Progeria ပရိုဂျီးရီးယားရောဂါ

ကျန်းမာရေး ဗဟုသုတ

 442 Pageviews

?? တောင်အာဖရိကနိုင်ငံမှာ အသက် (၂၀) အရွယ်အမျိုးသမီးငယ်တစ်ယောက်ဟာ သူ့ထက်အများကြီးမျက်နှာရင့်ရော်တဲ့ ကလေးငယ်တစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဒါဟာ ပရိုဂျီးရီးယား (သို့မဟုတ်) ဟက်ချင်စန်-ဂေးဖို့ စင်ဒရုန်း (Hutchinson -Gilford syndrome ) ဖြစ်ပါတယ်။ မွေးလာတဲ့ကလေးဟာ အသက်ရင့်ရော်တာမြန်ပြီး အသက် (၂၀) မပြည့်ခင်ဆုံးပါးသွားလေ့ရှိပါတယ်။

ပရိုဂျီးရီးယားဟာ အလွန့်အလွန်ရှားပါးတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်ခုဖြစ်ပါတယ်။ လူသန်း (၂၀) မှာမှ တစ်ယောက်ယောက်ဖြစ်တတ်တဲ့ရောဂါမျိုးပါ။ မနှစ်က Progeria Research Foundation ပရိုဂျီးရီးယားသုသေသနဖောင်ဒေးရှင်းက စစ်တမ်းကောက်ကြည့်ရာမှာ (၅၃) နိုင်ငံမှာ ကလေး (၁၇၉) ယောက်တွေ့ခဲ့ပါတယ်။

ပရိုဂျီးရီးယားကလေးတွေဟာ ပျမ်းမျှအသက် (၁၃) နှစ်မကျော်ပဲ ၉၀ ရာနှုန်းဟာ heartattack နှလုံးရပ်ခြင်း၊ stroke လေဖြတ်ခြင်းတို့နဲ့ သေဆုံးတတ်ပါတယ်။ ပရိုဂျီးရီးယားဟာ ရှားပါးတဲ့ genetic disorder မျိုးဗီဇချို့ယွင်းချက်ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။

အဲ့ဒီကလေးတွေဟာ မွေးစပထမလပိုင်းခပ်စောစောမှာပဲ ကိုယ်အလေးချိန်မပြည့်ခြင်း၊ အရေပြားနေရာအချို့မှာ အနီကွက်တွေပေါ်ခြင်း စတဲ့လက္ခဏာတွေပြပါတယ်။ များသောအားဖြင့် (၁၈ လသားနဲ့ ၂၄ လသား) ကာလအကြားမှာ ရောဂါလက္ခဏာတွေ ထပ်ပြီးထင်ရှားစွာပြပါတယ်။ ကြီးထွားမှုနည်းလွန်းတာ၊ တကိုယ်လုံးအမွေးအမျှင်ကျွတ်တာ၊ နှာခေါင်းချွန်တာမေးရိုးချွန်တာတွေစတဲ့ သိသာတဲ့လက္ခဏာတွေပြလာပါတယ်။

နောက်ပိုင်းမှာ လူအိုလိုပဲ အသားအရေတွေတွန့်တာ၊ အမြင်အာရုံချို့ယွင်းတာ၊ သွေးကြောကျဉ်းလာတာ၊ ကျောက်ကပ်ပျက်စီးတာတွေ၊ နှလုံးရောဂါတွေဖြစ်လာပါတယ်။ ပရိုဂျီးရီးယားဖြစ်စေတဲ့ LMNA မျိုးဗီဇချို့ယွင်းချက်ရှိနေရဲ့သားနဲ့ အသက်ရှင်ကျန်းမာစွာရှိနေတဲ့ case နှစ်ခုပဲတွေ့ရပါသေးတယ်။

အိန္ဒိယမှာတော့ ထူးထူးဆန်းဆန်း တစ်မိသားစုထဲမှာ ပရိုဂျီးရီးယားကလေး (၅) ယောက်ရှိနေတာ တွေ့ခဲ့ရပါတယ်။ ပရိုဂျီးရီးယားရှိနေတဲ့မိန်းကလေးကနေပြီးတော့ ကျန်းမာတဲ့သာမာန်သားသမီးကိုမွေးဖွားတာတွေရှိတယ်လို့ဆိုပါတယ်။

အခုတောင်ဖရိကက မွေးတဲ့ ပရိုဂျီးရီးယားကလေးကိစ္စဟာ အခုရက်မှာ ဆိုရှယ်မီဒီယာမှာအုတ်အော်သောင်းတင်းဖြစ်နေပါတယ်။ တောင်အာဖရိက Eastern Cape က အာဏာပိုင်အတော်များများဟာ အခု ပရိုဂျီးရီးယားကလေးမွေးတဲ့မိခင်ဆီသွားရောက်အားပေးကာ လိုအပ်တာတွေကူညီဖို့ စီစဉ်ပေးခဲ့ပါတယ်။ လူတွေကိုလည်း ပရိုဂျီးရီးယားကလေးမွေးတာကို မလှောင်ပြောင်ဖို့ လူထုထံအကူညီတောင်းခံလွှာထုတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *