🇮🇳 အိန္ဒိယမှာခရီးသွားရာဇဝင်မရှိတဲ့ဆရာဝန်မှာအိုမာခရွန်တွေ့ရှိ

COVID-19 ကမ္ဘာ့သတင်း

 563 Pageviews

အသက် ၄၆ နှစ်ရှိ ခရီးသွားရာဇဝင်မရှိတဲ့ ဆရာဝန်ဟာ အိန္ဒိယရဲ့ပထမဆုံးအိုမာခရွန်စတွေ့တဲ့ နှစ်ယောက်ထဲကတစ်ယောက်ဖြစ်ပါတယ်။

အဲ့ဒီဆရာဝန်နဲ့ထိတွေ့ခဲ့တဲ့ primary contacts တိုက်ရိုက်ထိတွေ့သူ (၃) ယောက်နဲ့secondary contacts တဆင့်ခံထိတွေ့သူ (၂) ယောက်ဟာလည်း ကိုဗစ် positive လို့ဆိုပါတယ်။ အိုမာခရွန်ဟုတ်မဟုတ်မပြောသေးပါ။

မလေးရှားကျန်းမာရေးဝန်ကြီးကလည်း နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းကဝင်လာတဲ့ကျောင်းသူမှာ အိုမာခရွန်တွေ့ကြောင်းပြောပါတယ်။

သဘောက အိုမာခရွန်ဟာနေရာတိုင်းမှာပြန့်နေနိုင်ပါတယ်။ သတိဆိုတာပိုတယ်လို့မရှိပါ။

အထက်ကဆရာဝန်ဟာ အိုမာခရွန်ကို Bengaluru မြို့က ဟော်တည်မှာနိုဝင်ဘာ ၂၀ရက်နေ့က ကွန်ဖရန့်တက်စဉ်မှာကူးစက်လာပုံရတယ်လို့ ယူဆထားပါတယ်။ 

အခုလိုခရီးသွားရာဇဝင်မရှိတဲ့သူမှာတွေ့တာကြောင့် အိုမာခရွန်ဟာနေရာတိုင်းပြန့်နှံ့နေနိုင်တာကြောင့် Mask တပ်ဖို့၊ ကာကွယ်ဆေးထိုးဖို့ သတိပေးထားပါတယ်။

Richard Myo Thant

3-December -2021

Leave a Reply

Your email address will not be published. Required fields are marked *