? စင်ကာပူကဆရာဝန်တစ်ယောက်ဟာ နောက်တစ်နှစ်ခွဲအတွင်းမှာ antibiotic ဆေးတစ်မျိုးနဲ့ antifungal ဆေးတစ်မျိုးကို အသက် (၇) နှစ်နဲ့အောက်ကလေးတွေကိုမပေးဖို့ ယာယီတားမြစ်ခံရပါတယ်။

ကျန်းမာရေး

 228 Pageviews

Dr Erwin Kay Aih Boon ဟာ Healthwerkz Medical Centre က GP ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူဟာ အော်တစ်ဇင်ရှိတဲ့ကလေးတွေကို Vancomycin antibiotic ဆေးနဲ့ အရေပြားမှိုသတ်ဆေးကို ပေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးအထူးကုဆရာဝန်လေးယောက်က စင်ကာပူဆေးကောင်စီ SMC ကို ကွန်ပလိန်းတက်ပါတယ်။ အခုလို အော်တစ်ဇင်ရှိတဲ့ကလေးတွေကို ဒီဆေးတွေပေးတာဟာ ကလေးတွေအတွက်ဆေးပြင်းတွေဖြစ်ပြီး မလိုအပ်ပဲပေးတဲ့အတွက် အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ ကလေးအထူးကုဆရာဝန်တွေကဆိုပါတယ်။


အဲ့ဒီကလေးအထူးကုလေးယောက်ဟာ Dr Erwin Kay ရဲ့ ကုသမှုဟာ no evidence based (အခြေအမြစ်မရှိပဲ) ဒီဆေးတွေပေးပြီးကုသတာဖြစ်တယ်ဆိုပြီး SMC ကို ဒီကိစ္စစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ SMC ရဲ့ကော်မတီက စစ်ဆေးတဲ့အခါမှာ အော်တစ်ဇင်ကလေး အနည်းဆုံး (၃) ယောက်ကို Dr Erwin Kay က အဲ့ဒီဆေးတွေပေးထားတာတွေ့ရပါတယ်။ အသက် (၃) နှစ်နဲ့ (၅) နှစ်ကလေးနှစ်ယောက်ကို အထက်ပါဆေး (၂) မျိုးစလုံးပေးထားပြီး အသက် (၃) နှစ်အရွယ် တတိယကလေးကို Vancomycin ငါးပုလင်းအထိပေးထားတာကိုတွေ့ရပါတယ်။


Dr Erwin Kay က သူဟာ GP လုပ်စားနေတာ (၂၅) နှစ်ရှိနေပြီဖြစ်ပြီး SMC အနေနဲ့ သူ့ကိုအခုလိုတားမြစ်စရာမလိုဘူးလို့ဆိုပါတယ်။
ဒီနေရာမှာ သူပြောတာကစိတ်ဝင်စားစရာပါ။ အထက်ပါ Vancomycin နဲ့ Fluconazole (Diflucan) နှစ်မျိုးစလုံးဟာ စင်ကာပူမှာ ရီဂျစ်စတာလုပ်ထားပြီး ကလေးတွေကိုပေးဖို့အန္တရာယ်မရှိဘူးလို့ အသိအမှတ်ပြုထားကြောင်းပြောပါတယ်။ ပြီးတော့ သူ့အနေနဲ့ ဒီကလေးတွေကို အော်တစ်ဇင်အတွက်ပေးတာမဟုတ်ပါတဲ့။ သူဟာ အော်တစ်ဇင်ကနေဆက်နွယ်ပြီးဖြစ်နေတဲ့ အခြေအနေကို ကုသဖို့ပေးခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီအခြေအနေက အခု antibiotic နဲ့ antifungal ဆေးတွေကို baterial overgrowth or infections အခြေအနေရယ်၊ yeast or fungal overgrowth or infections အခြေအနေတွေအတွက်ပေးတာပါတဲ့။


ဒါပေမယ့် SMC ရဲ့ clinical practice guidelines အရ antibiotics နဲ့ anti-yeast ဆေးတွေဟာ complementary alternative therapies တွေဖြစ်တယ်။ အဲ့ဒီဆေးတွေကို အော်တစ်ဇင်ရောဂါရှိတဲ့ pre-school ကလေးတွေမှာ မပေးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အာနိသင်ထိရောက်မှုသက်သေမခိုင်လုံလို့ရယ်၊ အန္တရာယ်ဖြစ်နိုင်စရာအကြောင်းရှိလို့ ဖြစ်ပါတယ်တဲ့။ အခုလိုအခြေအနေမှာဒီဆေးတွေပေးခဲ့ရင် antibiotics-resistant bateria ပိုးသတ်ဆေးယဉ်သွားတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားလာမှာစိုးလို့ဖြစ်ပါတယ်တဲ့။
SMC ကော်မတီဟာ ဒီကိစ္စကို disciplinary tribunal (စည်းကမ်းထိန်းသိမ်းရေးခုံရုံး) နဲ့ formal inquiry (တရားဝင်အရေးယူစုံစမ်းမှု) ဆက်လုပ်သင့်မလုပ်သင့်မဆုံးဖြတ်ရသေးလို့ အဲ့ဒီဆေးမပေးဖို့ ယာယီ (၁၈) လတားမြစ်တာဖြစ်ပါတယ်။


