? Molnupiravir (မိုနူပီရာဗီယာ)

 4,696 Pageviews

 4,696 Pageviews ကိုဗစ်အတွက်အလားအလာကောင်းနေတဲ့ဆေးအကြောင်းရေးချင်နေတာ တစ်ပတ်လောက်ရှိပြီ။ အကောင့်ပိတ်ခံထားရလို့ ရေးတင်လို့မရဖြစ်နေတာပါ။ မိုနူပီရာဗီယာဟာ ဗိုင်းရပ်စ်သတ်တဲ့ စမ်းသပ်ဆေးဝါးဖြစ်ပြီး တုပ်ကွေးအတွက် ၂၀၁၄ လောက်က အမေရိကန် Atlanta ရှိ Emory University ကစတွေ့ခဲ့တဲ့ဆေးပါ။ ဆေးနာမည် Molnupiravir ကို တူကိုင်တဲ့ ဂျာမန်ဒဏ္ဍာရီလာနတ် Thor ရဲ့ တူ လက်နက်ဖြစ်တဲ့ Mjölnir အမည်ကိုယူပြီးမှည့်ထားတာပါ။ အမေရိကန်ဆေးကုမ္ပဏီ Merck & Co., Inc. ဟာ Ridgeback Biotherapeutics နဲ့ပူးပေါင်းပြီး ၂၀၂၀ ဇူလိုင်လကတည်းက မိုနူပီရာဗီယာကိုထုတ်ဖို့ကြိုးစားနေတာပါ။ အခုလောလောဆယ်တွေ့ရှိထားတဲ့ စမ်းသပ်မှုဒေတာတွေအရ ကိုဗစ်ကြောင့်ဆေးရုံတက်ရမှုကို (၅၀) ရာနှုန်းအထိလျော့ကျစေတယ်လို့ Merck က အောက်တိုဘာလ ၁ ရက်နေ့မှာကြေညာခဲ့ပါတယ်။ မိုနူပီရာဗီယာဘယ်လောက်ထိရောက်မှုရှိသလဲ ===================== ကိုဗစ်လူနာပေါင်း (၃၈၅) ယောက်ကို […]

ဆက်ဖတ်ရန်နှိပ်ပါ။

“မမြဲသောအရာကိုဖက်တွယ်ထားသလား ဆန်ချီရို”

 614 Pageviews

 614 Pageviews   ဒါပေမယ့် ရက်စက်မိုက်မဲတဲ့ရှိုးဂန်းလက်ထက်မှာ တတိုင်းပြည်လုံးကြိမ်မီးအုံးသလိုဖြစ်နေတယ်။ပြည်သူပြည်သားအားလုံးဟာ မခံမရပ်နိုင်ဖြစ်လာကြတဲ့အတွက် အနယ်နယ်အရပ်ရပ်မှာပုန်ကုန်ထကြွကုန်ပြီ။ဆန်ချီရိုနယ်မှာလည်းပုန်ကုန်ထကြွမှု မကြုံစဖူးဖြစ်တဲ့အတွက် ရှိုးဂန်းရဲ့ခေါ်ယူကြိမ်းမောင်းခြင်းခံရတယ်။                   သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နယ်တစ်နယ်ကိုစားရတဲ့ နယ်စားတစ်ယောက်ဖြစ်လာတယ်။ အဲ့ဒီတုန်းက သူ့နယ်မှာတော့သူဟာ ဘုရင်ပဲ။   ဆန်ချီရိုဟာ သူ့ဇက်နဲ့ဝမ်းဗိုက်ကိုသူ မကြာခဏပြန်ပြန်ပြီးစမ်းကြည့်မိတယ်။ သူ့အနေနဲ့ ယခုပုန်ကန်ထကြွမှုကိုအပြတ်နှိမ်နင်းနိုင်မှ ခေါင်းနဲ့ကိုယ်နဲ့မြဲမယ်။          မနှိမ်နင်းနိုင်လို့ကတော့ ကိုယ့်ဟာကိုဗိုက်ဖွင့်ပြီး ဟီရကိရိလုပ်ရင်လုပ်၊ ရှိုးဂန်းဒေါသထွက်လွန်းရင် ဟီရကိရိလုပ်ခွင့်တောင်မရရင်ပဲ ဇက်ကိုပိုင်းပြီးစီရင်ခံရနိုင်သေးတယ်။          အဲ့ဒီတော့ ဆန်ချီရိုရဲ့ဇက်ပေါ်မှာရှိနေတဲ့ အထုပ်ကြီးကအလေးကြီးဖြစ်နေတယ်။ သူ့အနေအထားက အချိန်မရွေးဇက်ပြုတ်သွားနိုင်တဲ့အနေအထား။         […]

