🇮🇳 အိန္ဒိယမှာခရီးသွားရာဇဝင်မရှိတဲ့ဆရာဝန်မှာအိုမာခရွန်တွေ့ရှိ

 561 Pageviews

 561 Pageviews အသက် ၄၆ နှစ်ရှိ ခရီးသွားရာဇဝင်မရှိတဲ့ ဆရာဝန်ဟာ အိန္ဒိယရဲ့ပထမဆုံးအိုမာခရွန်စတွေ့တဲ့ နှစ်ယောက်ထဲကတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီဆရာဝန်နဲ့ထိတွေ့ခဲ့တဲ့ primary contacts တိုက်ရိုက်ထိတွေ့သူ (၃) ယောက်နဲ့secondary contacts တဆင့်ခံထိတွေ့သူ (၂) ယောက်ဟာလည်း ကိုဗစ် positive လို့ဆိုပါတယ်။ အိုမာခရွန်ဟုတ်မဟုတ်မပြောသေးပါ။ မလေးရှားကျန်းမာရေးဝန်ကြီးကလည်း နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းကဝင်လာတဲ့ကျောင်းသူမှာ အိုမာခရွန်တွေ့ကြောင်းပြောပါတယ်။ သဘောက အိုမာခရွန်ဟာနေရာတိုင်းမှာပြန့်နေနိုင်ပါတယ်။ သတိဆိုတာပိုတယ်လို့မရှိပါ။ အထက်ကဆရာဝန်ဟာ အိုမာခရွန်ကို Bengaluru မြို့က ဟော်တည်မှာနိုဝင်ဘာ ၂၀ရက်နေ့က ကွန်ဖရန့်တက်စဉ်မှာကူးစက်လာပုံရတယ်လို့ ယူဆထားပါတယ်။  အခုလိုခရီးသွားရာဇဝင်မရှိတဲ့သူမှာတွေ့တာကြောင့် အိုမာခရွန်ဟာနေရာတိုင်းပြန့်နှံ့နေနိုင်တာကြောင့် Mask တပ်ဖို့၊ ကာကွယ်ဆေးထိုးဖို့ သတိပေးထားပါတယ်။ Richard Myo Thant 3-December -2021

ဆက်ဖတ်ရန်နှိပ်ပါ။

မလေးရှားမှာအိုမာခရွန်တွေ့ရှိ

 571 Pageviews

 571 Pageviews မလေးရှားရဲ့ပထမဦးဆုံးအိုမာခရွန်ဗီဇကွဲလူနာအဖြစ် တောင်အာဖရိကကနေ စင်ကာပူကတဆင့်လာခဲ့တဲ့ကျောင်းသူမှာတွေ့ရတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးက ဒီနေ့ဒီဇင်ဘာ ၃ ရက်နေ့မှာပြောကြားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက အဲ့ဒီ၁၉ နှစ်အရွယ်ကျောင်းသူဟာ အီပိုမှာကျောင်းတက်နေတာဖြစ်ပြီး မလေးရှားကိုနိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက စင်ကာပူနေရောက်ရှိခဲ့တာပါ။ နောက်နေ့နိုဝင်ဘာလ ၂၀ ရက်နေ့မှာ RT-PCR Test လုပ်တော့ Positive ဖြစ်နေတာတွေ့ရပါတယ်တဲ့။ သူမဟာ KLIA လေယာဉ်ကွင်းကနေ အီပိုကိုဘက်စ်စကားနဲ့သွားပါသတဲ့။သူမနဲ့အတူဘတ်စ်အတူစီးခဲ့တဲ့အခြား ၅ ယောက်ကို PCR Test လုပ်တာ Negative တဲ့။ အဲ့ဒီကျောင်းသူဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ကွာရန်တင်းထွက်ခဲ့ပါသတဲ့။ တကယ်တော့ WHO က အိုမာခရွန်ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှ VOC အဖြစ်ကြေညာခဲ့တာပါ။ သဘောကတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မတိုင်ခင်ကတည်းက အိုမာခရွန်ပြန့်နေနိုင်ပြီး WHO ကမကြေညာခင်အထိလည်း ဘယ်နှစ်ယောက်မြန်မာပြည်ကိုဝင်ခဲ့သလဲမသိရပါ။ ဆက်လက်စောင့်ကြည့်ပြီးအစီရင်ခံပါမယ်ခင်ဗျား။ Richard Myo Thant 3-December -2021