▪️ပထမလူနာကလေးဟာ အသက် ၂ နှစ်ရှိပြီး eczema အသားအရေနီပြီးယားယံနေတယ်။ immune ပြဿနာရှိတယ်။ ဝမ်းချုပ်တတ်တယ်။ နောက်ပြီး အလွန်ကိုဂနာမငြိမ်လည်းဖြစ်ကာ၊ အော်ခြင်း၊ ထိန်းမရအောင်ငိုခြင်းစတဲ့ meltdowns ဖြစ်နေတတ်တဲ့ အော်တစ်ဇင်ဆိုးဆိုးရွားရွားရှိတဲ့ကလေးဖြစ်တယ်။ Dr Erwin Kay က အော်တစ်ဇင်နဲ့ဆက်နွယ်ပြီး အစာလမ်းကြောင်းပြဿနာရှိတယ်ထင်ကာ ဒီဆေးတွေပေးခဲ့တာဖြစ်တယ်။


▪️ဒုတိယကလေးဟာ တခိခိနဲ့ရယ်တာ၊ အာရုံစိုက်မှုမရှိတာ၊ အသံစူးစူးနဲ့အော်တာ၊ အချိုကိုတောင်းတတာ၊ အသားရောင်နေတာတွေဖြစ်နေတယ်။ Dr Erwin Kay က ဒီအခြေအနေဟာ yeast overgrowth ဖြစ်နေပြီဆိုပြီး ဒီဆေးတွေပေးခဲ့တာဖြစ်တယ်။


▪️ တတိယလူနာကလေးဟာ အလွန်အငြိမ်မနေ၊ အစားစားတာမူမမှန်တဲ့ အပြုအမူရှိတယ်။ အအိပ်အနေမမှန်တာလည်းရှိတဲ့ အော်တစ်ဇင်ကလေးဖြစ်တယ်။ သူ့အမေအပြောအရ အထိန်းအကွပ်မဲ့ရယ်မောတယ်။ Dr Erwin Kay က yeast infection လက္ခဏာပဲဆိုပြီး အဲ့ဒီဆေးတွေပေးခဲ့တာဖြစ်တယ်။ Dr Erwin Kay ကတော့ သူဒီဆေးတွေပေးလိုက်ချိန်မှာ ကလေးတွေရဲ့အခြေအနေတိုးတက်လာတယ်လို့ သူ့ဘက်ကဆိုတယ်။

SMC ကော်မတီက Fluconazole နဲ့ Vancomycin တို့ကို Dr Erwin Kay ကို အသက် (၇) နှစ်အောက်ကလေးကို မပေးဖို့ယာယီမတားထားရင် အန္တရာယ်ရှိနိုင်တယ်လို့မြင်တယ်။ ဒီကိစ္စဟာ စည်းကမ်းထိန်းသိမ်းရေးခုံရုံးကိုတင်မတင် ဆက်လက်ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဘာဖြစ်လာမလဲကို ဆက်လက်စောင့်ကြည့်ရမှာပါ။


ကျနော်ပြောချင်တာက အခုလူတစ်ချို့လုပ်စားနေတဲ့ ဟောဒီဆေးဟာ စင်ကာပူမှာ မှတ်ပုံတင်ထားတာပဲ။ သုံးခွင့်ပေးထားတာပဲဆိုပြီး တရုတ်တိုင်းရင်းဆေးတွေကို ကိုဗစ်အတွက်အတိုင်းအဆမရှိသုံးနေ၊ ရောင်းနေ၊ ညွှန်နေသူတွေသိဖို့ပါ။


အကယ်လို့ စင်ကာပူက ကိုဗစ်အတွက်သုံးခွင့်ပြုထားသယောင် ကြေညာပြီးရောင်းခဲ့ရင် တိုင်ခွင့်ရှိပါတယ်။ စင်ကာပူက တရုတ်တိုင်းရင်းဆေးကို တရုတ်တိုင်းရင်းဆေးဆရာအတွက် အချို့သောရောဂါတွေမှာပဲ သုံးဖို့ခွင့်ပြုထားတာဖြစ်ပါတယ်။ စင်ကာပူကခွင့်ပြုထားတာပဲဆိုပြီး လှိမ့်လုံးနဲ့ ရောင်းလို့မရပါ။

Leave a Reply

Your email address will not be published.