ယနေ့ စနေနေ့ စင်ကာပူမှာ ကိုဗစ်လူနာ (၃၇၀၃) ယောက်တွေ့ခဲ့ပါတယ်။

 351 Pageviews

 351 Pageviews စင်ကာပူမှာကိုဗစ်လူနာနေ့စဉ် (၃၀၀၀) ကျော်တွေ့နေတာ၅ရက်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ စင်ကာပူဟာ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေးမူကိုစတင်အသက်သွင်းနေပြီဖြစ်ပြီးယနေ့နေ့လည် ဝန်ကြီးချုပ်မိန့်ခွန်းအပြီးမှာ လိုက်နာရန် လုပ်ထုံးလုပ်နည်း (၃)ခုချမှတ်ကြောင်းပြောကြားခဲ့ပါတယ်။ အခုလိုကိုဗစ်ဟာ တစ်နေ့ကို (၃၀၀၀) ကျော်တွေ့နေပုံအရဆိုရင် (၅၀၀၀) အထိတက်သွားမလားလို့စိုးရိမ်ရပါတယ်။ ယနေ့မှာ အမျိုးသား (၅)  ယောက်နဲ့ အမျိုးသမီး (၆) ယောက် ကိုဗစ်နဲ့ထပ်မံသေဆုံးခဲ့ပါတယ်။ အဲ့ဒီ (၁၁) ယောက်ထဲမှာ (၄) ယောက်က ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး (၃) ယောက်က တစ်လုံးပဲထိုးရသေးကာ (၄) ယောက်က လုံးဝမထိုးရသေးပါ။

ဆက်ဖတ်ရန်နှိပ်ပါ။

? Molnupiravir (မိုနူပီရာဗီယာ)

 4,374 Pageviews

 4,374 Pageviews ကိုဗစ်အတွက်အလားအလာကောင်းနေတဲ့ဆေးအကြောင်းရေးချင်နေတာ တစ်ပတ်လောက်ရှိပြီ။ အကောင့်ပိတ်ခံထားရလို့ ရေးတင်လို့မရဖြစ်နေတာပါ။ မိုနူပီရာဗီယာဟာ ဗိုင်းရပ်စ်သတ်တဲ့ စမ်းသပ်ဆေးဝါးဖြစ်ပြီး တုပ်ကွေးအတွက် ၂၀၁၄ လောက်က အမေရိကန် Atlanta ရှိ Emory University ကစတွေ့ခဲ့တဲ့ဆေးပါ။ ဆေးနာမည် Molnupiravir ကို တူကိုင်တဲ့ ဂျာမန်ဒဏ္ဍာရီလာနတ် Thor ရဲ့ တူ လက်နက်ဖြစ်တဲ့ Mjölnir အမည်ကိုယူပြီးမှည့်ထားတာပါ။ အမေရိကန်ဆေးကုမ္ပဏီ Merck & Co., Inc. ဟာ Ridgeback Biotherapeutics နဲ့ပူးပေါင်းပြီး ၂၀၂၀ ဇူလိုင်လကတည်းက မိုနူပီရာဗီယာကိုထုတ်ဖို့ကြိုးစားနေတာပါ။ အခုလောလောဆယ်တွေ့ရှိထားတဲ့ စမ်းသပ်မှုဒေတာတွေအရ ကိုဗစ်ကြောင့်ဆေးရုံတက်ရမှုကို (၅၀) ရာနှုန်းအထိလျော့ကျစေတယ်လို့ Merck က အောက်တိုဘာလ ၁ ရက်နေ့မှာကြေညာခဲ့ပါတယ်။ မိုနူပီရာဗီယာဘယ်လောက်ထိရောက်မှုရှိသလဲ ===================== ကိုဗစ်လူနာပေါင်း (၃၈၅) ယောက်ကို […]

ဆက်ဖတ်ရန်နှိပ်ပါ။

“မမြဲသောအရာကိုဖက်တွယ်ထားသလား ဆန်ချီရို”