ဆက်ဖတ်ရန်နှိပ်ပါ။

🇮🇳 အိန္ဒိယမှာအိုမာခရွန်နှစ်ယောက်တွေ့ရှိ

 612 Pageviews

 612 Pageviews ကျနော်တို့နဲ့ဘေးချင်းကပ်🇮🇳အိန္ဒိယနိုင်ငံမှာအိုမာခရွန်ဗီဇကွဲကူးစက်သူနှစ်ယောက်တွေ့ရှိပြီဖြစ်ပါတယ်။ အနောက်ဘက်ကနေမြန်မာပြည်ထဲကို အချိန်မရွေးဝင်လာနိုင်တာမို့ သတိရှိဖို့လိုနေပြှလည်းဖြစ်ပါတယ်။ အိုမာခရွန်ဟာတဖြည်းဖြည်း ဒယ်တာကိုလွှမ်းမိုးသွားလိမ့်မယ်လို့မှန်းဆထားကြပါတယ်။ အိုမာခရွန်ကနေ ကူးစက်နိုင်ခြေဟာ (၃) ဆပိုများတယ်လို့ တောင်အာဖရိကကျန်းမာရေးဂရုတစ်ခုကဆိုပါတယ်။ တောင်အာဖရိကမှာ လွန်ခဲ့တဲ့ (၁၀) ရက်က နေ့စဉ်အသစ် (၃၁၂) ယောက်တွေ့ခဲ့ရာကမနေ့ကကြာသပတေးနေ့မှာ (၁၁,၅၃၅) ယောက်အထိအဆမတန်ခုန်တက်သွားခဲ့ပါတယ်။ Richard Myo Thant 3-December -2021

ဆက်ဖတ်ရန်နှိပ်ပါ။

🇸🇬 စင်ကာပူကိုအဝင်မှာ အိုမာခရွန်နှစ်ယောက်တွေ့ရှိ

 634 Pageviews

 634 Pageviews စင်ကာပူနိုင်ငံကိုတောင်အာဖရိကမှ စင်ကာပူလေကြောင်းလိုင်းနဲ့ရောက်ရှိလာသူနှစ်ယောက်မှာ အိုမာခရွန်ဗီဇကွဲရှိနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာန MOH က မနေ့ကဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြောဆိုပါတယ်။ စင်ကာပူလေကြောင်းလိုင်း SQ479 နဲ့လိုက်လာသူ နှစ်ယောက်စလုံးဟာ ဒီဇင်ဘာလ၁ ရက်နေ့ရောက်ရောက်ခြင်းလေဆိပ်မှာသီးခြားခွဲထားတာဖြစ်ပြီး ကွန်မြူနတီနဲ့ထိတွေ့မှုမရှိဘူးလို့ ဆိုပါတယ်။ နှစ်ယောက်စလုံးဟာ ကာကွယ်ဆေးအပြည့်အဝထိုးထားပြီး အခုချောင်းနည်းနည်းဆိုးတာနဲ့ လည်ချောင်းယားတဲ့လက္ခဏာပဲတွေ့ရတယ်လို့ဆိုပါတယ်။ Case 271598 ဟာ အသက် ၄၁ နှစ်အရွယ်စင်ကာပူနိုင်ငံသားအမျိုးသမီးဖြစ်ပြီးတောင်အာဖရိကနိုင်ငံ ဂျိုအန်နာစဘတ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းက ဆေးစစ်ခဲ့စဉ်မှာ ကိုဗစ် Negative ပြခဲ့တယ်လို့ဆိုပါတယ်။  Case 271487 ဟာ အသက် ၄၄ နှစ်အရွယ်စင်ကာပူ PR ဖြစ်ကာ မိုဇမ်ဘစ်နိုင်ငံမှ စင်ကာပူကိုလာသူဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံ ဂျိုအန်နာစဘတ်မှာ နိုဝင်ဘာလ၂၉ ရက်နေ့တုန်းက ဆေးစစ်ခဲ့စဉ်မှာ သူလည်း ကိုဗစ် Negative ပြခဲ့တယ်လို့ဆိုပါတယ်။  သူတို့တွေကိုဝင်ဝင်ချင်းမှာ PCR Test လုပ်ခဲ့ကာ သီးခြားခွဲထားခဲ့ကြတာဖြစ်ပါတယ်။ သူတို့နဲ့တစ်လေယာဉ်ထဲမှာ အတူစီးနင်းလိုက်ပါလာခဲ့ကြတဲ့ သူတွေအားလုံးကိုcontact tracing ထိတွေ့မှုအဆက်အသွယ်အားလုံးပြန်လိုက်ထားတယ်လို့ဆိုပါတယ်။ သူတို့နဲ့အတူလာခဲ့တဲ့ လေယာဉ်ပိုင်းလော့နဲ့လေယာဉ်မယ်များအားလုံးကိုလည်း ကိုဗစ် Test လုပ်ကာသီးသန့်ခွဲခြားထားတယ်လို့ဆိုပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

