🇮🇳 အိန္ဒိယမှာခရီးသွားရာဇဝင်မရှိတဲ့ဆရာဝန်မှာအိုမာခရွန်တွေ့ရှိ

 561 Pageviews

 561 Pageviews အသက် ၄၆ နှစ်ရှိ ခရီးသွားရာဇဝင်မရှိတဲ့ ဆရာဝန်ဟာ အိန္ဒိယရဲ့ပထမဆုံးအိုမာခရွန်စတွေ့တဲ့ နှစ်ယောက်ထဲကတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီဆရာဝန်နဲ့ထိတွေ့ခဲ့တဲ့ primary contacts တိုက်ရိုက်ထိတွေ့သူ (၃) ယောက်နဲ့secondary contacts တဆင့်ခံထိတွေ့သူ (၂) ယောက်ဟာလည်း ကိုဗစ် positive လို့ဆိုပါတယ်။ အိုမာခရွန်ဟုတ်မဟုတ်မပြောသေးပါ။ မလေးရှားကျန်းမာရေးဝန်ကြီးကလည်း နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းကဝင်လာတဲ့ကျောင်းသူမှာ အိုမာခရွန်တွေ့ကြောင်းပြောပါတယ်။ သဘောက အိုမာခရွန်ဟာနေရာတိုင်းမှာပြန့်နေနိုင်ပါတယ်။ သတိဆိုတာပိုတယ်လို့မရှိပါ။ အထက်ကဆရာဝန်ဟာ အိုမာခရွန်ကို Bengaluru မြို့က ဟော်တည်မှာနိုဝင်ဘာ ၂၀ရက်နေ့က ကွန်ဖရန့်တက်စဉ်မှာကူးစက်လာပုံရတယ်လို့ ယူဆထားပါတယ်။  အခုလိုခရီးသွားရာဇဝင်မရှိတဲ့သူမှာတွေ့တာကြောင့် အိုမာခရွန်ဟာနေရာတိုင်းပြန့်နှံ့နေနိုင်တာကြောင့် Mask တပ်ဖို့၊ ကာကွယ်ဆေးထိုးဖို့ သတိပေးထားပါတယ်။ Richard Myo Thant 3-December -2021

ဆက်ဖတ်ရန်နှိပ်ပါ။

မလေးရှားမှာအိုမာခရွန်တွေ့ရှိ

 571 Pageviews

 571 Pageviews မလေးရှားရဲ့ပထမဦးဆုံးအိုမာခရွန်ဗီဇကွဲလူနာအဖြစ် တောင်အာဖရိကကနေ စင်ကာပူကတဆင့်လာခဲ့တဲ့ကျောင်းသူမှာတွေ့ရတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးက ဒီနေ့ဒီဇင်ဘာ ၃ ရက်နေ့မှာပြောကြားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အဲ့ဒီ၁၉ နှစ်အရွယ်ကျောင်းသူဟာ အီပိုမှာကျောင်းတက်နေတာဖြစ်ပြီး မလေးရှားကိုနိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက စင်ကာပူနေရောက်ရှိခဲ့တာပါ။ နောက်နေ့နိုဝင်ဘာလ ၂၀ ရက်နေ့မှာ RT-PCR Test လုပ်တော့ Positive ဖြစ်နေတာတွေ့ရပါတယ်တဲ့။ သူမဟာ KLIA လေယာဉ်ကွင်းကနေ အီပိုကိုဘက်စ်စကားနဲ့သွားပါသတဲ့။သူမနဲ့အတူဘတ်စ်အတူစီးခဲ့တဲ့အခြား ၅ ယောက်ကို PCR Test လုပ်တာ Negative တဲ့။ အဲ့ဒီကျောင်းသူဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ကွာရန်တင်းထွက်ခဲ့ပါသတဲ့။ တကယ်တော့ WHO က အိုမာခရွန်ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ VOC အဖြစ်ကြေညာခဲ့တာပါ။ သဘောကတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မတိုင်ခင်ကတည်းက အိုမာခရွန်ပြန့်နေနိုင်ပြီး WHO ကမကြေညာခင်အထိလည်း ဘယ်နှစ်ယောက်မြန်မာပြည်ကိုဝင်ခဲ့သလဲမသိရပါ။ ဆက်လက်စောင့်ကြည့်ပြီးအစီရင်ခံပါမယ်ခင်ဗျား။ Richard Myo Thant 3-December -2021

ဆက်ဖတ်ရန်နှိပ်ပါ။

🇮🇳 အိန္ဒိယမှာအိုမာခရွန်နှစ်ယောက်တွေ့ရှိ

 612 Pageviews

 612 Pageviews ကျနော်တို့နဲ့ဘေးချင်းကပ်🇮🇳အိန္ဒိယနိုင်ငံမှာအိုမာခရွန်ဗီဇကွဲကူးစက်သူနှစ်ယောက်တွေ့ရှိပြီဖြစ်ပါတယ်။ အနောက်ဘက်ကနေမြန်မာပြည်ထဲကို အချိန်မရွေးဝင်လာနိုင်တာမို့ သတိရှိဖို့လိုနေပြှလည်းဖြစ်ပါတယ်။ အိုမာခရွန်ဟာတဖြည်းဖြည်း ဒယ်တာကိုလွှမ်းမိုးသွားလိမ့်မယ်လို့မှန်းဆထားကြပါတယ်။ အိုမာခရွန်ကနေ ကူးစက်နိုင်ခြေဟာ (၃) ဆပိုများတယ်လို့ တောင်အာဖရိကကျန်းမာရေးဂရုတစ်ခုကဆိုပါတယ်။ တောင်အာဖရိကမှာ လွန်ခဲ့တဲ့ (၁၀) ရက်က နေ့စဉ်အသစ် (၃၁၂) ယောက်တွေ့ခဲ့ရာကမနေ့ကကြာသပတေးနေ့မှာ (၁၁,၅၃၅) ယောက်အထိအဆမတန်ခုန်တက်သွားခဲ့ပါတယ်။ Richard Myo Thant 3-December -2021

ဆက်ဖတ်ရန်နှိပ်ပါ။

🇸🇬 စင်ကာပူကိုအဝင်မှာ အိုမာခရွန်နှစ်ယောက်တွေ့ရှိ

 636 Pageviews

 636 Pageviews စင်ကာပူနိုင်ငံကိုတောင်အာဖရိကမှ စင်ကာပူလေကြောင်းလိုင်းနဲ့ရောက်ရှိလာသူနှစ်ယောက်မှာ အိုမာခရွန်ဗီဇကွဲရှိနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာန MOH က မနေ့ကဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြောဆိုပါတယ်။ စင်ကာပူလေကြောင်းလိုင်း SQ479 နဲ့လိုက်လာသူ နှစ်ယောက်စလုံးဟာ ဒီဇင်ဘာလ၁ ရက်နေ့ရောက်ရောက်ခြင်းလေဆိပ်မှာသီးခြားခွဲထားတာဖြစ်ပြီး ကွန်မြူနတီနဲ့ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ နှစ်ယောက်စလုံးဟာ ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး အခုချောင်းနည်းနည်းဆိုးတာနဲ့ လည်ချောင်းယားတဲ့လက္ခဏာပဲတွေ့ရတယ်လို့ဆိုပါတယ်။ Case 271598 ဟာ အသက် ၄၁ နှစ်အရွယ်စင်ကာပူနိုင်ငံသားအမျိုးသမီးဖြစ်ပြီးတောင်အာဖရိကနိုင်ငံ ဂျိုအန်နာစဘတ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းက ဆေးစစ်ခဲ့စဉ်မှာ ကိုဗစ် Negative ပြခဲ့တယ်လို့ဆိုပါတယ်။  Case 271487 ဟာ အသက် ၄၄ နှစ်အရွယ်စင်ကာပူ PR ဖြစ်ကာ မိုဇမ်ဘစ်နိုင်ငံမှ စင်ကာပူကိုလာသူဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံ ဂျိုအန်နာစဘတ်မှာ နိုဝင်ဘာလ၂၉ ရက်နေ့တုန်းက ဆေးစစ်ခဲ့စဉ်မှာ သူလည်း ကိုဗစ် Negative ပြခဲ့တယ်လို့ဆိုပါတယ်။  သူတို့တွေကိုဝင်ဝင်ချင်းမှာ PCR Test လုပ်ခဲ့ကာ သီးခြားခွဲထားခဲ့ကြတာဖြစ်ပါတယ်။ သူတို့နဲ့တစ်လေယာဉ်ထဲမှာ အတူစီးနင်းလိုက်ပါလာခဲ့ကြတဲ့ သူတွေအားလုံးကိုcontact tracing ထိတွေ့မှုအဆက်အသွယ်အားလုံးပြန်လိုက်ထားတယ်လို့ဆိုပါတယ်။ သူတို့နဲ့အတူလာခဲ့တဲ့ လေယာဉ်ပိုင်းလော့နဲ့လေယာဉ်မယ်များအားလုံးကိုလည်း ကိုဗစ် Test လုပ်ကာသီးသန့်ခွဲခြားထားတယ်လို့ဆိုပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

🦠 အိုမာခရွန်အကြောင်းသိကောင်းစရာ

 1,658 Pageviews

 1,658 Pageviews 🇸🇬စင်ကာပူဝန်ကြီးချုပ်လီရှန်လုံးကကိုဗစ်ဗီဇကွဲအသစ် Omicron variant ကိုအသေအချာစောင့်ကြည့်နေကြောင်းနဲ့လိုအပ်ရင်ရှေ့တိုးမယ့်အခြေလှမ်းအစား အနည်းငယ်နောက်ပြန်ဆုတ်မှာဖြစ်ကြောင်းယနေ့နိုဝင်ဘာလ၂၈ရက်နေ့မှာပြောကြားလိုက်ပါတယ်။ သဘောက ဒီဗိုင်းရပ်စ်မျိုးဗီဇကွဲရဲ့အခြေအနေကိုကြည့်ပြီး အခုတံခါးဖွင့်ပေးနေတဲ့ခြေလှမ်းတွေကို “လိုအပ်ရင်ပြန်နောက်ဆုတ်မှာဖြစ်ပါတယ်” လို့ ကြိုအသိပေးထားတာပါ။ – ▪️အိုမာခရွန်ကိုဘာလို့စိုးရိမ်ကြတာလဲ❓ အိုမာခရွန် (B1.1.529) ဗီဇကွဲဟာ ကာကွယ်ဆေးကြောင့်ရထားတဲ့ ကိုယ်ခံအားကိုအတိုင်းအတာတစ်ခုအထိကျော်လွှားနိုင်မှာကို စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ – ▪️ဘာဖြစ်လို့အဲ့ဒီလိုပူပန်ရတာလဲ❓ အိုမာခရွန်ရဲ့ စပိုက်ပရိုတိန်းမှာ spike protein mutation သန္ဓေကွဲမှု (၃၂) နေရာတောင်ရှိလို့ဖြစ်ပါတယ်။  သဘောက Delta variant ဒယ်တာဗီဇကွဲထက် (၂) ဆလောက်သန္ဓေကွဲတဲ့နေရာ ဖြစ်နေတဲ့သဘောပါ။ ကာကွယ်ဆေးများဟာ အဲ့ဒီဗိုင်းရပ်စ်ကနေလူရဲ့ကိုယ်ခန္ဓာဆဲလ်တွေကိုလာချိတ်တဲ့ စပိုက်ပရိုတိန်းကို လေ့လာပြီးဒီဇိုင်းထုတ်ထားတာပါ။ ကာကွယ်ဆေးကနေ ကျနော်တို့လူရဲ့ကိုယ်ခံအားစနစ်ကို စပိုက်ပရိုတိန်းပုံစံကိုသင်ပေးပြီး အပြင်ကဝင်လာရင်တိုက်ခိုက်ကာကွယ်နိုင်ဖို့ ကြိုသင်ပေးထားတာပါ။ ပြဿနာက အိုမာခရွန်ရဲ့စပိုက်ပရိုတိန်းမှာ ပုံစံကွဲ (၃၂) နေရာတောင်ရှိနေတဲ့အတွက်ကျနော်တို့ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားစနစ်က မမှတ်မိမှာစိုးရိမ်ရပါတယ်။ ဒယ်တာတုန်းကအတော်ခံခဲ့ရတာမို့ ဒယ်တာထက် mutation များတဲ့ အိုမာခရွန်ကိုလန့်ကြတဲ့သဘောပါ။ – ▪️ဒါဆိုရင် အိုမာခရွန်ကိုအရမ်းစိုးရိမ်ရသလား❓ ကိုဗစ်စစခြင်း ကာကွယ်ဆေးမပေါ်ခင်ကလို အရမ်းကြီးစိုးရိမ်ရတာမျိုးမဟုတ်ပါ။  ကိုဗစ်ကာကွယ်ဆေးထုတ်နေတဲ့ အောက်ပါကုမ္ပဏီများက အိုမာခရွန်ကိုကာကွယ်နိုင်မယ့် ကာကွယ်ဆေးဗားရှင်းမြှင့်ဖို့ ဖော်မြူလာထုတ်ရန် ရက် (၁၀၀) အတွင်းရနိုင်တယ်လို့ဆိုနေကြပါတယ်။ 💉 ဖိုင်ဇာ Pfizer-BioNTech က ရက် (၁၀၀) အတွင်းထုတ်နိုင်တယ်လို့ ပြောထားပါတယ်။ 💉 မိုဒါးနား Moderna ရဲ့ CEO Stephane Bancel ကလည်း အိုမာခရွန်အတွက်ဗျူဟာချပြီးလုပ်နေပါပြီတဲ့။  💉 Oxford အောက်စဖို့ကာကွယ်ဆေး AstraZeneca ကလည်း အိုမာခရွန်အတွက်ဖော်မြူလာအသစ်က ပြီးလုလုဖြစ်နေပြီတဲ့။ 💉 Novavax နိုဗာဗက်ကလည်း အိုမာခရွန်အတွက် testing စမ်းသပ်ခြင်းနဲ့ ဆေးအသစ်ထုတ်ခြင်း manufacturing ကို ရက်သတ္တပတ်အနည်းငယ်အတွင်းလုပ်မှာဖြစ်ပါတယ်တဲ့။ 💉 J&J ဂျွန်ဆန်အန်ဂျွန်ဆန်ကလည်း အသေအချာပြင်ဆင်စောင့်ကြည့်နေပါတယ်တဲ့။ – ▪️ဒါဆိုရင် ကျန်တဲ့ကာကွယ်ဆေးတွေကရော❓ အဲ့ဒီမှာ အစကတည်းကပွင့်ပွင့်လင်းလင်းမကြေညာပဲ ကွေးကွေစွေ့စွေ့လုပ်တတ်တဲ့ကာကွယ်ဆေးတွေဆီက သူတို့ဘာလုပ်နေသလဲ ကျနော်တို့ချက်ချင်းမသိရပါ။ (ကွေးကွေစွေ့စွေ့ကို မသိရင်တရုတ်ပြည်ကအသိတွေကိုမေးကြည့်ပါ။) ဒါကြောင့် ကမ္ဘာပေါ်မှာ “ပွင့်လင်းမြင်သာမှုကအသက်” လို့ခဏခဏပြောရတာဖြစ်ပါတယ်။ အသက်လို့ပြောရတာက လူ့အသက်ပေါင်းများစွာနဲ့ဆိုင်နေလို့ပါ။ အဲ့ဒီဒေတာပွင့်ပွင့်လင်းလင်းမထုတ်တဲ့ ကာကွယ်ဆေးထုတ်သူတွေကို အိုမာခရွန်ကိစ္စဘယ်လိုလုပ်မလဲလို့ ပြန်မေးရမှာဖြစ်ပါတယ်။  – ▪️အိုမာခရွန်ဗီဇကွဲက ဘယ်အထိရောက်နေပြီလဲ❓ ယနေ့အထိသိရသမျှ ရောက်ရှိနေပြီးနိုင်ငံတွေကတော့ ဟောင်ကောင်၊ ဩစတေးလျ၊အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ ဘော့စဝါနာ၊ အစ္စရေးတို့ဖြစ်ပါတယ်။  စတင်တွေ့ရှိရတာက တောင်အာဖရိကနိုင်ငံပါ။ ပြင်သစ်မှာပြန့်နှံပြီးနေလောက်ပြီလို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးကယနေ့ပြောကြားခဲ့ပါတယ်။ အိုမာခရွန်မပြန့်နှံ့အောင်ထိန်းချုပ်မယ်လို့လည်းဆိုသွားပါတယ်။ အဲ့ဒီတော့ နိုင်ငံအတော်များများက အိုမာခရွန်ဝင်လာမှာရယ် ထပ်ပြီးပြန့်နှံ့လာမှာကိုစိုးရိမ်ပြီး ကာကွယ်မှုယူတဲ့အနေနဲ့ အချို့နိုင်ငံတွေကို ဝင်ခွင့်ယာယီပိတ်ပင်နိုင်ပါတယ်။ အဲ့ဒီမှာ ဘာလာလာဒေါင်းတဲ့ စည်းမရှိကမ်းမရှိ “ဘယ်သူတေတေငါမတေမှာပြီးရောဆိုတဲ့လူတွေအုပ်ချုပ်တဲ့” တိုင်းပြည်ကတော့ ဝင်လာရင်မသိမှာမို့ သတိထားရပါမယ်။  – ▪️ဒီနေရာမှာဗဟုသုတအဖြစ်ထည့်ပြောစရာရှိပါတယ်။ အိုမာခရွန်ဟာ တောင်အာဖရိကမှာစတွေ့တာပါ။ အချို့ကယူဆထားကြတာက ဒီအိုမာခရွန်ဟာ HIV ကိုယ်ခံစွမ်းအားကျရောဂါရှိတဲ့လူနာဆီမှာ ကိုဗစ်ရောဂါကြာရှည်ဖြစ်ရာကနေ evolved စတင်ဗီဇကွဲဖြစ်တယ်လို့ “ယူဆ” ထားပါတယ်။ ယူဆတယ်လို့ရေးတာက သေချာအတည်မပြုရသေးလို့ဖြစ်ပါတယ်။  HIV ဝေဒနာရှင်နဲ့ အခြားကိုယ်ခံအားစနစ်ချို့ယွင်းမှုရှိတဲ့လူနာတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားရင်း လူကောင်းတွေလိုမြန်မြန်မပြီးပြတ်ပဲ ကြာရှည်လာတဲ့အခါမှာ ကိုဗစ်ဗိုင်းရပ်စ်ကို Gym ထဲမှာထရိန်နင်ပေးလေ့ကျင့်ပေးလိုက်သလိုဖြစ်သွားစေခဲ့တယ်လို့ယူဆထားတာပါ။ ဒါ့ကြောင့် အိုမာခရွန်ဟာ ဒယ်တာကနေဆင်းသက်လာတာမဟုတ်ပဲ ဗီဇကွဲမှု gap ကြီးကြီးဖြစ်ခဲ့တယ်လို့ ယူဆထားကြတာပါ။ – ကဲ … အရေးကြီးတာပြောရရင်  (၁) အရမ်းကြီးစိုးရိမ်ပူပန်မှုမဖြစ်ကြပါနဲ့။ 💉 အိုမာခရွန်ကိုနိုင်တဲ့ ကာကွယ်ဆေးကို booster dose အနေနဲ့ထပ်ထိုးရနိုင်ပါတယ်။ “ထိုးဖို့လိုမယ်/မလိုဘူး ဆိုတာအခုအချိန်မှာပြောလို့မရသေးပါ။” […]

ဆက်ဖတ်ရန်နှိပ်ပါ။

ယနေ့ စနေနေ့ စင်ကာပူမှာ ကိုဗစ်လူနာ (၃၇၀၃) ယောက်တွေ့ခဲ့ပါတယ်။

 704 Pageviews

 704 Pageviews စင်ကာပူမှာကိုဗစ်လူနာနေ့စဉ် (၃၀၀၀) ကျော်တွေ့နေတာ၅ရက်ဆက်တိုက်ရှိနေပြီဖြစ်ပါတယ်။ စင်ကာပူဟာ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေးမူကိုစတင်အသက်သွင်းနေပြီဖြစ်ပြီးယနေ့နေ့လည် ဝန်ကြီးချုပ်မိန့်ခွန်းအပြီးမှာ လိုက်နာရန် လုပ်ထုံးလုပ်နည်း (၃)ခုချမှတ်ကြောင်းပြောကြားခဲ့ပါတယ်။ အခုလိုကိုဗစ်ဟာ တစ်နေ့ကို (၃၀၀၀) ကျော်တွေ့နေပုံအရဆိုရင် (၅၀၀၀) အထိတက်သွားမလားလို့စိုးရိမ်ရပါတယ်။ ယနေ့မှာ အမျိုးသား (၅)  ယောက်နဲ့ အမျိုးသမီး (၆) ယောက် ကိုဗစ်နဲ့ထပ်မံသေဆုံးခဲ့ပါတယ်။ အဲ့ဒီ (၁၁) ယောက်ထဲမှာ (၄) ယောက်က ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး (၃) ယောက်က တစ်လုံးပဲထိုးရသေးကာ (၄) ယောက်က လုံးဝမထိုးရသေးပါ။

ဆက်ဖတ်ရန်နှိပ်ပါ။

? Molnupiravir (မိုနူပီရာဗီယာ)

 4,788 Pageviews

 4,788 Pageviews ကိုဗစ်အတွက်အလားအလာကောင်းနေတဲ့ဆေးအကြောင်းရေးချင်နေတာ တစ်ပတ်လောက်ရှိပြီ။ အကောင့်ပိတ်ခံထားရလို့ ရေးတင်လို့မရဖြစ်နေတာပါ။ မိုနူပီရာဗီယာဟာ ဗိုင်းရပ်စ်သတ်တဲ့ စမ်းသပ်ဆေးဝါးဖြစ်ပြီး တုပ်ကွေးအတွက် ၂၀၁၄ လောက်က အမေရိကန် Atlanta ရှိ Emory University ကစတွေ့ခဲ့တဲ့ဆေးပါ။ ဆေးနာမည် Molnupiravir ကို တူကိုင်တဲ့ ဂျာမန်ဒဏ္ဍာရီလာနတ် Thor ရဲ့ တူ လက်နက်ဖြစ်တဲ့ Mjölnir အမည်ကိုယူပြီးမှည့်ထားတာပါ။ အမေရိကန်ဆေးကုမ္ပဏီ Merck & Co., Inc. ဟာ Ridgeback Biotherapeutics နဲ့ပူးပေါင်းပြီး ၂၀၂၀ ဇူလိုင်လကတည်းက မိုနူပီရာဗီယာကိုထုတ်ဖို့ကြိုးစားနေတာပါ။ အခုလောလောဆယ်တွေ့ရှိထားတဲ့ စမ်းသပ်မှုဒေတာတွေအရ ကိုဗစ်ကြောင့်ဆေးရုံတက်ရမှုကို (၅၀) ရာနှုန်းအထိလျော့ကျစေတယ်လို့ Merck က အောက်တိုဘာလ ၁ ရက်နေ့မှာကြေညာခဲ့ပါတယ်။ မိုနူပီရာဗီယာဘယ်လောက်ထိရောက်မှုရှိသလဲ ===================== ကိုဗစ်လူနာပေါင်း (၃၈၅) ယောက်ကို […]

