မလေးရှားမှာအိုမာခရွန်တွေ့ရှိ

COVID-19 ကမ္ဘာ့သတင်း

 506 Pageviews

မလေးရှားရဲ့ပထမဦးဆုံးအိုမာခရွန်ဗီဇကွဲလူနာအဖြစ် တောင်အာဖရိကကနေ စင်ကာပူကတဆင့်လာခဲ့တဲ့ကျောင်းသူမှာတွေ့ရတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးက ဒီနေ့ဒီဇင်ဘာ ၃ ရက်နေ့မှာပြောကြားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အဲ့ဒီ၁၉ နှစ်အရွယ်ကျောင်းသူဟာ အီပိုမှာကျောင်းတက်နေတာဖြစ်ပြီး မလေးရှားကိုနိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက စင်ကာပူနေရောက်ရှိခဲ့တာပါ။

နောက်နေ့နိုဝင်ဘာလ ၂၀ ရက်နေ့မှာ RT-PCR Test လုပ်တော့ Positive ဖြစ်နေတာတွေ့ရပါတယ်တဲ့။

သူမဟာ KLIA လေယာဉ်ကွင်းကနေ အီပိုကိုဘက်စ်စကားနဲ့သွားပါသတဲ့။သူမနဲ့အတူဘတ်စ်အတူစီးခဲ့တဲ့အခြား ၅ ယောက်ကို PCR Test လုပ်တာ Negative တဲ့။

အဲ့ဒီကျောင်းသူဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ကွာရန်တင်းထွက်ခဲ့ပါသတဲ့။

တကယ်တော့ WHO က အိုမာခရွန်ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ VOC အဖြစ်ကြေညာခဲ့တာပါ။

သဘောကတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မတိုင်ခင်ကတည်းက အိုမာခရွန်ပြန့်နေနိုင်ပြီး WHO ကမကြေညာခင်အထိလည်း ဘယ်နှစ်ယောက်မြန်မာပြည်ကိုဝင်ခဲ့သလဲမသိရပါ။

ဆက်လက်စောင့်ကြည့်ပြီးအစီရင်ခံပါမယ်ခင်ဗျား။

Richard Myo Thant

3-December -2021

Leave a Reply

Your email address will not be published. Required fields are marked *