ဆက်ဖတ်ရန်နှိပ်ပါ။

မြန်မာစကစခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များအစည်းအဝေးသို့ မဖိတ်ကြားရန်အာဆီယံအဖွဲ့အတွင်းဆွေးနွေး

?? မြန်မာစစ်တပ်ဟာ သဘောတူထားတဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိရေးလမ်းပြမြေပုံအတိုင်း တိုးတက်မှုတွေပြုလုပ်ရန်ပျက်ကွက်တဲ့အတွက် ဒီလထဲမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်များအစည်းအဝေးသို့အာဏာသိမ်းစစ်ခေါင်းဆောင်အား မဖိတ်ကြားရန် အာဆီယံအဖွဲ့အတွင်းတိုင်ပင်ဆွေးနွေးနေတယ်လို့ အာဆီယံရဲ့ ကိုယ်စားလှယ် Erywan Yusof ကဆိုပါတယ်။ အာဆီယံရဲ့ ကိုယ်စားလှယ် Erywan Yusof အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုထားတာကို မြန်မာစကစဘက်က အကြောင်းမပြန်သေးဘူးလို့ဆိုပါတယ်။ ဒီကိစ္စဟာ နိုင်ငံတကာမှာမဟုတ်တောင် အိမ်နီးချင်းတွေကြားထဲမှ လူရာဝင်ချင်လှတဲ့မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်အတွက်တော့ မျက်နှာပန်းမလှမယ့်ကိစ္စဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က မီတင်မှာ မြန်မာစကစရဲ့လုပ်ရပ်တွေကို အာဆီယံဝန်ကြီးတွေကစိတ်ပျက်ကြောင်း ထုတ်ပြောခဲ့ကြတာပါ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က Twitter မှာ မြန်မာ SAC ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်စေဖို့ခက်မယ်လို့ ရေးခဲ့ပါတယ်။ အာဆီယံအကြားတောင်လူရာမဝင်ရင် ကုလသမဂ္ဂမှာထောက်ခံမှုရဖို့ ပိုခက်သွားပါလိမ့်မယ်။ အာဆီယံကတောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ကိုပေးဖို့ကလည်း ဆုတ်လည်းဆူးစားလည်းရူးဖြစ်နေတဲ့ပုံပါ။ အာဆီယံအနေနဲ့မြန်မာပြည်တွင်းစစ်မီးကိုဒီ့ထက်ပိုမကြီးအောင် မြန်မြန်ငြိမ်းသတ်ချင်နေပါပြီ။ ဒီလိုငြိမ်းသတ်ဖို့ရာကလည်းဒေါ်အောင်ဆန်းစုကြည်ကပဲတတ်နိုင်လိမ့်မယ်လို့ အာဆီယံကမြင်ထားပုံရပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးပြီး စေ့စပ်ညှိနှိုင်းရေးတွေလုပ်မှရပါမယ်။ အာဆီယံကလည်းဒီလမ်းကြောင်းကိုဦးတည်စေချင်တဲ့ပုံပါ။ စကစအတွက် ပြဿနာက ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးလိုက်တာနဲ့ သူစွပ်စွဲထားတာတွေကို မမှန်ဘူးလို့ ပြန်ပြောသလိုဖြစ်နေတယ်။ မလွှတ်ပေးပဲဆက်တရားစွဲလေ […]

ဆက်ဖတ်ရန်နှိပ်ပါ။

ဂေါ်ရခါးညွှန့်ကြော်

 283 Pageviews

 283 Pageviews ဒီနေ့ညနေ ဂေါ်ရခါးညွှန့်ကြော်စားတယ်။ ဒါမလေးရှားကမှာထားတဲ့ ဂေါ်ရခါးညွှန့် ၄ ဒေါ်လာဖိုးကိုအိမ်မှာကြော်ထားတာဖြစ်တယ်။ ဒီတစ်ပွဲဟာ Yunnan ဆိုင်က ၁၄ ဒေါ်လာတန်ထက်များတယ်။ကြုံလို့ဂေါ်ရခါးညွှန့်ရဖို့ အိမ်မှာစိုက်ကြည့်ပုံကိုပြောပြအုံးမယ်။ ဂေါ်ရခါးသီးကို ဘယ်လိုအပင်ဖောက်ရသလဲပြောပြမယ်။ ဂေါ်ရခါးသီးထဲမှာ အစေ့ခပ်ကြီးကြီးတစ်စေ့ပဲပါတယ်။ တတ်နိုင်ရင် အသီးရင့်တာရှာပြီးတော့ ပလတ်စတစ်ဘူး (သို့) ဇလုံထဲမှာ kitchen tower စက္ကူကိုရေဆွတ်ပြီး အဲ့ဒီအပေါ်မှာတင်။ ပြီးရင်လေလုံအောင် ပလတ်စတစ်နဲ့အုပ်ထား။ အများဆုံး (၇) ရက်လောက်ဆိုရင် ဂေါ်ရခါးသီးရဲ့ဖင်ဘက်ကနေ အညှောင့်ပေါက်လာလိမ့်မယ်။ အဲ့ဒါဆိုရင် ရေလေးဖြန်းဖြန်းပေးပြီး ပလတ်စတစ်နဲ့ပြန်အုပ်ထားရင် မုတ်ဆိတ်တွေလိုပဲအမြစ်တွေ တဖွားဖွားထွက်လာလိမ့်မယ်။ ဒါများ wikiHow မှာသွားကြည့်ရင်ရတာပဲမလုပ်နဲ့။ သူတို့ပုံဆွဲပြထားတာမှားနေတယ်။ ကျနော်ကကိုယ်တိုင်အပင်ဖောက်လာလို့သိတာ။ wikiHow ထဲမှာ ဂေါ်ရခါးညွှန့်ကအသီးရဲ့အညှာဘက်ကထွက်တယ်လို့ ပုံတွေဆွဲပြထားတာ လုံးဝမှားတယ်။ အသီးရဲ့ဖင်ဘက်က တဖြည်းဖြည်းကွဲလာပြီး အညှောင့်ထွက်လာရမှာ။ wikiHow ရဲ့ “How-to instructions […]

ဆက်ဖတ်ရန်နှိပ်ပါ။

? WHO က COVID-19 အတွက်ဖြစ်နိုင်ခြေရှိတဲ့ ဆေး (၃) မျိုးကိုစမ်းသပ်နေပါတယ်။

 772 Pageviews

 772 Pageviews Artesunate, imatinib နဲ့ infliximab တို့ကို နိုင်ငံပေါင်း (၅၂) နိုင်ငံက ဆေးရုံပေါင်း (၆၀၀) ကျော်မှာစမ်းသပ်တာမို့ Covid-19 အတွက် တကယ်အသုံးကျမကျ mass testing ပြုလုပ်တာဖြစ်ပါတယ်။ The World Health Organization on Wednesday announced major international trials of three drugs to find out whether they improve the condition of hospitalised Covid-19 patients. WHO ဟာ #ဆေးရုံတက်နေရတဲ့ ကိုဗစ်လူနာတွေရဲ့အခြေအနေတိုးတက်မှုရှိလာနိုင်မလားကို အထက်ပါဆေးသုံးမျိုးကိုသုံးပြီး စမ်းသပ်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

