🇸🇬 စင်ကာပူကိုအဝင်မှာ အိုမာခရွန်နှစ်ယောက်တွေ့ရှိ

COVID-19 ကမ္ဘာ့သတင်း

 636 Pageviews

စင်ကာပူနိုင်ငံကိုတောင်အာဖရိကမှ စင်ကာပူလေကြောင်းလိုင်းနဲ့ရောက်ရှိလာသူနှစ်ယောက်မှာ အိုမာခရွန်ဗီဇကွဲရှိနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာန MOH က မနေ့ကဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြောဆိုပါတယ်။

စင်ကာပူလေကြောင်းလိုင်း SQ479 နဲ့လိုက်လာသူ နှစ်ယောက်စလုံးဟာ ဒီဇင်ဘာလ၁ ရက်နေ့ရောက်ရောက်ခြင်းလေဆိပ်မှာသီးခြားခွဲထားတာဖြစ်ပြီး ကွန်မြူနတီနဲ့ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။

နှစ်ယောက်စလုံးဟာ ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး အခုချောင်းနည်းနည်းဆိုးတာနဲ့ လည်ချောင်းယားတဲ့လက္ခဏာပဲတွေ့ရတယ်လို့ဆိုပါတယ်။

Case 271598 ဟာ အသက် ၄၁ နှစ်အရွယ်စင်ကာပူနိုင်ငံသားအမျိုးသမီးဖြစ်ပြီးတောင်အာဖရိကနိုင်ငံ ဂျိုအန်နာစဘတ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းက ဆေးစစ်ခဲ့စဉ်မှာ ကိုဗစ် Negative ပြခဲ့တယ်လို့ဆိုပါတယ်။ 

Case 271487 ဟာ အသက် ၄၄ နှစ်အရွယ်စင်ကာပူ PR ဖြစ်ကာ မိုဇမ်ဘစ်နိုင်ငံမှ စင်ကာပူကိုလာသူဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံ ဂျိုအန်နာစဘတ်မှာ နိုဝင်ဘာလ၂၉ ရက်နေ့တုန်းက ဆေးစစ်ခဲ့စဉ်မှာ သူလည်း ကိုဗစ် Negative ပြခဲ့တယ်လို့ဆိုပါတယ်။ 

သူတို့တွေကိုဝင်ဝင်ချင်းမှာ PCR Test လုပ်ခဲ့ကာ သီးခြားခွဲထားခဲ့ကြတာဖြစ်ပါတယ်။

သူတို့နဲ့တစ်လေယာဉ်ထဲမှာ အတူစီးနင်းလိုက်ပါလာခဲ့ကြတဲ့ သူတွေအားလုံးကိုcontact tracing ထိတွေ့မှုအဆက်အသွယ်အားလုံးပြန်လိုက်ထားတယ်လို့ဆိုပါတယ်။

သူတို့နဲ့အတူလာခဲ့တဲ့ လေယာဉ်ပိုင်းလော့နဲ့လေယာဉ်မယ်များအားလုံးကိုလည်း ကိုဗစ် Test လုပ်ကာသီးသန့်ခွဲခြားထားတယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *