖိုးဟာ ၂၅ ရာနှုန်းတက်သွားတယ်။ အိမ်ကိုသိန်း ၂၀၀၀ တန်ရင်းနှီးမြှုပ်နှံထားမယ့်အစား အရက်သိန်း ၂၀၀၀ ဖိုးရင်းနှီးမြှုပ်နှံထားရင် ၂၀၂၀ မှာ သိန်း ၂၅၀၀ ဖြစ်သွားမယ်။ ဒါကြောင့်အရက်ရဲ့တန်ဖိုးကို လူပိန်းတွေမသိဘူးလို့ ကျနော်ကပြောတာ။ အဲ့လိုပြောလို့အရက်သောက်တတ်လို့လားဆိုတော့ သောက်ရတာမကြိုက်ဘူး။ အရက်ပုလင်းတွေတော့ဝယ်စုထားချင်တယ်။ မသောက်တာက နာမည်ကျော် Frank Lloyd Wright ရဲ့စကားကို ကြားဖူးလို့လည်းပါတယ်။ “A man is a fool is he drinks before he reaches the age of 50, and a fool if he doesn’t afterward.” – Frank […]

ဆက်ဖတ်ရန်နှိပ်ပါ။

WHO ဟာ ကိုဗစ်ဗီဇကွဲအသစ် Mu (မူ) ကို VOI စာရင်းမှာထပ်ထည့်ပါတယ်။

 340 Pageviews

 340 Pageviews WHO ရဲ့ VOC နဲ့ VOI စာရင်းကိုသိချင်ရင် အောက်ပါလင့်မှာကြည့်ပါ။ https://tinyurl.com/kc984hx3 Mu (မူ) ဟာ Lambda (လန်ဘဒါ) ပြီးရင် WHO ရဲ့ VOI စာရင်းထဲအသွင်းခံရတဲ့ နောက်ဆုံးမျိုးကွဲပါ။ VOI = variants of interest (စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ မျိုးဗီဇကွဲ) VOC = variants of concern (အရေးပေါ်ကိုင်တွယ်ဖြေရှင်းနေရတဲ့ မျိုးဗီဇကွဲ) Pango lineage = Phylogenetic Assignment of Named Global Outbreak Lieages ဆိုတာက COVID-19 အတွက် ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကို အုပ်စုခွဲနာမည်ပေးဖို့ Andrew Rambaut ဓာတ်ခွဲခန်းက ပြုလုပ်ထားတဲ့ software tool […]

ဆက်ဖတ်ရန်နှိပ်ပါ။

Apple ဟာ iphone တွေမှာ ?️ အရေးပေါ်ဂြိုလ်တုဆက်သွယ်ရေး Feature ပါဖို့လုပ်ဆောင်နေပါတယ်တဲ့။

 398 Pageviews

 398 Pageviews မိုဘိုင်းဆက်သွယ်ရေးစနစ် ပြတ်တောက်သွားတဲ့ အခြေအနေ (၂) ရပ်မှာ အဲ့ဒီဂြိုလ်တုဆက်သွယ်ရေးစနစ်ကိုသုံးနိုင်မယ်လို့ဆိုပါတယ်။ (၁) မိုဘိုင်းဆက်သွယ်ရေးစနစ် signal လုံးဝမရတော့တဲ့အချိန်မျိုးမှာ Messages app တစ်ခုကနေ (ဒါမှမဟုတ်) iMessage ကိုသုံးပြီး မက်ဆေ့ပို့နိုင်မယ်လို့ ဆိုပါတယ်။ (၂) လေယာဉ်ပျက်ကျလို့ (ဒါမှမဟုတ်) မီးလောင်ခြင်းစတဲ့ သဘာဝဘေးဒဏ်နဲ့ကြုံရပြီး signal ပြတ်တောက်နေခဲ့ရင် 911 လို အရေးပေါ်လိုင်းတွေကို ဂြိုလ်တုကတဆင့် သတင်းပို့နိုင်မှာဖြစ်ပါတယ်။ ဖုံးသုံးနေသူရဲ့နေရာနဲ့ ကျန်းမာရေးအချက်အလက် Medical ID တွေကို သတင်းပို့နိုင်မှာဖြစ်ပါတယ်။ သို့သော် အခု feature ကို ဒီနှစ်ထဲမှာတော့ မရနိုင်သေးဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု feature အမြန်ရလာဖို့ ကျနော်ကတော့ဆုတောင်းနေပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

#ထူးဆန်းတဲ့အဖျားရောဂါကြောင့် ?? အိန္ဒိယမှာ ကလေးတွေသေဆုံးမှုဖြစ်နေပါတယ်။

 314 Pageviews

 314 Pageviews အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ #ကလေးတွေဟာမနက်နိုးလာရင် အဖျားအကြီးအကျယ်တက်ကာ ချွေးတွေနဲ့ရွှဲရွှဲစိုနေပါတယ်။ အဲ့ဒီကလေးအများစုက အဆစ်အမြစ်တွေနာတာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့ ရေဓာတ်ခမ်းခြောက်မှုကိုခံစားရတယ်လို့ ပြောကြပါတယ်။ တချို့ကလေးတွေမှာဆိုရင် လက်နက်ခြေထောက်တွေမှာ အနီကွက်တွေထနေတာကို တွေ့ရတယ်လို့ဆိုပါတယ်။ မူရင်း BBC သတင်းကို အောက်ပါလင့်မှာကြည့်ပါ။ https://tinyurl.com/2y6kym8yကလေးတွေအများစုပါဝင်တဲ့ အနည်းဆုံး လူ (၅၀) လောက်ဟာ ဒီအဖျားရောဂါနဲ့သေဆုံးခဲ့ကာ ရာနဲ့ချီပြီးဆေးရုံတက်နေရပါတယ်။ ထူးဆန်းတာက အဲ့ဒီလူအားလုံးဟာ Covid-19 positive #မဟုတ်ကြပါဘူး။ အဲ့ဒီဒေသက သမားတော်တွေကတော့ ဒီလိုဖြစ်ရတာဟာ သွေးလွန်တုပ်ကွေးကြောင့်လို့ဆိုကြပါတယ်။ ဆေးရုံတက်တဲ့လူနာတွေမှာ သွေးတွင်း platelet လျော့ကျတာကိုတွေ့ရကာ ဒါဟာ သွေးလွန်တုပ်ကွေးအပြင်းစားပုံစံပဲလို့ ဆိုပါတယ်။ လူနာတွေ အထူးသဖြင့်ကလေးတွေဟာ ဆေးရုံမှာသေဆုံးတာအရမ်းမြန်တယ်လို့ Dr Neeta ကဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကတင် ကလေးပေါင်း ၃၂ ယောက်ပါဝင်တဲ့ လူ ၄၀ […]

ဆက်ဖတ်ရန်နှိပ်ပါ။

Moderna ဟာ ကိုဗစ်ကာကွယ်ဆေး batch သုံးခုကို ပြန်သိမ်းဖို့ ဂျပန်အာဏာပိုင်တွေနဲ့စီစဉ်နေတယ်လို့ ဆိုပါတယ်။

 342 Pageviews

 342 Pageviews မနေ့က စက်တင်ဘာ ၁ ရက်နေ့မှာပြောကြားချက်အရ စတိန်းလက်စတီးအမှုန်တွေကို အချို့ကာကွယ်ဆေးပုလင်းတွေထဲမှာတွေ့ရတယ်လို့ဆိုပါတယ်။ သို့သော်လည်းအခုလို စတိန်းလက်စတီးအမှုန်တွေတွေ့ရှိရခြင်းဟာ လူကိုအန္တရာယ်မဖြစ်နိုင်ဘူးလို့ယူဆကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

ကောင်မလေးတစ်ယောက် လက်တစ်ဖက်က အထုပ်ကလေးဆွဲပြီးလက်တစ်ဖက်က ဘောလုံးလေးပိုက်လို့။

 334 Pageviews

 334 Pageviews ဩစတေးလျကို မိဘအုပ်ထိန်းသူတစ်ယောက်မှမပါပဲ တစ်ကိုယ်တည်းရောက်လာရှာတဲ့ အာဖကန်ကကလေးမလေးပါ။အခု သူလေးဟာ ဟော်တယ်ကွာရန်တင်းဝင်နေပါတယ်။ သူ့လိုပဲဟော်တယ်ကွာရန်တင်းဝင်နေတဲ့ တစ်ကိုယ်တော်ကလေးတွေ ဆယ်ယောက်မပြည့်ဘူးလို့တော့ဆိုပါတယ်။ မိဘမပါပဲတစ်ကိုယ်တော်ထွက်ပြေးလာရတဲ့ကလေးတွေ နောက်ရက်မှာ ဩစတေးလျကိုပိုမိုရောက်ရှိလာမယ်လို့ ဆိုပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