Progeria ပရိုဂျီးရီးယားရောဂါ

 524 Pageviews

 524 Pageviews တောင်အာဖရိကနိုင်ငံမှာ အသက် (၂၀) အရွယ်အမျိုးသမီးငယ်တစ်ယောက်ဟာ သူ့ထက်အများကြီးမျက်နှာရင့်ရော်တဲ့ ကလေးငယ်တစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဒါဟာ ပရိုဂျီးရီးယား (သို့မဟုတ်) ဟက်ချင်စန်-ဂေးဖို့ စင်ဒရုန်း (Hutchinson -Gilford syndrome ) ဖြစ်ပါတယ်။ မွေးလာတဲ့ကလေးဟာ အသက်ရင့်ရော်တာမြန်ပြီး အသက် (၂၀) မပြည့်ခင်ဆုံးပါးသွားလေ့ရှိပါတယ်။ ပရိုဂျီးရီးယားဟာ အလွန့်အလွန်ရှားပါးတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်ခုဖြစ်ပါတယ်။ လူသန်း (၂၀) မှာမှ တစ်ယောက်ယောက်ဖြစ်တတ်တဲ့ရောဂါမျိုးပါ။ မနှစ်က Progeria Research Foundation ပရိုဂျီးရီးယားသုသေသနဖောင်ဒေးရှင်းက စစ်တမ်းကောက်ကြည့်ရာမှာ (၅၃) နိုင်ငံမှာ ကလေး (၁၇၉) ယောက်တွေ့ခဲ့ပါတယ်။ ပရိုဂျီးရီးယားကလေးတွေဟာ ပျမ်းမျှအသက် (၁၃) နှစ်မကျော်ပဲ ၉၀ ရာနှုန်းဟာ heartattack နှလုံးရပ်ခြင်း၊ stroke လေဖြတ်ခြင်းတို့နဲ့ သေဆုံးတတ်ပါတယ်။ ပရိုဂျီးရီးယားဟာ ရှားပါးတဲ့ genetic […]

ဆက်ဖတ်ရန်နှိပ်ပါ။

?? စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် booster dose ကို အသက်ကြီးသူတွေနဲ့ immune system ချို့ယွင်းချက်ရှိသူတွေကို စထိုးပေးပါတော့မယ်။

 518 Pageviews

 518 Pageviews အသက် ၆၀ နဲ့အထက်အသက်ကြီးသူတွေ၊ ကိုယ်ခံအားစနစ် အတော်အတန် (သို့မဟုတ်) ကြီးကြီးမားမားချို့ယွင်းချက်ရှိသူတွေ၊ ဘိုးဘွားရိပ်သာမှာနေထိုင်သူတွေကို ထိုးပေးတော့မှာဖြစ်ပါတယ်။အထက်ပါလူတွေဟာ ကိုဗစ်ဖြစ်ရင်ပြင်းထန်နိုင်တာရယ်၊ ပထမနှစ်ကြိမ်ကနေ immune response ကိုယ်ခံအားတုန့်ပြန်မှုနည်းနိုင်တာရယ် ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။[bg_collapse view=”link” color=”#4a4949″ expand_text=”Read More” collapse_text=”Read Less” ]သူတို့ကို mRNA ကာကွယ်ဆေးကို ပထမဦးဆုံးအကြိမ်ကာကွယ်ဆေးထိုးပြီးချိန် ၆ လကနေ ၉ လအကြာမှာ တတိယတစ်လုံးကို ထိုးပေးမှာဖြစ်ပါတယ်။ အခုလည်း အဲ့ဒီလူတွေဟာ ပထမအကြိမ်ကာကွယ်ဆေးထိုးထားတာ ၆ လပြည့်တော့မှာဖြစ်ပါတယ်။ စင်ကာပူအာဏာပိုင်တွေဟာ booster dose ထိုးသူတွေမှာ အန္တရာယ်ကင်းမှုနဲ့ အာနိသင်ရှိမှုကိုစောင့်ကြည့်ပြီးမှ အခုလိုထိုးပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အိမ်း … တို့ဆီမှာ ဟိုကောင်မမွှေခဲ့ရင် … တို့ဆီကလူကြီးတွေလည်း တတိယအကြိမ် booster dose […]

ဆက်ဖတ်ရန်နှိပ်ပါ။