? Molnupiravir (မိုနူပီရာဗီယာ)

 4,788 Pageviews

 4,788 Pageviews ကိုဗစ်အတွက်အလားအလာကောင်းနေတဲ့ဆေးအကြောင်းရေးချင်နေတာ တစ်ပတ်လောက်ရှိပြီ။ အကောင့်ပိတ်ခံထားရလို့ ရေးတင်လို့မရဖြစ်နေတာပါ။ မိုနူပီရာဗီယာဟာ ဗိုင်းရပ်စ်သတ်တဲ့ စမ်းသပ်ဆေးဝါးဖြစ်ပြီး တုပ်ကွေးအတွက် ၂၀၁၄ လောက်က အမေရိကန် Atlanta ရှိ Emory University ကစတွေ့ခဲ့တဲ့ဆေးပါ။ ဆေးနာမည် Molnupiravir ကို တူကိုင်တဲ့ ဂျာမန်ဒဏ္ဍာရီလာနတ် Thor ရဲ့ တူ လက်နက်ဖြစ်တဲ့ Mjölnir အမည်ကိုယူပြီးမှည့်ထားတာပါ။ အမေရိကန်ဆေးကုမ္ပဏီ Merck & Co., Inc. ဟာ Ridgeback Biotherapeutics နဲ့ပူးပေါင်းပြီး ၂၀၂၀ ဇူလိုင်လကတည်းက မိုနူပီရာဗီယာကိုထုတ်ဖို့ကြိုးစားနေတာပါ။ အခုလောလောဆယ်တွေ့ရှိထားတဲ့ စမ်းသပ်မှုဒေတာတွေအရ ကိုဗစ်ကြောင့်ဆေးရုံတက်ရမှုကို (၅၀) ရာနှုန်းအထိလျော့ကျစေတယ်လို့ Merck က အောက်တိုဘာလ ၁ ရက်နေ့မှာကြေညာခဲ့ပါတယ်။ မိုနူပီရာဗီယာဘယ်လောက်ထိရောက်မှုရှိသလဲ ===================== ကိုဗစ်လူနာပေါင်း (၃၈၅) ယောက်ကို […]

ဆက်ဖတ်ရန်နှိပ်ပါ။

?? လစ်သူယေးနီးယားဟာ တရုတ်ပြည်ကနေသူ့သံအမတ်ကိုပြန်ခေါ်လိုက်ပါတယ်။

 248 Pageviews

 248 Pageviews တရုတ်ပြည်ဟာ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ပေးမယ့်ကိစ္စအတွက် လစ်သူယေးနီးယားကို ဩဂတ်စ်လကတည်းက အကြီးအကျယ်ဖိအားပေးခဲ့ပါတယ်။ လစ်သူယေးနီးယားကနေ တရုတ်ပြည်ကသူ့သံအမတ်ကိုပြန်ခေါ်ခဲ့ပြီး အခြားအကျိုးဆက်တွေလည်းခံရအုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ လစ်သူယေးနီးယားကတော့ တရုတ်ပြည်ရဲ့ဖိအားပေးတာကို လက်မခံခဲ့ပါဘူး။ အမေရိကန်၊ ဂျပန်စတဲ့ နိုင်ငံကြီးတွေမှာလည်း ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကိုဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ တရုတ်ပြည်ဘက်ကအရိပ်အယောင်ပြခြိမ်းခြောက်ခဲ့တဲ့ ကုန်သွယ်ရေးကိစ္စ၊ ငွေကြေးကိစ္စအားလုံးကိုလည်း ခြိမ်းခြောက်တိုင်းမကြောက်ခဲ့ပါဘူး။ ဥရောပသမဂ္ဂက အခြားသံအမတ်တွေကလည်း လစ်သူယေးနီးယားဘက်ကရပ်တည်ကြောင်း လစ်သူယေးနီးယားသံအမတ်ကြီးပေကျင်းမြို့ကနေမထွက်ခွာခင်မှာ စုရုံးပြသခဲ့တယ်လို့ဆိုပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

?? အာဖကန်ကိုဖြတ်တိုက်ခဲ့တဲ့ဆိုက်ကလုံး

 798 Pageviews

 798 Pageviews ပုံထဲမှာ အာဖကန်မူဂျာဟစ်ဒင်တစ်ယောက်က ဆိုဗီယက် Mi-24D ဟယ်လီကော့ပတာကိုပစ်ချနေပါတယ်။ အာဖကန်သမိုင်းကြောင်းအကြမ်းဖျင်း time line လေးရေးပေးပါမယ်။ ဘာမှမရှိတဲ့ အာဖကန်မြေကို ဗြိတိသျှတွေ၊ ဆိုဗီယက်တွေ၊ အမေရိကန်တွေဝင်ရောက်ကြည့်ခဲ့ကြပါတယ်။ ဝင်ကြည့်ခဲ့တဲ့ သုမနတို့ရဲ့ကျောတိုင်းမှာ အရှိုးရာတွေထင်ခဲ့တာချည်းပါပဲ။ ၁၉ ရက် ၈ လ ၁၉၁၉ မှာ ဗြိတိသျှတို့နဲ့စစ်ပြေငြိမ်းပြီး အာမန်နျူလာခန်ဟာ ဘုရင်အဖြစ်ခံယူခဲ့တယ်။ ၁၉၇၃ မှာ မိုဟာမက်ဒါဝတ်ခန်က သူ့ဝမ်းကွဲညီအကိုရှားဘုရင်ကို coup d’état လုပ်ကာ အာဏာတက်သိမ်းရာက အာဖကန်ဟာ ထောင်းလမောင်ကြေကာ လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရပါတယ်။ ? တိုင်းပြည်တစ်ပြည်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းတရားကတော့ အာဏာလိုချင်လို့ အာဏာသိမ်းတဲ့စိတ်ဓာတ်နဲ့ အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့လုပ်ရပ်ပါပဲ။ ၁၉၇၉ ဒီဇင်ဘာ ၂၄ ခရစ်စမတ်အကြိုညမှာဆိုဗီယက်တွေဝင်ပါတယ်။ အာဖကန်ကို ကွန်မြူနစ်နိုင်ငံအဖြစ်ပြောင်းပေးကာ ဆိုဗီယက် USSR အင်ပါယာကြီးချဲ့ချင်တဲ့စိတ်နဲ့ပါ။ […]

ဆက်ဖတ်ရန်နှိပ်ပါ။

?? ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ #လူထောင်ပေါင်းများစွာဆန္ဒပြခဲ့ပါတယ်။

 251 Pageviews

 251 Pageviews ယနေ့ဆန္ဒပြမှုဟာ ဒီနှစ်ထဲမှာ ထိုင်းမှာအကြီးမားဆုံးသော ဆန္ဒပြမှုတစ်ခုထဲမှာပါတယ်လို့ ရိုက်တာသတင်းဌာနကဆိုပါတယ်။ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ပရာယွတ်နှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပြီး သူနှုတ်ထွက်တဲ့အထိ #နေ့တိုင်းဆန္ဒပြမယ်လို့ဆိုပါတယ်။ ကျနော့်အမြင်အရ ထိုင်းမှာ လူထုမကျေနပ်မှုဟာ ပေါက်ကွဲထွက်စပြုနေပြီး ရပ်တန့်နိုင်ဖို့မလွယ်တော့ဘူးလို့ မြင်ပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။

