🦠 အိုမာခရွန်အကြောင်းသိကောင်းစရာ
1,656 Pageviews
1,656 Pageviews 🇸🇬စင်ကာပူဝန်ကြီးချုပ်လီရှန်လုံးကကိုဗစ်ဗီဇကွဲအသစ် Omicron variant ကိုအသေအချာစောင့်ကြည့်နေကြောင်းနဲ့လိုအပ်ရင်ရှေ့တိုးမယ့်အခြေလှမ်းအစား အနည်းငယ်နောက်ပြန်ဆုတ်မှာဖြစ်ကြောင်းယနေ့နိုဝင်ဘာလ၂၈ရက်နေ့မှာပြောကြားလိုက်ပါတယ်။ သဘောက ဒီဗိုင်းရပ်စ်မျိုးဗီဇကွဲရဲ့အခြေအနေကိုကြည့်ပြီး အခုတံခါးဖွင့်ပေးနေတဲ့ခြေလှမ်းတွေကို “လိုအပ်ရင်ပြန်နောက်ဆုတ်မှာဖြစ်ပါတယ်” လို့ ကြိုအသိပေးထားတာပါ။ – ▪️အိုမာခရွန်ကိုဘာလို့စိုးရိမ်ကြတာလဲ❓ အိုမာခရွန် (B1.1.529) ဗီဇကွဲဟာ ကာကွယ်ဆေးကြောင့်ရထားတဲ့ ကိုယ်ခံအားကိုအတိုင်းအတာတစ်ခုအထိကျော်လွှားနိုင်မှာကို စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ – ▪️ဘာဖြစ်လို့အဲ့ဒီလိုပူပန်ရတာလဲ❓ အိုမာခရွန်ရဲ့ စပိုက်ပရိုတိန်းမှာ spike protein mutation သန္ဓေကွဲမှု (၃၂) နေရာတောင်ရှိလို့ဖြစ်ပါတယ်။ သဘောက Delta variant ဒယ်တာဗီဇကွဲထက် (၂) ဆလောက်သန္ဓေကွဲတဲ့နေရာ ဖြစ်နေတဲ့သဘောပါ။ ကာကွယ်ဆေးများဟာ အဲ့ဒီဗိုင်းရပ်စ်ကနေလူရဲ့ကိုယ်ခန္ဓာဆဲလ်တွေကိုလာချိတ်တဲ့ စပိုက်ပရိုတိန်းကို လေ့လာပြီးဒီဇိုင်းထုတ်ထားတာပါ။ ကာကွယ်ဆေးကနေ ကျနော်တို့လူရဲ့ကိုယ်ခံအားစနစ်ကို စပိုက်ပရိုတိန်းပုံစံကိုသင်ပေးပြီး အပြင်ကဝင်လာရင်တိုက်ခိုက်ကာကွယ်နိုင်ဖို့ ကြိုသင်ပေးထားတာပါ။ ပြဿနာက အိုမာခရွန်ရဲ့စပိုက်ပရိုတိန်းမှာ ပုံစံကွဲ (၃၂) နေရာတောင်ရှိနေတဲ့အတွက်ကျနော်တို့ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားစနစ်က မမှတ်မိမှာစိုးရိမ်ရပါတယ်။ ဒယ်တာတုန်းကအတော်ခံခဲ့ရတာမို့ ဒယ်တာထက် mutation များတဲ့ အိုမာခရွန်ကိုလန့်ကြတဲ့သဘောပါ။ – ▪️ဒါဆိုရင် အိုမာခရွန်ကိုအရမ်းစိုးရိမ်ရသလား❓ ကိုဗစ်စစခြင်း ကာကွယ်ဆေးမပေါ်ခင်ကလို အရမ်းကြီးစိုးရိမ်ရတာမျိုးမဟုတ်ပါ။ ကိုဗစ်ကာကွယ်ဆေးထုတ်နေတဲ့ အောက်ပါကုမ္ပဏီများက အိုမာခရွန်ကိုကာကွယ်နိုင်မယ့် ကာကွယ်ဆေးဗားရှင်းမြှင့်ဖို့ ဖော်မြူလာထုတ်ရန် ရက် (၁၀၀) အတွင်းရနိုင်တယ်လို့ဆိုနေကြပါတယ်။ 💉 ဖိုင်ဇာ Pfizer-BioNTech က ရက် (၁၀၀) အတွင်းထုတ်နိုင်တယ်လို့ ပြောထားပါတယ်။ 💉 မိုဒါးနား Moderna ရဲ့ CEO Stephane Bancel ကလည်း အိုမာခရွန်အတွက်ဗျူဟာချပြီးလုပ်နေပါပြီတဲ့။ 💉 Oxford အောက်စဖို့ကာကွယ်ဆေး AstraZeneca ကလည်း အိုမာခရွန်အတွက်ဖော်မြူလာအသစ်က ပြီးလုလုဖြစ်နေပြီတဲ့။ 💉 Novavax နိုဗာဗက်ကလည်း အိုမာခရွန်အတွက် testing စမ်းသပ်ခြင်းနဲ့ ဆေးအသစ်ထုတ်ခြင်း manufacturing ကို ရက်သတ္တပတ်အနည်းငယ်အတွင်းလုပ်မှာဖြစ်ပါတယ်တဲ့။ 💉 J&J ဂျွန်ဆန်အန်ဂျွန်ဆန်ကလည်း အသေအချာပြင်ဆင်စောင့်ကြည့်နေပါတယ်တဲ့။ – ▪️ဒါဆိုရင် ကျန်တဲ့ကာကွယ်ဆေးတွေကရော❓ အဲ့ဒီမှာ အစကတည်းကပွင့်ပွင့်လင်းလင်းမကြေညာပဲ ကွေးကွေစွေ့စွေ့လုပ်တတ်တဲ့ကာကွယ်ဆေးတွေဆီက သူတို့ဘာလုပ်နေသလဲ ကျနော်တို့ချက်ချင်းမသိရပါ။ (ကွေးကွေစွေ့စွေ့ကို မသိရင်တရုတ်ပြည်ကအသိတွေကိုမေးကြည့်ပါ။) ဒါကြောင့် ကမ္ဘာပေါ်မှာ “ပွင့်လင်းမြင်သာမှုကအသက်” လို့ခဏခဏပြောရတာဖြစ်ပါတယ်။ အသက်လို့ပြောရတာက လူ့အသက်ပေါင်းများစွာနဲ့ဆိုင်နေလို့ပါ။ အဲ့ဒီဒေတာပွင့်ပွင့်လင်းလင်းမထုတ်တဲ့ ကာကွယ်ဆေးထုတ်သူတွေကို အိုမာခရွန်ကိစ္စဘယ်လိုလုပ်မလဲလို့ ပြန်မေးရမှာဖြစ်ပါတယ်။ – ▪️အိုမာခရွန်ဗီဇကွဲက ဘယ်အထိရောက်နေပြီလဲ❓ ယနေ့အထိသိရသမျှ ရောက်ရှိနေပြီးနိုင်ငံတွေကတော့ ဟောင်ကောင်၊ ဩစတေးလျ၊အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ ဘော့စဝါနာ၊ အစ္စရေးတို့ဖြစ်ပါတယ်။ စတင်တွေ့ရှိရတာက တောင်အာဖရိကနိုင်ငံပါ။ ပြင်သစ်မှာပြန့်နှံပြီးနေလောက်ပြီလို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးကယနေ့ပြောကြားခဲ့ပါတယ်။ အိုမာခရွန်မပြန့်နှံ့အောင်ထိန်းချုပ်မယ်လို့လည်းဆိုသွားပါတယ်။ အဲ့ဒီတော့ နိုင်ငံအတော်များများက အိုမာခရွန်ဝင်လာမှာရယ် ထပ်ပြီးပြန့်နှံ့လာမှာကိုစိုးရိမ်ပြီး ကာကွယ်မှုယူတဲ့အနေနဲ့ အချို့နိုင်ငံတွေကို ဝင်ခွင့်ယာယီပိတ်ပင်နိုင်ပါတယ်။ အဲ့ဒီမှာ ဘာလာလာဒေါင်းတဲ့ စည်းမရှိကမ်းမရှိ “ဘယ်သူတေတေငါမတေမှာပြီးရောဆိုတဲ့လူတွေအုပ်ချုပ်တဲ့” တိုင်းပြည်ကတော့ ဝင်လာရင်မသိမှာမို့ သတိထားရပါမယ်။ – ▪️ဒီနေရာမှာဗဟုသုတအဖြစ်ထည့်ပြောစရာရှိပါတယ်။ အိုမာခရွန်ဟာ တောင်အာဖရိကမှာစတွေ့တာပါ။ အချို့ကယူဆထားကြတာက ဒီအိုမာခရွန်ဟာ HIV ကိုယ်ခံစွမ်းအားကျရောဂါရှိတဲ့လူနာဆီမှာ ကိုဗစ်ရောဂါကြာရှည်ဖြစ်ရာကနေ evolved စတင်ဗီဇကွဲဖြစ်တယ်လို့ “ယူဆ” ထားပါတယ်။ ယူဆတယ်လို့ရေးတာက သေချာအတည်မပြုရသေးလို့ဖြစ်ပါတယ်။ HIV ဝေဒနာရှင်နဲ့ အခြားကိုယ်ခံအားစနစ်ချို့ယွင်းမှုရှိတဲ့လူနာတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားရင်း လူကောင်းတွေလိုမြန်မြန်မပြီးပြတ်ပဲ ကြာရှည်လာတဲ့အခါမှာ ကိုဗစ်ဗိုင်းရပ်စ်ကို Gym ထဲမှာထရိန်နင်ပေးလေ့ကျင့်ပေးလိုက်သလိုဖြစ်သွားစေခဲ့တယ်လို့ယူဆထားတာပါ။ ဒါ့ကြောင့် အိုမာခရွန်ဟာ ဒယ်တာကနေဆင်းသက်လာတာမဟုတ်ပဲ ဗီဇကွဲမှု gap ကြီးကြီးဖြစ်ခဲ့တယ်လို့ ယူဆထားကြတာပါ။ – ကဲ … အရေးကြီးတာပြောရရင် (၁) အရမ်းကြီးစိုးရိမ်ပူပန်မှုမဖြစ်ကြပါနဲ့။ 💉 အိုမာခရွန်ကိုနိုင်တဲ့ ကာကွယ်ဆေးကို booster dose အနေနဲ့ထပ်ထိုးရနိုင်ပါတယ်။ “ထိုးဖို့လိုမယ်/မလိုဘူး ဆိုတာအခုအချိန်မှာပြောလို့မရသေးပါ။” […]
ဆက်ဖတ်ရန်နှိပ်ပါ။