? ပလန့်ဘေ့စ်ဒိုင်းယဒ် (Plant based diet)

 336 Pageviews

 336 Pageviews ?ရစ်ချတ်မျိုးသန့်တစ်ယောက် မနက်အိပ်ရာနိုးပြီး အိမ်သာထဲမှာဇိမ်နဲ့ ဖုန်းပွတ်ကာသတင်းတွေဖတ်နေတဲ့အချိန် ဖုန်းဝင်လာတော့ ကြည့်လိုက်တာ အကိုကြီးဆီကဖြစ်နေတယ်။ ရစ်ချတ်မျိုးသန့်ရဲ့အကိုကြီးက သူ့ညီလေးကို ငယ်ငယ်ကအတော်ချစ်တယ်။ ညညသူနဲ့အတူလာအိပ်ဖို့ အမျိုးမျိုးစည်းရုံးတယ်။ ? ညနေမြို့ပတ်ပြီး စက်ဘီးစီးရင် ညီလေးပြုတ်ကျမှာစိုးလို့ နောက်ဖက်ကိုလက်နဲ့လှမ်းဖက်ထားတတ်တယ်။ အကိုကြီးကြောင့်ပဲ ရစ်ချတ်မျိုးသန့်ရေကူးတတ်ခဲ့တာ။ အခုလည်းဝမ်းသာအားရနဲ့ ဖုန်းကိုင်လိုက်တယ်။ “ညီလေး စားပြီးပြီလား” တဲ့။ အိမ်သာတက်နေတဲ့လူကို စားပြီးပလားဆိုတော့ အတော့်ကို ဖြေရခက်တယ်။ ? ဘယ်လိုပြန်ဖြေရမလဲနော့်။ ဒီမှာလည်း ဖုန်းပွတ်ရင်း ဇိမ်နဲ့ညှစ်တာ ပြီးလုပြီးခင်ဖြစ်နေတာ။ မြန်မာလူမျိုးမှာ အဲ့ဒီစားပြီးပြီလားက အတော်ဖြေရခက်တဲ့မေးခွန်းပဲ။ စားပြီးပြီလို့ဖြေရင် #ဘာနဲ့စားလဲထပ်မေးသေးတယ်။ အခုလည်း အမေရိကကနေ ညီလုပ်သူဆီဖုန်းဆက်တာ “ညီလေး စားပြီးပြီလား” တဲ့။ အတော့်ကို အရေးကြီးတဲ့စကားပဲ။ ရစ်ချတ်မျိုးသန့်က သူ့အကိုကို စကားလွှဲပြီးပြန်မေးတယ်။ “ကိုကြီးဒီနေ့ဆေးရုံကစောစောပြန်လာတာလား❓” အဲ့ဒီတော့ အကိုကြီးက အမေရိကားမှာ […]

ဆက်ဖတ်ရန်နှိပ်ပါ။

ဘရာဇီးမြွေပွေးရဲ့အဆိပ်ဟာ ကိုဗစ်တိုက်ဖျက်ရေးမှာအရေးပါတဲ့လက်နက်တစ်ခုဖြစ်လာနိုင်ကြောင်းတွေ့ရှိ။

 394 Pageviews

 394 Pageviews သိပ္ပံဂျာနယ် Molecules မှာတင်ပြထားချက်အရ ဘရာဇီး jararacussu pit viper ရဲ့အဆိပ်ကထုတ်ယူထားတဲ့ မော်လီကျူးတစ်မျိုးဟာ မျောက်တွေရဲ့ဆဲလ်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်ပွားများခြင်းကို (၇၅) ရာနှုန်းလျော့ချနိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီသုသေသနကို ?? ဘရာဇီး ရဲ့ University of Sao Paulo က Professor Rafael Guido နဲ့အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဘရာဇီးမြွေပွေးမျိုးရဲ့ အဆိပ်ထဲမှာ peptide မော်လီကျူးပါပါတယ်။ အမိုင်နိုအက်ဆစ်အတွဲမျိုးပါ။ အဲ့ဒီ peptide မော်လီကျူးဟာ ကိုဗစ်ဗိုင်းရပ်စ်ရဲ့ PLPro အင်ဇိုင်းနဲ့ချိတ်ဆက်နိုင်တာကို တွေ့ရပါတယ်။ အဲ့လိုချိတ်ဆက်ရာမှာ အခြားဆဲလ်တွေကို ထိခိုက်မှုမရှိစေပါဘူးတဲ့။ Peptide မော်လီကျူးတွေဟာ antibacterial ဘက်တီးရီးယားကိုသတ်နိုင်တဲ့ဂုဏ်သတ္တိရှိမှန်းအရင်ကတည်းကသိပြီးသားပါ။ သတင်းကောင်းတစ်ခုက အခု Peptide မော်လီကျူးမျိုးရဖို့ ဘရာဇီး jararacussu […]

