တော်လှန်ရေးအောင်မြင်စေဖို့
657 Pageviews
657 Pageviews တနေ့ကအဖိုးအန်တိုနီယိုဘိုလီဗာနဲ့စကားပြောဖြစ်ပါတယ်။ အဖိုးအန်တိုနီယိုဟာလက်တင်အမေရိကတော်လှန်ရေးအတွင်း ချီကွေဗားရားနောက်ကနေလိုက်ပြီး တော်လှန်ရေးလုပ်ခဲ့ဖူးသူပါ။ အဖိုးဟာ 🇲🇽မက္ကဆီကန်တော်လှန်ရေးခေါင်းဆောင် Emiliano Zapata အယ်မလီယာနိုဇာပါတာရဲ့အဆိုအမိန့်တွေကို ကျနော့်ကိုပြောပြခဲ့သူပါ။ “If there is no justice for people, let there be no peace for government. “ “ပြည်သူလူထုကိုတရားမျှတမှုမပေးတဲ့ ဘယ်အစိုးရမျိုးမဆို ငြိမ်းချမ်းရေးဘယ်တော့မှမရဘူး” တဲ့ကွ။ O avō အဖိုးမတွေ့တာကြာပြီလို့ နှုတ်ဆက်တော့ သူ့ကမင်းတို့မြန်မာပြည်အခြေအနေဘယ်လိုလဲလို့ မေးပါတယ်။ တကယ်တော့အဖိုးအန်တိုနီယိုဘိုလီဗာနဲ့ ကျနော်စသိခဲ့တာ ၂၀၁၅ ကတည်းကပါ။ သူ့မြေး ဆိုင်မွန်ဘိုလီဗာဟာကျနော့်ကိုအတော်ခင်သူပါ။ Xiah ဆိုတဲ့အွန်လိုင်းဂိမ်းတစ်ခုဆော့ရင်း သူနဲ့ကျနော်နဲ့ မိုင်နိုတောတောင်ပေါ်မှာ မိုင်နိုတောအင်ပါယာကိုသတ်ဖို့အတူထိုင်စောင့်ရင်း ဘဝအကြောင်းစကားတွေအများကြီးပြောဖူးပါတယ်။ တစ်ခါတလေမိုင်နိုတောအင်ပါယာကိုတစ်ယောက်တစ်လှည့်အပျော်သတ်ရင်း သူရယ်ကျနော်ရယ် အီဂျစ်ကဗွန်ရယ် တောင်ထိပ်က🔥မီးပုံဘေးမှာ အတူစကားထိုင်ပြောတတ်ကြပါတယ်။ ဆိုင်မွန်ဘိုလီဗာဆိုတာဘိုလီးဗီးယားတော်လှန်ရေးခေါင်းဆောင်ကြီးတစ်ယောက်ရဲ့နာမည်မို့ ရာဇဝင်မေးရင်းသူ့အဖိုးအန်တိုနီယိုဘိုလီဗာနဲ့ပါသိလာခဲ့တာပါ။ အခုလည်းအဖိုးအန်တိုနီယိုကို အဖိုးချီကွေဗားရားနောက်ကနေ လိုက်ပြီးတော်လှန်ရေးလုပ်ခဲ့တဲ့အတွေ့အကြုံတွေကိုပြန်ပြောပါဦးလို့ ကျနော်ကမေးပါတယ်။ “ဒီမှာ ရစ်ချတ် … အဲ့ဒါတွေထက် တော်လှန်ရေးအောင်မြင်ချင်ရင် မဖြစ်မနေရှောင်ရမယ့်အချက်တွေကို မင်းကိုပြောပြမယ်” လို့ သူက လေးနက်တည်ကြည်တဲ့မျက်နှာနဲ့ပြောပါတယ်။ မင်းကြားဖူးသလားမသိဘူး။ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ် ပိုင်းလော့ တစ်ယောက်ဟာ ပြင်သစ်ပြည်မှာလေယာဉ်ပျက်ကျပြီး ပြင်သစ်တော်လှန်ရေးတစ်ဖွဲ့ရဲ့ကယ်တင်ခြင်းခံရတယ်။ အဲ့ဒါနဲ့ညစာစားတော့ သူက 🍷ဝိုင်ကလေးသောက်ချင်တယ်။ ပြင်သစ်မှာဝိုင်ကောင်းကောင်းသောက်ရမယ်မှတ်ထားတာကိုး။ ဧည့်သည်မျက်နှာကိုကြည့်ပြီး ပါးနပ်တဲ့ပြင်သစ်တော်လှန်ရေးခေါင်းဆောင်က ဝိုင်ပုလင်းတွေထုတ်ခိုင်းလိုက်တယ်။ မိတ်ဆွေသောက်ပါ။ ကျနော်တို့ကိုကူညီလို့ ဧည့်ခံပါရစေတဲ့။ ခင်ဗျားတို့လည်းသောက်လေဆိုတော့ စိတ်မရှိပါနဲ့ ပြင်သစ်ပြည်မလွတ်မြောက်မချင်း အရက်သေစာမသောက်သုံးဖို့ ကျနော်အဓိဌာန်ပြုထားတယ်တဲ့။ ကျနော်ဟာခေါင်းဆောင်တစ်ယောက်အနေနဲ့ “အရက်သောက်ရင်ဆုံးဖြတ်ချက်အမှားတွေကိုချမိလိမ့်မယ်” တဲ့။ မဟာမိတ်ပိုင်းလော့ဟာတော်လှန်ရေးစခန်းကပြင်သစ်သူလေးအတော်ချောတာကိုသတိထားမိပြီး ပိုးပန်းသတဲ့။ ပြင်သစ်သူလေကပြန်ပြောတာရှင်းရှင်းလေးပဲ။ ကျမတို့ပြည်ကြီးဟာ နာဇီတွေရဲ့လက်အောက်မှာကျရောက်နေတဲ့ ကံအဆိုးဆုံးကာလရောက်နေပါတယ်တဲ့။ မြို့ပေါ်မှာလူမဆန်အောင်အနှိပ်စက်ခံနေရတဲ့ ကျမမမြင်ဖူးတဲ့ကျမရဲ့ရဲဘော်ရဲဘက်တွေရယ်၊ မတရားတဲ့ရန်သူကိုတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေကိုမေ့ပျောက်ပြီး ကျမအချစ်ရူးမထနိုင်ပါဘူးတဲ့။ ကျမတို့နိုင်ငံမလွတ်မြောက်သေးသ၍ ဒါမျိုးကျမလက်ခံလို့မရပါဘူးတဲ့။ ကျမတို့ကိုရှင်တို့ကူညီနေတယ်ဆိုပေမယ့် ကျမတို့ကိုယ်ကျမအားကိုးဖို့လိုပါတယ်တဲ့။ ကျမကိုချစ်ရင်ရှင်ဝင်တိုက်ပေးပါတဲ့။ ပြတ်ကရော။ ငါတို့တော်လှန်ရေးလုပ်တော့ ချီရှိတုန်းကအဆင်ပြေတယ်။ နောက်တော့ခေါင်းဆောင်ကောင်းမရှိတော့တဲ့အချိန်မှာ ကဂျိုးဂချောင်တွေနဲ့လုံးလည်ချာလည်လိုက်တော့တာပဲလို့ သူကဆိုပါတယ်။ တို့ကကွာ တော်လှန်ရေးလုပ်ဖို့ စစ်တိုင်းနှစ်တိုင်းခွဲတယ်။ ဖြစ်ချင်တော့ အပေါ်ပိုင်းတိုင်းကိုဦးစီးတဲ့အကောင်က ဒါသမားကွဆိုပြီး သူကပါးစပ်မှာလက်မတေ့ပြီး မော့တဲ့ပုံလုပ်ပြပါတယ်။ သဘောကတော့ အရက်သမားလို့ပြောချင်တာပါ။ အောက်ဖက်တိုင်းကိုဦးစီးတဲ့ နောက်ခေါင်းဆောင်တစ်ကောင်က ဒါသမားကွဆိုပြီး နှာခေါင်းကိုလက်ညိုးနဲ့ထိုးပြပါတယ်။ သဘောကတော့တော်လှန်ရေးလုပ်ရမယ့်အချိန်မှာ တော်လှန်ရေးထက်နှာဘူးထဖို့တွေးနေတဲ့သူလို့ ပြောချင်တာပါ။ မင်းတို့နိုင်ငံမှာမင်းပြောဖူးတဲ့ခေါင်းဆောင်ကြီးတွေဟာ ဂျပန်ကိုတော်လှန်ခဲ့ချိန်မှာဘယ်လိုလဲလို့မေးပါတယ်။ ဟာ … ကျနော်တို့ခေါင်းဆောင်တွေက ခေါင်းဆောင်ပီသတယ်ဗျ။ ဗိုလ်ချုပ်အောင်ဆန်းအရက်သောက်တယ်လို့ဘယ်တုန်းကမှမကြားဖူးဘူးဗျ။ အရက်ပုလင်းလိုက်ရှာရင်း ရဲအဖမ်းခံရတယ်လို့လည်းတစ်ခါမှမရှိခဲ့ဖူးဘူး။ ပြီးတော့ နှာထပြီးတော်လှန်ရေးကိုအာရုံမစိုက်ပဲ မော်ဒယ်ကောင်မလေးကိုအာရုံစိုက်နေတယ်ဆိုတာမျိုးလည်းလုံးဝမရှိဘူးလို့ကျနော်ကပြန်ပြောလိုက်ပါတယ်။ အေး … အဲ့ဒါပဲ။ အဲ့ဒါက အရေးအကြီးဆုံးပဲကွလို့ သူကစားပွဲကို “ဒုံး” ကနဲထုပြီးစကားပြောပါတယ်။ […]
ဆက်ဖတ်ရန်နှိပ်ပါ။