 418 Pageviews

 418 Pageviews   ဒါပေမယ့် ရက်စက်မိုက်မဲတဲ့ရှိုးဂန်းလက်ထက်မှာ တတိုင်းပြည်လုံးကြိမ်မီးအုံးသလိုဖြစ်နေတယ်။ပြည်သူပြည်သားအားလုံးဟာ မခံမရပ်နိုင်ဖြစ်လာကြတဲ့အတွက် အနယ်နယ်အရပ်ရပ်မှာပုန်ကုန်ထကြွကုန်ပြီ။ဆန်ချီရိုနယ်မှာလည်းပုန်ကုန်ထကြွမှု မကြုံစဖူးဖြစ်တဲ့အတွက် ရှိုးဂန်းရဲ့ခေါ်ယူကြိမ်းမောင်းခြင်းခံရတယ်။                   သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နယ်တစ်နယ်ကိုစားရတဲ့ နယ်စားတစ်ယောက်ဖြစ်လာတယ်။ အဲ့ဒီတုန်းက သူ့နယ်မှာတော့သူဟာ ဘုရင်ပဲ။   ဆန်ချီရိုဟာ သူ့ဇက်နဲ့ဝမ်းဗိုက်ကိုသူ မကြာခဏပြန်ပြန်ပြီးစမ်းကြည့်မိတယ်။ သူ့အနေနဲ့ ယခုပုန်ကန်ထကြွမှုကိုအပြတ်နှိမ်နင်းနိုင်မှ ခေါင်းနဲ့ကိုယ်နဲ့မြဲမယ်။          မနှိမ်နင်းနိုင်လို့ကတော့ ကိုယ့်ဟာကိုဗိုက်ဖွင့်ပြီး ဟီရကိရိလုပ်ရင်လုပ်၊ ရှိုးဂန်းဒေါသထွက်လွန်းရင် ဟီရကိရိလုပ်ခွင့်တောင်မရရင်ပဲ ဇက်ကိုပိုင်းပြီးစီရင်ခံရနိုင်သေးတယ်။          အဲ့ဒီတော့ ဆန်ချီရိုရဲ့ဇက်ပေါ်မှာရှိနေတဲ့ အထုပ်ကြီးကအလေးကြီးဖြစ်နေတယ်။ သူ့အနေအထားက အချိန်မရွေးဇက်ပြုတ်သွားနိုင်တဲ့အနေအထား။         […]

ဆက်ဖတ်ရန်နှိပ်ပါ။

မြန်မာစကစခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များအစည်းအဝေးသို့ မဖိတ်ကြားရန်အာဆီယံအဖွဲ့အတွင်းဆွေးနွေး

?? မြန်မာစစ်တပ်ဟာ သဘောတူထားတဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိရေးလမ်းပြမြေပုံအတိုင်း တိုးတက်မှုတွေပြုလုပ်ရန်ပျက်ကွက်တဲ့အတွက် ဒီလထဲမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်များအစည်းအဝေးသို့အာဏာသိမ်းစစ်ခေါင်းဆောင်အား မဖိတ်ကြားရန် အာဆီယံအဖွဲ့အတွင်းတိုင်ပင်ဆွေးနွေးနေတယ်လို့ အာဆီယံရဲ့ ကိုယ်စားလှယ် Erywan Yusof ကဆိုပါတယ်။ အာဆီယံရဲ့ ကိုယ်စားလှယ် Erywan Yusof အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုထားတာကို မြန်မာစကစဘက်က အကြောင်းမပြန်သေးဘူးလို့ဆိုပါတယ်။ ဒီကိစ္စဟာ နိုင်ငံတကာမှာမဟုတ်တောင် အိမ်နီးချင်းတွေကြားထဲမှ လူရာဝင်ချင်လှတဲ့မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်အတွက်တော့ မျက်နှာပန်းမလှမယ့်ကိစ္စဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က မီတင်မှာ မြန်မာစကစရဲ့လုပ်ရပ်တွေကို အာဆီယံဝန်ကြီးတွေကစိတ်ပျက်ကြောင်း ထုတ်ပြောခဲ့ကြတာပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က Twitter မှာ မြန်မာ SAC ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်စေဖို့ခက်မယ်လို့ ရေးခဲ့ပါတယ်။ အာဆီယံအကြားတောင်လူရာမဝင်ရင် ကုလသမဂ္ဂမှာထောက်ခံမှုရဖို့ ပိုခက်သွားပါလိမ့်မယ်။ အာဆီယံကတောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ကိုပေးဖို့ကလည်း ဆုတ်လည်းဆူးစားလည်းရူးဖြစ်နေတဲ့ပုံပါ။ အာဆီယံအနေနဲ့မြန်မာပြည်တွင်းစစ်မီးကိုဒီ့ထက်ပိုမကြီးအောင် မြန်မြန်ငြိမ်းသတ်ချင်နေပါပြီ။ ဒီလိုငြိမ်းသတ်ဖို့ရာကလည်းဒေါ်အောင်ဆန်းစုကြည်ကပဲတတ်နိုင်လိမ့်မယ်လို့ အာဆီယံကမြင်ထားပုံရပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးပြီး စေ့စပ်ညှိနှိုင်းရေးတွေလုပ်မှရပါမယ်။ အာဆီယံကလည်းဒီလမ်းကြောင်းကိုဦးတည်စေချင်တဲ့ပုံပါ။ စကစအတွက် ပြဿနာက ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးလိုက်တာနဲ့ သူစွပ်စွဲထားတာတွေကို မမှန်ဘူးလို့ ပြန်ပြောသလိုဖြစ်နေတယ်။ မလွှတ်ပေးပဲဆက်တရားစွဲလေ […]

ဆက်ဖတ်ရန်နှိပ်ပါ။