ဆက်ဖတ်ရန်နှိပ်ပါ။

မအိပ်ခင်မူလတန်းမေးခွန်းတစ်ခုကိုမေးချင်ပါတယ်။ ရေချယ်ဟာ ပဲစေ့လေး (၉) စေ့ကိုအပင်စိုက်ခဲ့သတဲ့။

 386 Pageviews

 386 Pageviews #ပဲပင်လေးဘယ်နှစ်ပင်ပေါက်မှာလဲ A. တစ်ပင် B. ငါးပင် C. ကိုးပင် D. တစ်ပင်မှမပေါက်ဘူး သင်သာဆိုရင်ဘယ်လိုဖြေမှာလဲ? ဒီမေးခွန်းနဲ့ပတ်သက်ပြီးအတွေးစလေးတွေထွက်လာပါတယ်။ ကျနော်ငယ်ငယ်က သဘောမကျခဲ့တဲ့မေးခွန်းတွေရယ်၊ ပညာရေးစနစ်ရယ်ရှိခဲ့တယ်။ နောင်လာနောက်သားတွေကို တွေးတတ်အောင် လက်ဆင့်ကမ်းပေးခဲ့ချင်တယ်။​ အပေါ်ကမေးခွန်းလေးကိုဖြေကြည့်အုံးနော်။ ကိုယ့်အိမ်က ကလေးကိုလည်း အဲ့ဒီမေးခွန်းလေးပြပြီး သူဘယ်လိုဖြေမလဲ မေးကြည့်ကြစေချင်ပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

?? အိန္ဒိယလူဦးရေရဲ့ ( ၃ ပုံ ၂ ပုံ) ဟာ Covid-19 antibodies ထွက်ပြီးဖြစ်နေနိုင်တယ်လို့ ဇူလိုင် ၂၀ ရက်နေ့သတင်းအရဆိုပါတယ်။

 374 Pageviews

 374 Pageviews ဒီသတင်းကို တစ်လကျော်မှပြန်ရေးရတာဟာ နောက်အခြားအရေးကြီးသတင်းတစ်ခုကို တင်စရာရှိလို့ဖြစ်ပါတယ်။ နောက်တစ်ခုက မြန်မာပြည်မှာအခု ကိုဗစ်လှိုင်းငြိမ်ကာစမို့ အဲ့ဒီလိုမျိုး sero survey လုပ်သလားသိလိုလို့လည်း ဖြစ်ပါတယ်။ လေးကြိမ်မြောက် The Fourth National blood serum survey ကို ဇွန်လနဲ့ဇူလိုင်လတွေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနိုင်ငံတဝှမ်းက လူပေါင်း (၂၉၀၀၀) ယောက်ကို သွေးဖောက်စစ်ပြီး စစ်တမ်းကောက်ကြည့်ရာမှာ အသက် ၆ နှစ်ကနေ ၁၇ နှစ်အထိ ကလေးပေါင်း (၈၆၉၁) ယောက်လည်းပါဝင်ခဲ့ပါတယ်။ အဲ့ဒီကလေးပေါင်း (၈၆၉၁) ယောက်ရဲ့ တစ်ဝက်ဟာ seropositive ကိုဗစ်ကိုယ်ခံအားပြနေတာကိုတွေ့ခဲ့ရပါတယ်။ လူကြီးတွေထဲက (၆၇•၆ ) ရာနှုန်းဟာ seropositive ဖြစ်နေတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီလူကြီးတွေရဲ့ (၆၂) ရာနှုန်းကျော်ဟာ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေပါ။ စိတ်ဝင်စားစရာနောက်တစ်ခုက ကျန်းမာရေးဝန်ထမ်း […]

ဆက်ဖတ်ရန်နှိပ်ပါ။