ဆက်ဖတ်ရန်နှိပ်ပါ။

? WHO က COVID-19 အတွက်ဖြစ်နိုင်ခြေရှိတဲ့ ဆေး (၃) မျိုးကိုစမ်းသပ်နေပါတယ်။

 814 Pageviews

 814 Pageviews Artesunate, imatinib နဲ့ infliximab တို့ကို နိုင်ငံပေါင်း (၅၂) နိုင်ငံက ဆေးရုံပေါင်း (၆၀၀) ကျော်မှာစမ်းသပ်တာမို့ Covid-19 အတွက် တကယ်အသုံးကျမကျ mass testing ပြုလုပ်တာဖြစ်ပါတယ်။ The World Health Organization on Wednesday announced major international trials of three drugs to find out whether they improve the condition of hospitalised Covid-19 patients. WHO ဟာ #ဆေးရုံတက်နေရတဲ့ ကိုဗစ်လူနာတွေရဲ့အခြေအနေတိုးတက်မှုရှိလာနိုင်မလားကို အထက်ပါဆေးသုံးမျိုးကိုသုံးပြီး စမ်းသပ်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

?? စင်ကာပူမှာ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် booster dose ကို အသက်ကြီးသူတွေနဲ့ immune system ချို့ယွင်းချက်ရှိသူတွေကို စထိုးပေးပါတော့မယ်။

 568 Pageviews

 568 Pageviews အသက် ၆၀ နဲ့အထက်အသက်ကြီးသူတွေ၊ ကိုယ်ခံအားစနစ် အတော်အတန် (သို့မဟုတ်) ကြီးကြီးမားမားချို့ယွင်းချက်ရှိသူတွေ၊ ဘိုးဘွားရိပ်သာမှာနေထိုင်သူတွေကို ထိုးပေးတော့မှာဖြစ်ပါတယ်။အထက်ပါလူတွေဟာ ကိုဗစ်ဖြစ်ရင်ပြင်းထန်နိုင်တာရယ်၊ ပထမနှစ်ကြိမ်ကနေ immune response ကိုယ်ခံအားတုန့်ပြန်မှုနည်းနိုင်တာရယ် ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။[bg_collapse view=”link” color=”#4a4949″ expand_text=”Read More” collapse_text=”Read Less” ]သူတို့ကို mRNA ကာကွယ်ဆေးကို ပထမဦးဆုံးအကြိမ်ကာကွယ်ဆေးထိုးပြီးချိန် ၆ လကနေ ၉ လအကြာမှာ တတိယတစ်လုံးကို ထိုးပေးမှာဖြစ်ပါတယ်။ အခုလည်း အဲ့ဒီလူတွေဟာ ပထမအကြိမ်ကာကွယ်ဆေးထိုးထားတာ ၆ လပြည့်တော့မှာဖြစ်ပါတယ်။ စင်ကာပူအာဏာပိုင်တွေဟာ booster dose ထိုးသူတွေမှာ အန္တရာယ်ကင်းမှုနဲ့ အာနိသင်ရှိမှုကိုစောင့်ကြည့်ပြီးမှ အခုလိုထိုးပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အိမ်း … တို့ဆီမှာ ဟိုကောင်မမွှေခဲ့ရင် … တို့ဆီကလူကြီးတွေလည်း တတိယအကြိမ် booster dose […]

ဆက်ဖတ်ရန်နှိပ်ပါ။

?? အမေရိကန်အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေး booster dose ကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထိုးပေးမယ့်အစီအစဉ်အတွက် Pfizer-BioNTech နဲ့ပဲ စထိုးပေးတော့မယ်လို့ဆိုပါတယ်။

 450 Pageviews

 450 Pageviews FDA ကို Moderna ကတင်ထားတဲ့ booster dose အတွက် submission ဟာမလုံလောက်လို့ပါတဲ့။ FDA က Moderna ဆီက ပိုမိုခိုင်လုံတဲ့ ဒေတာတွေလိုအပ်တာဖြစ်ပြီး ဒီအတွက်ကြောင့် Moderna ဟာ booster dose ထိုးခွင့်ရတာ ရက်သတ္တပတ်အနည်းငယ်နောက်ကျနိုင်တယ်လို့ ဆိုပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။