? အလူမီနီယံနဲ့ စတိန်းလက်စတီး သတ္တုပစ္စည်းထည်တွေ #ဈေးခုန်တက်သွားပါလိမ့်မယ်။

 718 Pageviews

 718 Pageviews မနေ့ကတနင်္လာနေ့မှာ CNIA (China Nonferrous Metals Industry Association ) က အစည်းအဝေးလုပ်ပြီးတော့ အလူမီနီယမ်သတ္တုကုန်ကြမ်းဟာ လက်မခံနိုင်လောက်အောင်ဈေးခုန်တက်သွားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါဟာ ၁၃ နှစ်အတွင်းအမြင့်ဆုံးဈေးခုန်တက်မှုပါ။ သတ္တုပစ္စည်းတွေဈေးခုန်တက်တိုင်း အကြောင်းရင်းကို ကျနော်သတိထားကြည့်မိပါတယ်။ (၁) ကုန်ကြမ်းဈေးတက်လို့၊ (၂) အစိုးရပေါ်လစီကြောင့်၊ အလူမီနီယံတင်မက လွန်ခဲ့တဲ့ တစ်လလောက်ကပဲ စတိန်းလက်စတီးတွေဈေးခုန်တက်ကြောင်း ကျနော့်အသိကပြောပါသေးတယ်။ ဩစတေးလျကတင်သွင်းတဲ့ သတ္တုရည်ပုံလောင်းရာမှာသုံးတဲ့ သဲကဈေးအတော့်ကို ခုန်တက်သွားသတဲ့။ ၂၀၁၆ – ၂၀၁၇ မှာ ကျနော်သတိထားမိတာက တရုတ်အစိုးရရဲ့ Blue Sky Initiative ကြောင့် သတ္တုပုံလောင်းနဲ့ သတ္တုအရည်ကြိုလုပ်ငန်းတော်တော်များများ လုပ်ငန်းလျော့ချခဲ့ကြရပါတယ်။ အဲ့ဒီတော့ဈေးတက်ကုန်ပါတယ်။ တံခါးလက်ကိုင်လို အလူမီနီယံထည်တွေအတွက်က အလူမီနမ်ဘလောက်တုံးတွေကိုသုံးရပါတယ်။ (ကျနော်ပထမဦးဆုံးစာစရေးမယ်လို့တွေးထားတဲ့စာအုပ်ဟာ သတ္တုအရည်ကြိုလုပ်ငန်းအကြောင်းစာအုပ်ပါ။ တနေ့နေ့တော့ အဲ့ဒီအကြောင်းရေးပါမယ်။) အဲ့ဒီဘလောက်တုံးတွေကို […]

ဆက်ဖတ်ရန်နှိပ်ပါ။

Apple ဟာ iphone တွေမှာ ?️ အရေးပေါ်ဂြိုလ်တုဆက်သွယ်ရေး Feature ပါဖို့လုပ်ဆောင်နေပါတယ်တဲ့။

 765 Pageviews

 765 Pageviews မိုဘိုင်းဆက်သွယ်ရေးစနစ် ပြတ်တောက်သွားတဲ့ အခြေအနေ (၂) ရပ်မှာ အဲ့ဒီဂြိုလ်တုဆက်သွယ်ရေးစနစ်ကိုသုံးနိုင်မယ်လို့ဆိုပါတယ်။ (၁) မိုဘိုင်းဆက်သွယ်ရေးစနစ် signal လုံးဝမရတော့တဲ့အချိန်မျိုးမှာ Messages app တစ်ခုကနေ (ဒါမှမဟုတ်) iMessage ကိုသုံးပြီး မက်ဆေ့ပို့နိုင်မယ်လို့ ဆိုပါတယ်။ (၂) လေယာဉ်ပျက်ကျလို့ (ဒါမှမဟုတ်) မီးလောင်ခြင်းစတဲ့ သဘာဝဘေးဒဏ်နဲ့ကြုံရပြီး signal ပြတ်တောက်နေခဲ့ရင် 911 လို အရေးပေါ်လိုင်းတွေကို ဂြိုလ်တုကတဆင့် သတင်းပို့နိုင်မှာဖြစ်ပါတယ်။ ဖုံးသုံးနေသူရဲ့နေရာနဲ့ ကျန်းမာရေးအချက်အလက် Medical ID တွေကို သတင်းပို့နိုင်မှာဖြစ်ပါတယ်။ သို့သော် အခု feature ကို ဒီနှစ်ထဲမှာတော့ မရနိုင်သေးဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု feature အမြန်ရလာဖို့ ကျနော်ကတော့ဆုတောင်းနေပါတယ်။

ဆက်ဖတ်ရန်နှိပ်ပါ။