ယနေ့ စနေနေ့ စင်ကာပူမှာ ကိုဗစ်လူနာ (၃၇၀၃) ယောက်တွေ့ခဲ့ပါတယ်။

COVID-19

 706 Pageviews

စင်ကာပူမှာကိုဗစ်လူနာနေ့စဉ် (၃၀၀၀) ကျော်တွေ့နေတာ၅ရက်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။

စင်ကာပူဟာ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေးမူကိုစတင်အသက်သွင်းနေပြီဖြစ်ပြီးယနေ့နေ့လည် ဝန်ကြီးချုပ်မိန့်ခွန်းအပြီးမှာ လိုက်နာရန် လုပ်ထုံးလုပ်နည်း (၃)ခုချမှတ်ကြောင်းပြောကြားခဲ့ပါတယ်။

အခုလိုကိုဗစ်ဟာ တစ်နေ့ကို (၃၀၀၀) ကျော်တွေ့နေပုံအရဆိုရင် (၅၀၀၀) အထိတက်သွားမလားလို့စိုးရိမ်ရပါတယ်။

ယနေ့မှာ အမျိုးသား (၅)  ယောက်နဲ့ အမျိုးသမီး (၆) ယောက် ကိုဗစ်နဲ့ထပ်မံသေဆုံးခဲ့ပါတယ်။

အဲ့ဒီ (၁၁) ယောက်ထဲမှာ (၄) ယောက်က ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး (၃) ယောက်က တစ်လုံးပဲထိုးရသေးကာ (၄) ယောက်က လုံးဝမထိုးရသေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *