?? စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် booster dose ကို အသက်ကြီးသူတွေနဲ့ immune system ချို့ယွင်းချက်ရှိသူတွေကို စထိုးပေးပါတော့မယ်။

COVID-19 ကာကွယ်ဆေး

 338 Pageviews

? အသက် ၆၀ နဲ့အထက်အသက်ကြီးသူတွေ၊? ကိုယ်ခံအားစနစ် အတော်အတန် (သို့မဟုတ်) ကြီးကြီးမားမားချို့ယွင်းချက်ရှိသူတွေ၊? ဘိုးဘွားရိပ်သာမှာနေထိုင်သူတွေကို ထိုးပေးတော့မှာဖြစ်ပါတယ်။အထက်ပါလူတွေဟာ ကိုဗစ်ဖြစ်ရင်ပြင်းထန်နိုင်တာရယ်၊ ပထမနှစ်ကြိမ်ကနေ immune response ကိုယ်ခံအားတုန့်ပြန်မှုနည်းနိုင်တာရယ် ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။[bg_collapse view=”link” color=”#4a4949″ expand_text=”Read More” collapse_text=”Read Less” ]သူတို့ကို mRNA ကာကွယ်ဆေးကို ပထမဦးဆုံးအကြိမ်ကာကွယ်ဆေးထိုးပြီးချိန် ၆ လကနေ ၉ လအကြာမှာ တတိယတစ်လုံးကို ထိုးပေးမှာဖြစ်ပါတယ်။ အခုလည်း အဲ့ဒီလူတွေဟာ ပထမအကြိမ်ကာကွယ်ဆေးထိုးထားတာ ၆ လပြည့်တော့မှာဖြစ်ပါတယ်။

စင်ကာပူအာဏာပိုင်တွေဟာ booster dose ထိုးသူတွေမှာ အန္တရာယ်ကင်းမှုနဲ့ အာနိသင်ရှိမှုကိုစောင့်ကြည့်ပြီးမှ အခုလိုထိုးပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အိမ်း … တို့ဆီမှာ ဟိုကောင်မမွှေခဲ့ရင် … တို့ဆီကလူကြီးတွေလည်း တတိယအကြိမ် booster dose ကို mRNA နဲ့ … တွေးမိတိုင်းစိတ်နာသည်ဆိုတာ ဒါပဲ။

[/bg_collapse]

Leave a Reply

Your email address will not be published.